နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Wednesday, May 13, 2009

မပြတ်သောသတိဖြင့် စိတ်ဖိစီးမှုကိုပယ်သတ်ခြင်း (Mindfulness Based Stress Reduction; MBSR)ပညာ

လူတွေမှာ ၊ လိုချင်တပ်မက်တဲ့စိတ် (လောဘ) အလိုမကျမကျေနပ်ရန်လိုတဲ့စိတ်(ဒေါသ) အမှန်ကိုမသိနားမလည်တွေဝေတဲ့စိတ်(မောဟ)ဆိုတာတွေ မွေးကတည်းကပါလာကြပါတယ် ။ အလ္လာရှင်ကိုယ်တော်မြတ်ကြီးက ထည့်ပေးလိုက်တာပေါ့ခင်ဗျာ ။
သို့ပေမယ့် အဲသည်တရားတွေဟာ ၊ ရာသက်ပန်ခိုင်မြဲနေတဲ့တရား ၊ မပြောင်းမလွဲ ခိုင်မာစွာရှိနေတဲ့တရားမဟုတ်ဘူးဗျ ။ မိမိရဲ့သဘောအလျောက် လျှော့ပါးသွားအောင် ၊ တစ်ဖြည်းဖြည်းအလေ့အကျင့်ဖြစ်လာတာနှင့်အမျှ လုံးဝကင်းစင်သွားတဲ့အထိ လေ့ကျင့်ယူလို့ရတဲ့တရားတွေပဲဖြစ်ပါတယ် ။
စာရှုသူမိတ်ဆွေ ခင်ဗျား ။
ကိုယ်တွင်းရှိ ၊ အထက်ဖော်ပြပါ အရှိတရား ၃ပါးကို ၊ စာရှုသူ မိတ်ဆွေအနေဖြင့် ၊
- နည်းနည်းလျှော့နိုင်လျင် နည်းနည်းချမ်းသာကိုရပြီး ၊ များများလျှော့နိုင်လျင် များများချမ်းသာကိုရစေမှာ မလွှဲအမှန်ပါ။
- အကြွင်းမဲ့ ဖယ်ရှင်းနိုင်လျင် ၊ အကြွင်းမဲ့ချမ်းသာကိုရစေမည်ဟု သကျဆရာကြီးက အာမခံထားပါတယ်။

လူတိုင်းစမ်းကြည့်လို့ရတဲ့တရားတွေပါ ။ ကိုယ့်ဟာကိုယ်စမ်းကြည့်လို့လည်းရပါတယ် ။ အခုလုပ်ကြည့်အခုသိရမယ့် တကယ့်လက်တွေ့ကျတဲ့ ပကတိအရှိတရားပါ ။
စာရှုသူ မယုံလျင် အခုစမ်းကြည့်လိုက်ပါ ။ သည်လိုစမ်းကြည့်ကာမျှဖြင့် စိတ်ဆိုးမည့်သူ ၊ သဘောမတူမည့်သူရှိမည်မထင်ပါ ။ (ဟဲဟဲ ၊ ငါ့စကားမှ အမှန်တရားဟေ့ ၊ သူများပြောတာမယုံကြလေနှင့် ဆိုသူများအဖို့တော့ မတတ်နိုင်ပါ။)။
အဲသည် ၊ အကြွင်းမဲ့ချမ်းသာရာချမ်းသာကြောင်း နည်းလမ်းအမှန်ကို ကိုယ်တိုင် ဖော်ထုတ်သိရှိသူကို ဗုဒ္ဓလို့ခေါ်သတဲ့ဗျ။ စီနီယာအလ္လာဟ်ရဲ့အလိုအရဆိုလျင် ၊ အလ္လာဟ် အရှင်မြတ်ထည့်ပေးထားတော်မူသည့် မကောင်းစိတ်များကို အကြွင်းမရှိ ပယ်နှုတ်တော်မူသော အရှင်လို့လည်း အဓိပ္ပါယ်ဖွင့်နိုင်သပေါ့ခင်ဗျာ ။

