နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့
အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။
ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။
သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)
မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။
Wednesday, November 14, 2012
Tuesday, November 6, 2012
ကျောက်ဖြူ ဘင်္ဂါလီဆူပူမှု ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ ဒေသခံလေးဦး၏ ဖြေဆိုချက်များ
by Coral Arakan News Agency on Saturday, 3 November 2012 at 22:14 •
By Mra Wah။ ကျောက်ဖြူ ၊ ၀၄ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ အင်တာဗျူး ]
(ကျောက်ဖြူမြို့တွင် ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့နှင့် (၂၃)ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီဆူပူမှု မီးရှီု့မှုများအပြီး နိုဝင်ဘာလ နှစ်ရက်နေ့က Coral Arakan သတင်းအဖွဲ့သားများ ကျောက်ဖြူမြို့သို့သွားသွားရောက်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဖြူမြို့ဒေသခံ လေးဦးအား ကိုယ်တွေ့မေးမြန်းခဲ့ပါသည်။ ၄င်း ဒေသခံလေးဦးတို့မှာ အလယ်တန်းပြဆရာမတစ်ဦး ၊ အသေးစားကန်ထရိုက်တာတစ်ဦး ၊ အင်္ကျံဆိုင်ပိုင်ရှင်တစ်ဦး နှင့် ကျောက်ဖြူအခြေစိုက်သတင်းထောက် တစ်ဦးဖြစ်ပါ သည်။)
Coral Arakan ။ ဘယ်နေ့က ပြဿနာ စဖြစ်တာလဲ ခင်ဗျား။
ဒေသခံ များ။ (၂၀၁၂ အောက်တိုဘာ) ၂၂ ရက်နေ့က စဖြစ်တယ် လို့ပြောလို့ရပါတယ်။
Coral Arakan ။ အဲဒီနေ့က ဘယ်လို စဖြစ်တာလဲ။
ဖြေ ။ ညဥ့်တစ်နာရီလောက်မှာ အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ဗလီ(ဟောင်း)တစ်ခုကို မီးလောင်ပါတယ်။ အနီးအနားကလူတွေ(ရခိုင်တွေ) လိုက်သွားကြတော့ ကုလားလေး သုံးယောက် ပြေးထွက်လာတာကို တွေ့ရလို့ လိုက်ဖမ်းကြတယ်။ နှစ်ယောက်က လွတ်သွားတယ်။ တစ်ယောက်တော့ အိမ်သာထဲကို ပြေးဝင်ပုန်းတာနဲ့ ဖမ်းမိလိုက်ပါတယ်။ နည်းနည်းပါးပါး စစ်မေးကြတော့ သူတို့ သုံးယောက် မီးရှို့ကြတာ လို့သိရပါ တယ်။ ဒါနဲ့ သူ့ကို ရဲစခန်း ပို့လိုက်ကြတယ်။
Coral Arakan ။ ညဥ့်တစ်နာရီလောက်ဆိုတော့ တကယ်ဆို (၂၃)ရက်နေ့ဘက်ကို ကူးသွားပြီလို့ ဆိုလို့ရတာပေါ့။
ဖြေ ။ ဟုတ်ပါတယ်။ ရမှာပေါ့။
Coral Arakan ။ တစ်ခုလောက်မေးကြည့်ဦးမယ်။ ဗလီဆိုတာ မူဆလင်တွေ အထွဋ်အမြတ်ထားတဲ့ နေရာပါ။ အဲဒီလိုနေရာမျိုးကို သူတို့ဘာသာ သူတို့မီးရှို့တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ကျွန်တော် နည်းနည်းလောက် ရှင်းပြပေးပါမယ်။ ပထမတစ်ချက်က အဲဒီအနောက်ပိုင်းရပ်ကွက်ထဲက ဗလီဟာ ဗလီအစစ်မဟုတ်ပါဘူး။ အရင်က လူနေခဲ့တဲ့အိမ်။ နောက်မှ ဗလီဆိုပြီး သူတို့ဘာသာ သူတို့ပြောင်းလဲလိုက်တာ။ တရားဝင်ဘာသာရေးဆိုင်ရာ ခွင့်ပြချက်တွေမရှိတဲ့အတွက် ဖျက်သိမ်းမိန့် ချမှတ်ထားတဲ့ ဗလီ(အဆောက်အအုံ)ပါ။ နောက်ပြီးတော့ အဲဒီဗလီအနီးအနားပတ်လည်မှာ ရခိုင်အိမ် တွေ ချည်းပါပဲ။ ရပ်ကွက်ကလည်း ရခိုင်ရပ်ကွက်ပါ။ အစိုးရိမ်ရဆုံးကိစ္စတစ်ခုက အဲဒီဗလီနဲ့ ဖင်ချင်းကပ်ရက်မှာ ဓါတ်ဆီရောင်းတဲ့ အိမ်တစ်အိမ်ရှိနေတာပါပဲ။ တကယ်လို့ အဲဒီအိမ်ကိုသာ မီးကူးသွားခဲ့မယ်ဆိုရင် မတွေးရဲစရာပါပဲ။ ရပ်ကွက်တစ်ခုလုံး ပြာကျသွားမှာ သေချာတယ်။ နောက်ပြီးရင် တစ်မြို့လုံးကို မီးဆက်ကူးမှာလည်း အသေအချာပါပဲ။ သူတို့က အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်ကြတာပါ။
Coral Arakan ။ ပြီးတော့ ဘာတွေ ဆက်ဖြစ်ကြသေးသလဲ။
