နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Tuesday, May 12, 2009

ဘက်ဟမ်းဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူ

ဒေးဗစ်ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်းသိရသည်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်တွင် သားသုံးဦးနှင့်အတူ နေထိုင်လျက်ရှိသော ဘက်ဟမ်းတို့ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာအား နှစ်နှစ်ကာကာယုံကြည်ပြီး ယခုအခါ နံနက်တိုင်းတွင် ဘုရားဝတ်ပြုကာ အလွန်အလုပ်ရှုပ်ပြီး ဗာဟီရကိစ္စများပြားသော ၎င်းတို့၏ လူနေမှုဘ၀တွင် အေးချမ်းမှုရရှိအောင် ဆုတောင်းလျက်ရှိကြသည်။ အတွင်းသတင်းတစ်ခု၏အဆိုအရ ကယ်လီဖိုးနီးယား ယဉ်ကျေးမှုနှင့် လုံးဝအသားကျနေပြီဖြစ်သော ဘက်ဟမ်းမောင်နှံမှာ ယခင်က ဘက်ဟမ်းဒူးဒဏ်ရာခံစားခဲ့ရစဉ်က ဝေဒနာမှသက်သာစေရန် ယောဂကျင့်စဉ်အား လေ့လာလိုက်စားခဲ့ပြီးနောက်ပိုင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေသည့် ဗုဒ္ဓ၏လမ်းစဉ်များကို လက်ခံယုံကြည်ပြီး ကိုးကွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဘက်ဟမ်းတို့မောင်နှံမှာ မနက်တိုင်း (၅)မိနစ်မျှ ဘုရားဝတ်ပြုကြပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ ပညာဥာဏ်နှင့် ပြည့်ဝပါစေကြောင်း စသဖြင့် တောင်းဆုပြုနေကြသည်ဟုဆိုသည်။ ထို့အပြင် ဗစ်တိုးရီးယားဘက်ဟမ်းက အစာစားရာတွင် သတိနှင့်ခြုံငုံဆင်ခြင်ပြီး တရားအမှတ်နှင့် စားသောက်သည့် အကျင့်မျိုးကို သူမ၏ကျန်းမာရေးအတွက် အလေ့အကျင့်ပြုလုပ်သွားမည်ဟု ၀န်ခံသွားသည်။ ဗြိတိန်နိုင်ငံထုတ် Look မဂ္ဂဇင်းကြီးတွင် ရေးသားဖော်ပြထားချက်အရ အသက်(၃၄)နှစ်အရွယ် Spice Girls အဖွဲ့ဝင်ဟောင်းသည် မဟာဗောဓိ စာအုပ်ဆိုင်မှ တရားအမှတ်နှင့် စားသောက်မှုပုံစံအကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်ကို ဒေါ်လာရာဂဏန်းမျှနှင့် ၀ယ်ယူလေ့လာနေကြောင်း သိရသည်။ ထို့အပြင် ဘက်ဟမ်းမောင်နှံမှာ ဗုဒ္ဓလမ်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေရန် တရုတ်ရိုးရာ ဖန်ရှူး ဓမ္မဆရာများထံ နည်းယူဆည်းကပ်သွားမည်ဟု ဆိုသည်။ ၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်း၏အဆိုအရ ဘက်ဟမ်းတို့မှာ ဖန်ရှူး ဓမ္မလမ်းစဉ်များကို ကျင့်သုံးခြင်းဖြင့် ဒေးဗစ်ဘက်ဟမ်းအနေဖြင့် ဘောလုံးကွင်းအတွင်း ပိုမိုအောင်မြင်မှုရရှိမည်ဖြစ်သလို လူနေမှုဘ၀တွင်လည်း ပျော်ရွှင်ချမ်မြေ့မှု သုခကိုခံစားရမည်ဟု ယုံကြည်လျက်ရှိကြောင်း သိရှိရသည်။


Ref:
http://www.planet.com.mm/news/?linkpage=desc&id=10536

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-