အခုတင်ပြမယ့် ၊ နည်းပညာကိုတော့ အမေရိကန် နာမည်ကြီး တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ (the University of Massachusetts) က ပညာရှင် Dr. Jon Kabat-Zinn ထုတ်ဖော်တင်ပြခဲ့တာပါ ။ ကမ္ဘာအရပ်ရပ်ရှိ ဆေးရုံ ၊ ဆေးခန်းနှင့် တက္ကသိုလ်ကြီး (some 200 hospitals, clinics, and universities worldwide) တွေမှာတောင် မပြတ်သောသတိဖြင့် စိတ်ဖိစီးမှုကို ပယ်သတ်ခြင်း ပညာရပ်အဖြစ် လေ့ကျင့်သင်ကြားနေကြပါပြီ ။
နောက်ပြီး လူတွေမှာ ကိုယ့်အယူအဆ ကိုယ့်အတွေးအခေါ်နှင့် ဓလေ့ထုံးစံတွေကို စွန့်ပယ်ရမှာ ၊ သူများအတွေးအခေါ် အယူအဆကို လက်ခံရမှာ ဝန်လေးနေတဲ့ စိတ်(မာန) ဆိုတာလေးလည်း ရှိသေးသဗျ ။ (အဲဒါကြီးကိုလည်း အလ္လာဟ်အရှင်က ထည့်ပေးထားတာပေါ့ခင်ဗျာ ။ ) ဒါကြောင့်ထင်ပါ့ဗျာ ။ ဗုဒ္ဓ၏ သမထကျင့်စဉ်လို့နာမည်မတပ်ရဲကြပဲဖြစ်နေကြပါတယ် ။ အခြားတံဆိပ်တစ်ခုတပ်လိုက်ကြပါတယ် ။ မပြတ်သောသတိဖြင့် စိတ်ဖိစီးမှုကိုပယ်သတ်ခြင်း(Mindfulness Based Stress Reduction; MBSR) ပါတဲ့ခင်ဗျာ ။
ဘာပဲဖြစ်ဖြစ် သူ့အမျှော်အမြင် အယူအဆကိုတော့ လေးစားရမှာပေါ့ခင်ဗျာ ။
စာရှုသူမိတ်ဆွေ ၊ ဘယ်ဘာသာဝင်ဖြစ်ဖြစ် စိတ်သန့်သန့်နှင့်လေ့ကျင့်လို့ ၊ စမ်းကြည့်လို့ရသွားသပေါ့ဗျ။ အခြားသောဘုရားရဲ့အယူလို့ တံဆိပ်တပ်မထားတော့ အလ္လာဟ်ကြီးလည်း စိတ်ဆိုးစရာ ၊ ဒဏ်ခတ်စရာမလိုတော့ဘူးပေါ့ ခင်ဗျာ ။
အဲသည် ပညာရဲ့ အကျိုးအာနိသင်ကနည်းနည်းနောနောမဟုတ်ဘူးနော ၊ ကြည့်လိုက်ကြပါဦး -
Chronic Pain
Stress
Anxiety and Worry
Chronic or Life-Threatening Medical Illnesses
Depression
Relationship Difficulties
Problems with Substances
Sleep disturbance
Hypertension
Headaches
Grief and Loss
မနည်းမနောပါလားနော် ။ ကမ္ဘာ့ခေတ်မီ တက္ကသိုလ်ကြီးများမှာ ဒေါက်တာဘွဲ့ရဆိုတဲ့ဆရာ့ဆရာကြီးများက အတည်ပြုလက်ခံပြီး ၊ လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားပေးနေကြတာနော် ။ မိတ်ဆွေ စိတ်ဖိစီးလို့ မပျော်နိုင် မရွှင်နိုင်ဖြစ်နေသလား ။ စိတ်ဖိစီးမှုဖြေဖျောက်ဖို့ ဘီယာဆိုင်နှင့် ပခြုပ်ဆိုင်တို့ဆီကိုသာ သွားဖို့စိတ်ကူးနေပါသလား ၊ စိတ်တင်းကြပ်မှုဖြေပျောက်ဖို့ မိန်းမတစ်ယောက်ပြီးတစ်ယောက်ယူဖို့ စိတ်ကူးနေပါသလား ။ သူများလင်နှင့် တိတ်တိတ်ပုံး နှစ်ပါးသွားဖို့ စိတ်ကူးနေပါသလား ။ မနက်ဖြန်ချမ်းသာနိုးနိုး မျှော်လင့်ချက်ဖြင့် ၂လုံး ၃လုံးထိုးဖို့သာ စိတ်ကူးနေပါသလား ။ ဒါမှမဟုတ် ထိုင်းနယ်စပ်ထွက် ဒုက္ခသည်လျှောက်ပြီး အမေရိကန်ရောက်ဖို့သာ စိတ်ကူးနေပါသလား ။ စိတ်ဖိစီးမှု မသက်သာသည့်အပြင် ၊ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလိုသာ ဖြစ်နေပါလိမ့်မည် ။
စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးရေးအတွက် ၊ စိတ်ချမ်းသာမှုရဖို့အတွက် ၊ သေသည့်အချိန်ထိ ၊ နောင်ဘဝဆိုတာကို စောင့်ဆိုင်းနေစရာမလိုသလို ၊ စစ်တိုက်ဖို့လည်း မလိုအပ်ပါ ။
အသေခံဘုံးခွဲတိုက်ခိုက်ဖို့မလိုသလို ၊ အလ္လာဟ်ရှင်မြတ်ဖန်တီးပေးထားသော လိင်အင်္ဂါများကို လှီးဖြတ်ရန်လည်းမလိုအပ်ပါ ။