ဖြေ ။ ရပ်ကွက်က လူတွေ ကြိုးစားပြီး မီးငြိမ်းသတ်ကြပါတယ်။ မီးသတ်ကားလည်း ရောက်လာတယ်။ မီးသတ်စခန်းနဲ့ နီးတဲ့အတွက် ကံကောင်းသွားတယ် လို့ ပြောရမှာ ပေါ့။ အဲဒါပြီးရင် ကျွန်တော်တို့လည်း မိုးလင်းတဲ့အထိ မအိပ်ပဲ ကင်းစောင့်နေကြရတယ်။ နောက်တစ်နေ့ ည ရှစ်နာရီလောက်မှာ (ကုလားအများစု နေထိုင်ရာ) ပိုက်ဆိပ်ဘက်က မီးစလောင်ပြန်တယ်။
Coral Arakan ။ နောက်တစ်နေ့ဆိုတာ (၂၃)ရက်နေ့ကိုပဲ ပြောတာလား။
ဖြေ ။ ဟုတ်ပါတယ်။
Coral Arakan ။ ဘယ်လိုဖြစ်ကြတာပါလဲ ခင်ဗျ။
ဖြေ ။ အဲဒီနေ့က ဥပုသ်နေ့ဗျ။ မြို့ထဲက လူတော်တော်များများ ဘုန်းကြီးကျောင်းတွေကို ရောက်နေကြတယ်။ အဲဒီနေ့နံနက် (၁၁)နာရီလောက်မှာ ဆားပြင်ကွင်းရပ်ကွက်ထဲကို ကုလားလေးတစ်ယောက် ဓါတ်ဆီပုလင်းတစ်လုံးကိုင်ပြီးတက်လာတယ်။ အဲဒါကို အနီးအနားက ရခိုင်တွေကမြင်လိုက်တော့ ကုလားလေးကို ၀ိုင်းဖမ်းကြတယ်။ ပြီးတော့ ရဲတွေလက်ထဲကို အပ်လိုက်ကြတယ်။ အဲဒီကတည်းက အခြအနေက မတည်မငြိမ်နဲ့ လှုပ်လှုပ်ရွရွဖြစ်နေတယ်။ ညပိုင်း ရှစ်နာရီလောက်မှာ သံချောင်းခေါက်သံတွေ ကြားတယ်။ ကျွန်တော်တို့ ထကြည့်တော့ ရခိုင်ပိုက်ဆိပ်ကို မီးလောင်နေပြီ။ လာလု ဆိုတဲ့ ကုလားက သူတို့အိမ်နဲ့ ကပ်လျက် ရခိုင်အိမ်ကို မီးစရှို့တာ။ (လှုပ်ရှားတိုက်ခိုက် နေကြတဲ့) ကုလားတွေက ခေါင်းပေါင်းအဖြူတွေ ပေါင်းထားတယ် လို့ ပြောကြတယ်။ အဲဒီ (မီးရှို့ခံရတဲ့)အိမ်က အမျိုးသမီးက အနီးအနားက ရခိုင်တွေကို အကူအညီ တောင်းတော့ မီးလောင်တဲ့အိမ်ကို ရခိုင်တွေ ၀ိုင်းလာကြတယ်။ အဲဒီအချိန်မှာ ကုလားတွေက ဂျင်ဂလိနဲ့ပစ်တော့ အနားကို ဘယ်သူမှ ကပ်လို့မရတော့ဘူး။ ကုလားတွေက မီးကွင်းတွေနဲ့ ပစ်ကြတယ်။ ပြီးမှ ဓါတ်ဆီပုလင်းတွေနဲ့ ပစ်ကြတယ်။ ရခိုင်တွေ ရှေ့ကို နည်းနည်းတိုးတော့ ဓါးတွေနဲ့ လိုက်ခုတ်ကြတယ်။ ပြန်ပြီးနောက်ဆုတ် ကြရတယ်။ ပထမတော့ အိမ်ခေါင်တွေကို လောင်နေတာ။ နောက်မှ ကုလားတွေက ကိုယ်တိုင် တက်လာပြီး အိမ်ထဲကို ဓါတ်ဆီပုံးတွေနဲ့ လောင်းထည့်ကြတယ်။ အဲဒီအချိန်ကျမှ တစ်အိမ်လုံးကို မီးစွဲတယ်။ ပြီးမှ ဘေးနားက အိမ်တွေကို မီးကူးသွားတာ။
Coral Arakan ။ မီးကွင်းတွေကို ဘယ်လို ပုံစံနဲ့ ပစ်ကြတာလဲ ခင်ဗျ။
ဖြေ ။ ကြိုးစတွေနဲ့ လွှဲပြီး ပစ်ကြတာပါ။ အဲဒီမီးကွင်းတွေထဲမှာ သံလိုက်ပြားတွေ ထည့်ထားတယ်။ အပြင်ကမှ အ၀တ်နဲ့ ပတ်ထားတာပါ။
Coral Arakan ။ ကုလားအိမ်တွေကျတော့ ဘယ်လို စလောင်တာပါလဲ ခင်ဗျ။
ဖြေ ။ အပြန်အလှန် တိုက်ခိုက်ကြတာပေါ့။ မီးလောင်နေတဲ့ အိမ်တွေက အစတွေကို ဆွဲထုတ်ပြီး ကုလားအိမ်တွေဆီလှမ်းပစ်ကြတယ်။ ကုလားအိမ်တွေနဲ့ ရခိုင်အိမ်တွေက နီးနီးလေးတွေ။ ပြီးတော့ လေက ကုလားအိမ်တွေဘက်ကို ဦးတည် တိုက်လာတယ်။ ကုလားအိမ်တွေက ၀ါးအိမ်ကလေးတွေများတော့ မီးစွဲလောင်ဖို့ လွယ်တယ်။ သူတို့အိမ်တွေမှာက ဓနိနဲ့ အိမ်ခေါင်မိုးထားတာများတယ်။ ပြီးတော့ သူတို့အိမ်တွေကလည်း တစ်အိမ်နဲ့ တစ်အိမ် ပူးပူးကပ်ကပ်တွေ ချည်းပဲ။ ဒါနဲ့ သူတို့ဘက်ကို မီးစွဲတာ ပိုများသွားတယ်။
Coral Arakan ။ ဒီတော့ ဘယ်လို ဆက်ဖြစ်ကြသေးလဲ။
ဖြေ ။ သူတို့အိမ်တွေကို မီးစွဲတော့ ပင်လယ်ဘက်ကို ထွက်ပြေးကြတယ်။ ဘုတ်တွေနဲ့ ထွက်ပြေးကြတယ်။ ပင်လယ်ထဲဆင်းခါနီး သူတို့ငါးစင်တွေကို မီးရှို့ထားခဲ့ကြတယ်။
Coral Arakan ။ ငါးစင်တွေက သူတို့ပိုင်တာလား။
ဖြေ ။ ဟုတ်ပါတယ်။
Coral Arakan ။ သူတို့ ပိုင်တာတွေကို သူတို့က ဘာကြောင့် မီးရှို့ကြတာလဲ။
ဖြေ ။ ငါးစင် ဆိုတာ ငါးတွေကို အခြောက်လှမ်းဖို့အတွက် ၀ါးတွေနဲ့လုပ်ထားတဲ့ စင်ကလေးတွေပါ။ ဘာမှတန်ဖိုး ရှိတာမဟုတ်ပါဘူး။ အဲဒီအပေါ်မှာ အခြောက်လှမ်း ထားတဲ့ ငါးတွေပဲ ရှိမှာပါ။ သူတို့ထွက်သွားတော့ သူတို့ငါးတွေကို ရခိုင်တွေ မရစေချင်တာလဲ ပါမှာပေါ့။ နောက်ပြိးတော့ သူတို့ပိုင်တာတွေကို ရခိုင်တွေက မီးရှို့ဖျက်ဆီးပါတယ်လို့ ပြောနိုင်အောင်လည်း ပါမှာပေါ့။
Coral Arakan ။ ပင်လယ်ဘက်ကို ထွက်သွားတဲ့ ဘုတ်က ဘယ်နှစ်စီးလောက် ရှိသလဲ။
ဖြေ ။ အစီး ခြောက်ဆယ် လောက်တော့ ရှိမယ် ထင်ပါတယ်။ အဲဒီ စက်လှေတွေထဲက အရေအတွက် တော်တော်များများကို မော်လမြိုင်က မူဆလင်လုပ်ငန်းရှင် တစ်ယောက်ပိုင်တဲ့ “အောင်ဆုမွန်” တန်ကဲ (ငါးဖမ်းသင်္ဘော) တွေက ကယ်ဆယ် ယူပြီးတော့ မော်လမြိုင်နဲ့ မြန်မာပြည်မက တခြားနေရာတွေဆီမှာ ဘင်္ဂါလီ ဒုက္ခသည်တွေကို ပို့ဆောင်ဝှက်ပေးထားတယ် လို့လဲ ပြောကြပါတယ်။ အောင်ဆုမွန် မှာ ရခိုင်ကမ်းရိုးတမ်းမှာ ငါးဖမ်းနေတဲ့ တန်ကဲပေါင်း ဆယ့်ရှစ်စီးရှိပါတယ်။
Coral Arakan ။ ဒဏ်ရာရတဲ့ လူ အရေအတွက်က ဘယ်လောက်ရှိမယ် လို့ ထင်ပါ သလဲ။
ဖြေ ။ လူပေါင်း (၉၀)လောက် ဂျင်ဂလိမှန်ပါတယ်။ ဂျင်ဂလိထိတဲ့လူတွေထဲမှာ လည်ပင်းကို ထိတဲ့တစ်ယောက်က ခွဲခန်းထဲမှာ ခွဲထုတ်ရင်းကနေ သေပါတယ်။ မီးလောင်ဒဏ်ရာနဲ့ ဆေးရုံတက်နေရတဲ့ လူတွေရှိပါတယ်။
Coral Arakan ။ သေတာက ။
ဖြေ ။ လောလောဆယ် လေးယောက်လို့ စာရင်းရထားပါတယ်။ နောက်ပြီးတော့ ဒီလေးယောက်အပြင် ကုလားတွေနဲ့ အိမ်ထောင်ကျနေတဲ့ ရခိုင်အမျိုးသမီးတွေ ကုလားတွေနဲ့ အိမ်ထောင်ကျ နေတဲ့ ရခိုင်အမျိုးသားတွေကိုလည်း သူတို့က သတ်ပြီးမှ ပင်လယ်ထဲကို ဆင်းသွားပါတယ်။
“လုပ်ကုလား” လို့ ကျွန်တော်တို့ခေါ်တဲ့ ကုလား အိမ်ထောင်ဖက်ရခိုင်လူမျိုးတွေကို အကုန်လုံး သူတို့ သတ်သွားတယ်။ ဒါပေမဲ့ လုပ်ကုလားတွေရဲ့ သားသမီးတွေကိုတော့ သူတို့ ခေါ်သွားပါတယ်။ ရခိုင်အမျိုးသား လုပ်ကုလားတစ်ယောက်ဆိုရင် ပဋိပက္ခဖြစ်စဉ်အတွင်းမှာ ကုလားတွေအပေါ်မှာ သူရဲ့ သစ္စာစောင့်သိမှုကို ပြဖို့အတွက် ပိုက်ဆိပ်ရပ်ကွက်ထဲက ရခိုင်အမျိုးသား ဦးကြည်ဝင်း ငါးဒိုင်ကို သူ့လက်နဲ့ မီးရှို့ပြရပါတယ်။ မီးရှို့ပြီးတဲ့အခါကျမှ သူ့ကို ကုလားတွေက အသင့်စောင့်နေတဲ့ လူအုပ်စုနဲ့ ၀ိုင်းရိုက်သတ်လိုက်တယ်။ သူတို့(မူဆလင် ကုလားတွေ) ထွက်အသွားမှာ ပင်လယ်ထဲက ဘုတ်တွေပေါ်ကနေ ပိုင်းဖြတ်ထားတဲ့ (လုပ်ကုလား) ရခိုင်လူမျိုးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထောင်ပြသွား ကြတယ်။ အခု ဒုက္ခသည်တွေပါဆိုပြီး ဘုတ်တွေ စီးပြီး ဒုက္ခသည်စခန်းတွေကို ရောက်သွားတဲ့ ကုလားတွေပေါ့။ တကယ်တော့ အဲဒီဒုက္ခသည်တွေကြားထဲမှာ လူသတ်သမား တွေ ပါသွားပါတယ် ခင်ဗျ။
Coral Arakan ။ မီးသတ်ဌာနက ရော အားသွန်ခွန်စိုက် မီးငြိမ်းသတ်ဖို့လုပ်ပါသလား။
ဖြေ ။ လုပ်ပါတယ်။ ပြဿနာက ကုလားတွေက ရခိုင်တွေကိုရော လုံခြုံရေးတွေကိုပါ ဂျင်ဂလိနဲ့ ပစ်ရုံမက မီးသတ်တပ်ဖွဲ့ကို ပါ ဂျင်ဂလိနဲ့ ပစ်တာပါပဲ။ ရွာဟောင်းဂျာမေဗလီကြီး အပေါ်ဘက်ကနေ နေရာယူပြီးတော့ ဂျင်ဂလိမိုးရွာသလို ပစ်နေတာ မီးသတ်ရဲဘော်တွေရော ကျွန်တော်(သတင်းထောက်)ပါ မီးသတ်ကားကို အကာ အကွယ် ယူပြီး ရှေ့ကိုတက်ရတယ်။ ကုလားပိုက်ဆိပ်ရပ်ကွက်မှာက ကုလားအိမ်နဲ့ ရခိုင်အိမ်တွေက ကပ်နေကြတာ။ ကုလားအိမ်က မီးငြိမ်းပေးပါ လို့ လာအကူအညီ တောင်းတော့ ပိုက်ကို သူတို့အိမ်တွေဖက်ကို ရေပိုက်နဲ့ရေထိုးရတယ်။ ခဏနေတော့ ရခိုင်အိမ်တွေကို မီးစွဲနေပြီဆိုပြန်တော့ ရခိုင်အိမ်တွေဘက်ကို လှည့်ပြီး ရေပိုက်နဲ့ထိုး ရပြန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်လောက်ရေပိုက်နဲ့ထိုးထိုး ကုလားတွေက မီးကွင်းတွေနဲ့ အဆက်မပြတ်ပစ်နေတော့ မီးမငြိမ်းနိုင်ဘူး။ ခဏနေတော့ ရေပိုက်နဲ့ ထိုးနေရင်းကနေ ရေပိုက်ကနေ ရေထွက်မလာတော့ဘူး။ ဒါနဲ့ပိုက်တွေကို သွားကြည့် တော့ ရေပိုက်ကို ခုတ်ဖြတ်ထားတာကို တွေ့ရတယ်။ ဒါနဲ့ မလွယ်ကြောပဲ ဆိုပြီး ချက်ချင်းပြန်ထွက်ကြရတယ်။