ဒီနည်းလေးစမ်းကြည့်လိုက်ပါ ။ ဘာပိုက်ဆန်မှ ကုန်စရာမလိုပါ ။ စာအုပ်ဝယ်ဖတ်လို့လည်း သိနိုင်ပါသည် ၊ စံနစ်တကျသိလို တတ်လိုလျင် နည်းစပ်ရာ ၊ သကျတပည့်အစစ်အမှန်များထံတွင် နည်းယူလိုက်ပါ ။ ( မိတ်ဆွေတို့ တွေ့နေကျ ၊ ဘုန်းကြီးတု ဘုန်းကြီးယောင်များ ၊ သီလမရှိ ၊ သမာဓိမသိ ၊ ပညာမဆောင် ရဟန်းယောင်များ နောက်လိုက်လျင်တော့ တာဝန်မယူပါ ။)
စမ်းကြည့်လိုက်ပါမိတ်ဆွေ ။ ရှက်ရွံ့နေဖို့မလိုပါ ။
မိမိကိုယ်တိုင် လုပ်ယူရသောနည်းများဖြစ်ပါသည် ။ ဆုတောင်းနေ၍ မရပါ ။ ကိုယ်လုပ်မှ ကိုယ်ရသော နည်းများဖြစ်ပါသည် ။
ယခုလုပ်ကြည့် ယခုသိရမည့် မုချအရှိတရားများဖြစ်ပါသည် ။

သကျတပည့်တစ်ဦးဖြစ်သူ ၊ ဆရာတော် ဦးဇောတိက (အင်ဂျင်နီယာဆရာတော်) ကတော့ “ စိတ်ချမ်းသာဖို့လိုရင်းပါ ” စာအုပ်တွင် အောက်ပါအတိုင်းအမိန့်ရှိထားပါသည်-
===========
ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ် ။
(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။

ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ
တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။
ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ
Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။
ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။
မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။

(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား
စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။

(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ
ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ
မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ
ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။
ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ
ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း
ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။
ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး
စိတ်ချမ်းသာနိုင်တယ်။

(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။
လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။
(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ
သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်
စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။
ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်
ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ
အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင်
ဖြေရှင်းရတာကို သဘောကျတယ်။
=========
ဘာကျင့်စဉ်မှ မပါသေးပါ ။ စိတ်သဘောထားတတ်ဖို့အပိုင်းလေးသာဖြစ်ပါသည် ။ ဘယ်သူ့ကိုမှ ခယညွတ်တွား ၊ တောင်းပန် ရိုကျိုး ဦးချဖို့လည်း မလိုသောကိစ္စဖြစ်ပါသည် ။

အမှန်တရားကို လက်ခံနိုင်စွမ်းသတ္တိရှိသော ၊ အစ္စလာမ်သာသနာဝင်များ ဖြစ်ကြပါစေ ။

လေးစားမှုဖြင့်-
ဟာဂျီဝက်စ်လီ

မူရင်းစာတွေကို ဖတ်လိုလျင် ၊ ဟောဒီမှာ ဗျို့-

1. http://en.wikipedia.org/
2. .http://www.osher.ucsf.edu/public/meditation.html#faculty
3. http://mindfulness.ucsd.edu/mbsr.htm
4. http://www.umassmed.edu/Content.aspx?id=43112
5. http://www.umassmed.edu/Content.aspx?id=41254&LinkIdentifier=id
6. http://www.mbsrfresno.com/mbsr.htm
7. http://www.mbsr-nyc.com/htm_c/mbsr_c.htm
8. http://www.mbsrtoronto.com/
9. http://www.highbeam.com/doc/1P3-1224495731.html
10. http://www.mindfuliving.org/MBSR.html#facilitator

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-