စစ်တပ်က အရာရှိတစ်ယောက် ဂျင်ဂလိ ထိ လို့ဒဏ်ရာ ရခဲ့တယ်။ မီးသတ်ရဲဘော်တစ်ယောက်လည်း ဂျင်ဂလိ ထိတဲ့ဒဏ်ရာရတယ်။ ဂျာမေဗလီရှေ့က မီးသတ်ကားဖြတ်တဲ့အချိန်မှာ မီးသတ်ကားရဲ့ တစ်ဘက်ခြမ်းကို ဂျင်ဂလိတွေ ထောက်ထောက် ထောက်ထောက် နဲ့ အဆက်မပြတ်ထိနေခဲ့တာပေါ့။
Coral Arakan ။ ဥပမာမှားရင်လည်း သည်းခံပါနော်။ ဘောလုံးပွဲတစ်ပွဲကို ဥပမာထားပြီး ပြောရမယ်ဆိုရင် အခုအခြေအနေက ကုလားတွေဘက်က ဂိုးပြတ်ရှုံးသွားတဲ့ သဘောလို့ ဆိုချင်ဆိုနိုင်ပါတယ်။ ဒီလိုအခြေအနေကို ရောက်မယ်မှန်းသိလျက်သားနဲ့ ကုလားတွေက ဒီပြဿနာကို ဘာလို့စတာလဲ။ ဒါကိုကော ဘယ်လို ပြောချင် ပါသလဲ ခင်ဗျား။
ဖြေ ။ သူတို့ရှုံးလိမ့်မယ်လို့ ထင်ခဲ့ပုံမရပါဘူး။ သူတို့နိုင်လိမ့်မယ်လို့ တွက်ခဲ့ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကြိုတင်လုပ်ထားတဲ့ လက်နက်တွေရှိတယ်။ ဂျင်ဂလိတွေက တစ်ညဉ့်နဲ့ တစ်ရက် မိုးရွာသလို ပစ်တာတောင် မကုန်ဘူး။ ရခိုင်တွေက လောက်စာလုံးတွေနဲ့ ပြန်ပစ်နေရတဲ့အချိန်မှာ သူတို့ဘက်က ပုံစံတစ်မျိုးတည်းနဲ့ စနစ်တကျထုတ်လုပ်ထားတဲ့ ဂျင်ဂလိအရှည်ကြီးတွေနဲ့ မနားတမ်းပစ်နေခဲ့ကြတယ်။ သူတို့ဘက်မှာ ဓါးကိုင်ပြီး တက်ခုတ်တဲ့သူတွေတိုင်းမှာ သံဖြူပြား(အိမ်မိုးသွပ်ပြား) နဲ့ လုပ်ထားတဲ့ ဒိုင်းကာတွေ ကိုယ်စီပါကြတယ်။ ဒါက ကြိုတင်ပြင်ဆင်မှုအပိုင်း။ နောက်တစ်ခုက ဗျူဟာပိုင်းအရလည်း သူတို့ကြိုးစားခဲ့သေးတယ်။ သူတို့မှာ ဗျူဟာရှိ တယ်။
ကုလားပိုက်ဆိပ်က ကျောက်ဖြူမြို့ အရှေ့ဘက်အစွန်ဆုံးမှာရှိတာ။ ကျောက်ဖြူမြို့ ရဲ့မြောက်ဘက် ကမ်းတစ်ကြောမှာ ကုလားတွေနေတဲ့ သန်ပန်ချောင်းဆိုတဲ့ ရပ်ကွက်ရှိ တယ်။ နောက်ပြီးတော့ အနောက်တောင်ဘက်မှာ အရာရှိရပ်ကွက်မှာလည်း ကုလားတွေနေကြတယ်။ ဒီတော့ ကျောက်ဖြူမြို့အနေအထားကို ပြောရမယ်ဆိုရင် အလယ်သားမှာရှိနေတဲ့ ရခိုင်လူမျိုးတွေကို ကုလားတွေက ဖိုခနောက်ပုံစံသုံးပွင့်ဆိုင် ၀ိုင်းထားတာ။
ကျွန်တော်တို့ သိမီနိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင်
(တစ်) အရှေ့ဘက်အစွန်ဆုံးမှာရှိတဲ့ ကုလားတွေက မြို့ထဲက ရခိုင်တွေကို တိုက်ခိုက်နေမယ့် အချိန်မှာ
(နှစ်) မြောက်ဘက် သန်ပန်ချောင်းမှာရှိတဲ့ ကုလားတွေကလည်း မီးရှို့မှုကို လုပ်ရတော့မှာဖြစ်တယ်။
(သုံး) ဒီတော့ သန်ပန်ချောင်းကို မြို့ထဲကရခိုင်တွေက ပြန်ပြီး အာရုံစိုက်လာတဲ့အချိန်မှာ အရှေ့ဘက်ကုလားပိုက်ဆိပ်က ကုလားတွေက မြို့ထဲကို ၀င်ပြီး ရခိုင်တွေကို ခုတ်မယ်။
(လေး) အဲဒီအချိန်မှာ အရာရှိရပ်ကွက်ထဲက ကုလားတွေကလည်း လုပ်ငန်းစရတော့မှာ ဖြစ်တယ်။ အဲသလိုမျိုးသာဖြစ်ခဲ့ရင် ရခိုင်တွေဟာ အရူးမီးဝိုင်းသလိုဖြစ်သွားပြီး ကျောက်ဖြူမြို့ လည်း ပြာကျန်ရစ်ခဲ့မှာ ဖြစ်တယ်။ ရခိုင်သွေးတွေလည်း ဒလဟော စီးခဲ့မှာ ဖြစ်တယ်။
ဒါပေမဲ့ ကံကောင်းချင်တာက အရာရှိရပ်ကွက်က ကိုအင်္ဂလိပ် လို့ခေါ်တဲ့ ကုလားနဲ့ အခြား ကုလားတစ်ယောက်နှစ်ယောက်ဆီက မီးကွင်းတွေ အခုလေးငါးဆယ်စီနဲ့ တင်ကြိုပြီး ဖမ်းဆီးရမိနိုင်ခဲ့တယ်။ ဒီတော့ အရာရှိရပ်ကွက်မှာ ခေါင်းဆောင်ကုလား မဲ့ သွားခဲ့တယ်။ သန်ပန်ချောင်းကကုလားတွေက ရခိုင်တွေနဲ့ ပဋိပက္ခမဖြစ်ပဲ ငြိမ်းငြိမ်း ချမ်းချမ်းနေချင်တဲ့ ကုလားတွေရှိနေတယ်။ (ကျောက်ဖြူမြို့နယ်ရဲ့) ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီဝင် ကုလားတစ်ယောက်က ကုလားတွေကို ပဋိပက္ခဆီ ဦးတည် ဆောင်ရွက်မှု မပြုဖို့ သူတို့ကုလားတွေကို တတ်နိုင်သမျှ ဖြောင်းဖျနိုင်ဖို့ ကြိုးစားခဲ့တာ ရှိတယ်။ ကျောက်ဖြူ ရတပပါတီက ခေါင်းဆောင်တချို့ဆီကိုလည်း သူအမြဲ သတင်းပို့ ခဲ့တယ်။ ရခိုင်နဲ့ ငြိမ်းချမ်းစွာအတူ ယဉ်တွဲနေထိုင်လိုတဲ့ သဘောထားကို အမြဲ သူဖော်ပြ ခဲ့တယ်။ ဒါပေမဲ့ ကုလားတွေစတိုက်ကြမယ်ဆိုတော့ သူလည်း ဘယ်လိုမှ တားဆီးလို့ မရနိုင်တော့ပါဘူး။
အဲသည်နေ့ညက သူတို့စီစဉ်ထားတဲ့အတိုင်း ဖိုခနောက်ဆိုင် ကုလား တိုက်ခိုက်မှု ဖြစ်မလာခဲ့ဘဲ၊ သန်ပန်ချောင်း နဲ့ အရာရှိရပ်ကွက်က ကုလားတွေက အချိန်မီ မထကြွ နိုင်သေးတဲ့အချိန်မှာ အနီးအနားရွာတချို့က ရခိုင်လူမျိုးတချို့ တယ်လီဖုန်း သတင်းကြောင့် ကျောက်ဖြူကို လာရောက်ကာကွယ်ကြတာကြောင့် ကျောက်ဖြူမြို့ ပြာကျမသွားခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ဘက်မှာလည်း ပြဿနာလုပ်ချင်တဲ့သူ ရန်လုပ်ချင်တဲ့သူတွေရှိသလို အေးအေး ချမ်းချမ်း နေချင်တဲ့လူတွေလည်းရှိပါတယ်။
Coral Arakan ။ သူတို့တွေက ပြဿနာကို ဘာကြောင့်ဖန်တီးချင်ကြတာလဲ ခင်ဗျ။
ဖြေ ။ ရခိုင်ပြည်ရဲ့ မြောက်ဘက်အစွန်ဆုံးက ဘူးသီးတောင်နဲ့ မောင်တော မြို့နယ် နှစ်မြို့နယ် ကုလားတွေလက်ထဲကို လုံးလုံးရောက်လုနီးပါးအခြေအနေ ဘယ်လို ဖြစ်သွားရသလဲ ဆိုတာကို ပြောပြပြီး ရှင်းပြရပါမယ်။ ရခိုင်တွေ ခုနစ်ဆယ်ရာခိုင်နှုန်း ထက်မနည်းနေခဲ့ကြတဲ့ အဲသည်နှစ်မြို့နယ်မှာ မျိုးပွားနှုန်းမြန်တဲ့ ကုလားတွေက မျိုးပွားနှုန်းမြန်ရုံသက်သက်နဲ့ ဒီမြို့နှစ်မြို့ကို အပိုင်စီးလိုက်တာလား ဆိုတော့ မဟုတ်ပါ ဘူး။ ဥပဒေစိုးမိုးမှုမရှိသေးတဲ့ နယ်မြေလုံခြုံမှုမရှိသေးတဲ့ကာလတွေ လွတ်လပ်ရေး မရခင်ကာလ ၊ လွတ်လပ်ရေးရပြီးကာလ ၊ မူဂျာဟစ်သောင်းကျန်းမှု ကာလတွေ အတွင်းမှာ rob-rape-raze လို့ခေါ်တဲ့နည်းလမ်းအားဖြင့် ရခိုင်တွေ ကြောက်လန့်ပြီး မနေရဲအောင် ဓါးပြတိုက်မယ် မုဒိမ်းကျင့်မယ် ရွာလုံကျွတ်မီးတိုက်မယ်။ ဒီလိုနည်း အားဖြင့် ဒေသနေ တိုင်းရင်းသား တွေကို ကြောက်ရွံ့ထွက်ပြေးစေခဲ့တယ်။ ဒါ့အပြင် သူတို့ရဲ့ မျိုးပွားနှုန်းကလည်း တအားမြန်တော့ အခုဆိုရင် ကုလားလူဦးရေက ၉၅ ရာခိုင်နှုန်းလောက် တိုင်းရင်းသား ဗမာတွေ ရခိုင်တွေက (၅) ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။
လုယက်-မုဒိမ်းကျင့်-မီးရှို့ခံရတဲ့နယ်မြေတွေထဲက တိုင်းရင်းသားတွေဟာ ဘေးကင်းရာ ကို ထွက်သွားရတဲ့အခါ ကျရင် ကုလားတွေက အဲသည်နေရာတွေကို ၀င်ယူတယ်။
ဒီတော့ ဒီလိုသမိုင်းကြောင်းတွေ ဒီလိုအကျင့်တွေက ကုလားတွေရဲ့ ဦးနှောက်ထဲမှာ အသွေးအသားထဲမှာ ရှိနေကြတယ်။ ဒီတော့ ကုလားတွေဟာ သူတို့နိုင်မယ်လို့တွက်ရင် သူတို့ဘက်ကစပြီး ပြဿနာ ဖန်တီးဖို့ဝန်မလေးဘူး။ လူသတ်ဖို့လည်း မတွန့်တိုဘူး။ သေရမှာလည်း ကြောက်ပုံမရဘူး။ အခုလည်း ရခိုင်တွေကို နိုင်လောက်တယ် ဆိုပြိးလုပ်ကြတာဖြစ်ပါတယ်။ သူတို့က ရခိုင်ပြည်မှာ ရခိုင်တွေနဲ့ အတူနေချင်ပုံ မရပါဘူး။ သူတို့ချည်းသက်သက် နေချင်ပုံရပါတယ်။ နယ်မြေကို လုံးဝပိုင်စိုးမှု လိုချင်ကြပုံရပါတယ်။ ဒီအတွက်ကြောင့် ဒီပြဿနာကို စကြတာပါ။
( မြ၀ါ လူတွေ့မေးမြန်း ရေးသားသည်။)
Tuesday, September 4, 2012
"ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည် မဟုတ်ဘူး။ ခေါ်ဝေါ် စရာ နာမည်သက်သက်ပါပဲ"
Yangon Press International
သြဂုတ် ၂၇၊ ၂၀၁၂
ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြား ပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၁)
ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။
“ပဋိပက္ခကအသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိ ရောက်သွားတယ်”
မကြာသေးခင်က ရခိုင်ပြည်နယ်မှာ အုပ်စုလိုက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်မှုပျက်ပြားကာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ရသည်။ အစိုးရစာရင်းဇယားများအရ လူပေါင်း ၈၀ နီးပါး သေဆုံးကာ ၆၄,၀၀၀ ၀န်းကျင် အိုးအိမ်မဲ့ဘ၀ရောက်ခဲ့ရသည် ဟုဆိုသည်။ ယင်းပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကျယ်ကျယ်လောင်လောင် ဝေဖန်မှုများလည်း ပေါ်ထွက်လာခဲ့ပါသည်။
ရှုပ်ထွေးနက်နဲလှသော ယင်းအရေးအခင်း၏ နောက်ကွယ်မှ ဇာစ်မြစ်များက ဘာတွေပါလဲ၊ နိုင်ငံတကာက ဝေဖန်ထိုးနှက်မှုများက ပကတိအရှိတရားများနှင့် ဆီလျော်မှုရှိ၊ မရှိ၊ နောက်ပိုင်းမှာ အလားတူ အရေး အခင်းမျိုး မပေါ်ပေါက်အောင် ဘယ်လိုကာကွယ်ကြမည်နည်း အစရှိသည့် မေးခွန်း များကို ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ (Dr. Jacques P. Leider) အား ဇူလိုင်လ အတွင်း ၄င်းရန်ကုန်ရောက်နေစဉ်မှာ မော်ကွန်းက သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။
ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါသည် ပြင်သစ်နိုင်ငံ အရှေ့တိုင်း ပညာရပ်များ လေ့လာရေးဌာန အကြီးအကဲတစ်ဦးဖြစ်ပြီး အရှေ့ တောင်အာရှ (အထူးသဖြင့် မြန်မာ့အရေးနှင့် ထိုင်းနိုင်ငံအရေးတို့)ကို နှစ်ပေါင်း ၂၀ ၀န်းကျင် လေ့လာထားသူဖြစ်သည်။ သူကိုယ် တိုင်လည်း အရှေ့တောင်အာရှတွင် နေထိုင်နေသူဖြစ်သည်။ မြန်မာ့အရေးကို အထူးပြုလေ့လာထားသူဖြစ်ပြီး ရခိုင်အ ရေးနှင့်ပတ်သက်သည့် စာတမ်းများ၊ စာအုပ်များကို ရေးသားနေသူ ဒေါက်တာဂျာ့က်ပီ၊လိုက်ဒါ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်သည့် ၎င်း၏ အမြင်အယူအဆများကို မြန်မာစာဖတ်ပရိသတ်များ ဖတ်ရှုဝေဖန်ဆန်းစစ်နိုင်ကြစေရန် မော်ကွန်းက တင်ပြလိုက် ပါသည်။
MAWKUN - ရိုဟင်ဂျာဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကဘာပါလဲ။
LEIDER - ရိုဟင်ဂျာဆိုတဲ့စကားလုံးက ရှိခဲ့တာကြာပါပြီ။ သိပ်မသုံးကြတာပဲရှိတယ်။ တချို့တွေပြောကြသလို ဒီစကား လုံးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကျမှ ထွင်ပြီးသုံးတဲ့ စကားလုံး တော့ မဟုတ်ပါဘူး။ ဇာစ်မြစ်ကိုလိုက်ကြည့်မယ်ဆိုရင် ၁၈ ရာစုအ ကုန်မှာ ဗြိတိသျှဆရာဝန် ဖရန်စစ်ဟမီလ်တန်ရဲ့ ဆောင်းပါးတစ် ပုဒ်ထဲမှာ ဒီအသုံးအနှုန်းကို သွားတွေ့တယ်။ သူကဘာပြောထား သလဲဆိုတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ ရခိုင်မှာနေထိုင် ကြတဲ့ မွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ကြတဲ့အသုံး အနှုန်းဆိုပြီး ပြောထားတယ်။ ဘယ်ကနေ ဒီစကားလုံး ဆင်းသက် လာသလဲဆိုရင် ရခိုင်တွေကို ဘင်္ဂါလီတွေခေါ်တဲ့ ရိုရှန်း (Roshanga) ဆိုတဲ့ ဘင်္ဂါလီနာမည်ကနေ ဆင်းသက်လာတာပဲ။ ဒါပေမဲ့ လူတွေက ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို လှပအောင်စိတ်ကူး ယဉ်ပြီး ရှင်းလင်းချက်တွေ ထုတ်ချင်ကြတယ်။ အစောပိုင်း စာပေ တွေထဲမှာတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို တွေ့ရမယ့်ပုံမပေါ်ဘူး။ ဗြိတိသျှကိုလိုနီအထောက်အထားတွေထဲမှာ ၁၈၇၀ မတိုင်မီက ရခိုင်မှာရှိကြတဲ့ မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာ က အတော့်ကို နည်းပါတယ်။
MAWKUN - စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောဧရိယာ တစ်ဝိုက်မှာ ကျွန်တော်တို့တွေ့ဆုံမေးမြန်းမှုတွေ လိုက်လုပ်ကြည့် သလောက်တော့ အဲဒီမှာ ဘင်္ဂါလီအတော်များများက ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ကြားတောင်မကြားဖူးဘူးလို့ဆိုတယ်။ (သူတို့ ကို အင်တာဗျူးတဲ့အခါမှာ ဘာသာပြန်ကတစ်ဆင့်ပေါ့လေ။ ဘာ လို့လဲဆိုတော့ သူတို့ဘာသာစကားကို ကျွန်တော်တို့ နားမလည် လို့ဘဲ။ ကျွန်တော်တို့ မြန်မာစကားကိုလည်း သူတို့အတော်များ များ နားမလည်ကြဘူး။) နိုင်ငံတကာက သူတို့ကို ရိုဟင်ဂျာဆိုပြီး သိနေကြတာ။ ဒါပေမဲ့ အဲဒီစကားလုံးကို အဲဒီဒေသကလူအများစု က ကြားတောင်မကြားဖူးကြဘူး ဖြစ်နေတယ်ဗျ။
LEIDER - ခင်ဗျားတို့ပြောတဲ့ဟာကို ကျွန်တော်တော့ အတည်မပြုနိုင်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသားတစ် ယောက်အနေနဲ့ အဲဒီဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို သွားလို့မရခဲ့ဘူးဆိုတော့။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာရော၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာရော ကျွန်တော်ကြားခဲ့ရတာက ရခိုင် ဒေသမှာရှိတဲ့ မွတ်ဆလင်အားလုံးက သူတို့ကို ရိုဟင်ဂျာအဖြစ် ရည်ညွှန်းပြောဆိုတာမျိုးကို မခံချင်ကြဘူးလို့ ဆိုတယ်။ ရခိုင်မွတ် ဆလင်လို့ပဲ အခေါ်ခံချင်ကြတာတဲ့။
ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည်မဟုတ်ဘူး။ ခေါ်ဝေါ် စရာ နာမည်သက်သက်ပါပဲ။ မျက်မှောက်ခေတ်ကျမှ ရခိုင်ဒေသ က မွတ်ဆလင်တွေကို သီးခြားအဖွဲ့တစ်ခုအဖြစ် ခွဲထုတ်သတ် မှတ်ဖို့အတွက် ဒီစကားလုံးကို ပြည်လည်ဖော်ထုတ်လိုက်ကြတာပဲ။ ဘာနဲ့နှိုင်းလို့ရသလဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ တရုတ်မွတ် ဆလင်တွေကိုခေါ်တဲ့ “ပန်းသေး” ဆိုတဲ့ နာမည်နဲ့နှိုင်းရင် ရကောင်းရနိုင်တယ်။
MAWKUN -- ပြည်ပက ဘင်္ဂါလီပညာတတ်တွေက ရိုဟင်ဂျာဆိုတဲ့စကားလုံးကို လူသိများအောင် လုပ်နေကြတဲ့ နောက်ကွယ်မှာ ငုပ်လျှိုးနေတဲ့ ဘယ်လိုအကြောင်းပြချက်တွေရှိ နေနိုင်လဲ။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေပါလို့ ခေါ်ဝေါ်သမုတ် ကြတဲ့ ဘင်္ဂါလီတွေဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံချင် နေကြတာက နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေရှိနေကြတယ် ဆိုပြီးတော့ မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ထားကြတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ။
LEIDER - ခင်ဗျားတို့ပြောတဲ့ မွတ်ဆလင်ခေါင်း ဆောင်တွေဟာ ဟိုးအရင်က ရခိုင်ဘုရင့်နိုင်ငံတော်မှာရှိခဲ့တဲ့ မွတ်ဆလင်သမိုင်းနဲ့ ချိတ်ဆက်ပြီး သူတို့လူအစုအဖွဲ့ကို နာမည် တစ်ခုပေးနိုင်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ ကြတယ်။ တိုင်းရင်းသားအဖြစ် တောင်းဆိုတဲ့ဟာနဲ့ နိုင်ငံသား ဖြစ်ရေး တောင်းဆိုတဲ့ကိစ္စကိုလည်း ချိတ်ထားကြတယ်။ နိုင်ငံ တကာမီဒီယာတွေကလည်း ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မွေး စားပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပြီဆိုတော့ သူတို့ရဲ့ရွေး ချယ်မှုဟာ မဟာဗျူဟာအရ အောင်မြင်တယ်။ ပြည်တွင်းမှာရှိတဲ့ အိန္ဒိယလူမျိုးတွေက သူတို့ဟာ တိုင်းရင်းသား အဖွဲ့အစုတစ်ခု ဖြစ်ပါတယ်လို့ မပြောကြပါဘူး။ မတောင်းဆိုကြဘူး။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုတာနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ရည်ညွှန်းပြောဆိုနေတာဟာ မြန်မာပြည်လွတ်လပ်ရေးမရခင်နဲ့ ရပြီးနောက်ပိုင်းတွေမှာ တောင်းဆိုခဲ့ကြတာကို ရည်ညွှန်းတယ်လို့ ကျွန်တော်ထင်တယ်။ လက်ရှိလွှတ်တော်မှာ ရွေးကောက်တင် မြှောက်ခံရတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ထောက်ခံဆွေးနွေးကြတာကို ကျွန်တော်မကြားမိဘူး။
သမိုင်းရှုထောင့်ကကြည့်မယ်ဆိုရင် အဓိက အချက်နှစ်ချက် ကို ပြန်သတိရရမယ်။ ပထမအချက်က ရခိုင်မှာရှိတဲ့ မွတ်ဆလင် အများစုက သူတို့ရဲ့ဇာစ်မြစ်ကို ဗြိတိသျှကိုလိုနီခေတ်အတွင်း ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေ ရွှေ့ပြောင်းလာကြတာနဲ့ ခြေရာခံ ကြတယ်။ ဒါအရေးကြီးပြီး ၁၈၇၀ နှောင်းပိုင်း ၂၀ ရာစုရဲ့ အစော ပိုင်းဆယ်စုနှစ်တွေအထိ မှတ်တမ်းတင်ထားတာရှိတယ်။ ကုန် စည်ရောင်းဝယ်ဖောက်ကားတဲ့အလုပ်တွေ၊ ဆိပ်ကမ်းအလုပ် တွေ၊ ဒါမှမဟုတ် ဗြိတိသျှအစိုးရအောက်မှာ အမှုထမ်းတဲ့ အိန္ဒိယ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့မတူတာက ဘင်္ဂါလီတွေက လယ် ယာလုပ်ငန်းလုပ်တဲ့အလုပ်ကို အများစုလုပ်ကြတယ်။ နောက် ဒုတိယအချက်က ကိုလိုနီခေတ်မတိုင်မီကတည်းက ရခိုင်မှာ အရင်က မွတ်ဆလင်အသိုင်းအ၀ိုင်းဆိုတာ ရှိနေခဲ့တယ်။ ဒီမွတ် ဆလင် အသိုင်းအ၀ိုင်းဟာ ၁၅ ရာစုနှောင်းပိုင်းကစပြီး ပါရှား အနွယ်ဝင်တွေ၊ အိန္ဒိယအနွယ်ဝင်တွေနဲ့ ရောထွေးခဲ့တာဖြစ်နိုင်တယ်။
ရခိုင်ဘုရင်တွေ စစ်တကောင်းကို ထိန်းချုပ်ပြီးနောက်ပိုင်း [(မင်းဖလောင်း(၁၅၇၁-၉၃) စိုးစံတဲ့ကာလအလယ်လောက်ဖြစ် မယ်)]နိုင်ငံတော်အတွင်းက အုပ်ချုပ်ခံလူအများစုဟာ မွတ်ဆလင် တွေဖြစ်တယ်။ ၁၇ ရာစုအစောပိုင်းမှာ ရခိုင်ဘုရင်တွေဟာ မဂိုတို့ ရဲ့ ကျူးကျော်မှုကို တိုက်ထုတ်ဖို့ အရှေ့ဘင်္ဂေါကို ၀င်ရောက်စီးနင်း ကြတယ်။ ရခိုင်ရဲ့ နိုင်ငံခြားရေးမူဝါဒက မွတ်ဆလင်ဆန့်ကျင်ရေး မဟုတ်ခဲ့ဘူး။ မဂိုဆန့်ကျင်ရေးပဲဖြစ်ခဲ့တယ်။ ဘိုးတော်ဘုရား ရခိုင်ကိုအနိုင်ရသွားပြီး ဆယ်နှစ်၊ ဆယ့်ငါးနှစ်အကြာမှာ ရခိုင် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်ဆလင်ဘာသာဝင်တွေ ရော အတော်များများ အရှေ့တောင်ဘဂေါနယ်ဘက်ကို အခြေ သွားချကြတယ်။ နောက်တော့ အဲဒီဒေသမှာရှိနေခဲ့တဲ့ လူအစု အဖွဲ့ကို ရွှေ့ပြောင်းအခြေချကြတဲ့သူတွေ မြောက်မြားစွာက ၀ါးမျို လိုက်ကြတယ်။ နောက်တော့ အစုအဖွဲ့နှစ်ခုကနေ ဆင်းသက်လာ တဲ့သူတွေဟာ အစု အဖွဲ့တစ်ခုတည်းအဖြစ် ပျော်ဝင်သွားကြတယ်။
MAWKUN -မကြာသေးခင်ကဖြစ်သွားခဲ့တဲ့ ပဋိပက္ခရဲ့ အရင်းခံအကြောင်းရင်းတွေက ဘာတွေလဲ။
LEIDER - အဲဒီအတွက် (ကျွန်တော်ဖြေမယ့်)အဖြေက ရေတိုအမြင်ကလာတာထက် ရေရှည်အမြင်ကနေလာတာပါ။ ဒီပဋိပက္ခက အသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားအထိ ရောက်သွားတယ်။ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတော်များများကို ကြည့်မယ်ဆိုရင် လူဝင်၊ လူထွက် ကို ကြီးကြပ်ဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ရခိုင်ဒေသကို လာရောက် အခြေချတဲ့ အိန္ဒိယအလုပ်သမားတွေကို ဗြိတိသျှက မထိန်းချုပ် ခဲ့ဘူး။ မတူညီတဲ့ လူအစုအဖွဲ့နှစ်ခုအကြား တင်းမာမှုတွေမြင့် တက်လာချိန် ၁၉၂၀ ပြည့်လွန်နှစ်တွေမှာကတည်းက ဒီနှစ်ဖွဲ့ အကြားမှာ အုပ်စုလိုက် ပဋိပက္ခတွေဖြစ်လာမယ့်၊ ခိုက်ရန်တွေဖြစ် လာမယ့်အခြေအနေကို လေ့လာသူတွေ ကြိုတင်သိမြင်ခဲ့ကြ တယ်။
၁၉၄၂ ခုနှစ် မြန်မာကို ဂျပန်တွေကျူးကျော်လာတော့ လူထောင်ပေါင်းများစွာဟာ အိန္ဒိယဘက် ထွက်ပြေးသွားကြ တယ်။ အုပ်စုလိုက် ပဋိပက္ခတွေဖြစ်လာတယ်။ လွတ်လပ်ရေးရပြီး ချိန်နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ရခိုင်ပြည်နယ်တစ်ခုလုံးအနေနဲ့ လူနည်းစု (ဒါပေမဲ့ သူတို့ရှိတဲ့ဒေသတွေမှာတော့ အားကြီးတဲ့လူ အများစု) မွတ်ဆလင်တွေဟာ ရခိုင်လူ့အဖွဲ့အစည်းထဲမှာ ပူး ပေါင်းပြီး သဟဇာတ ဖြစ်အောင်နေဖို့ မရည်ရွယ်ကြတော့ဘူး။ အဲဒီလိုနေမယ့်အစား သူတို့ရဲ့ သီးသန့်ဖြစ်တည်နေတဲ့ ၀ိသေသ လက္ခဏာတွေကို ကာကွယ်ဖို့ကိုပဲ သူတို့လိုလားကြတယ်။
မွတ် ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ယဉ်ကျေးမှုအရရော၊ နိုင်ငံရေးအရ ရော မတူကွဲပြား၊ သီးခြားဖြစ်နေကြပြီး အုပ်စုနှစ်စုကြားက တင်း မာမှုကတော့ ယုတ်လျော့ ရပ်စဲသွားတာမရှိခဲ့ဘူး။ ၁၉၆၂ ခုနှစ် နှောင်းပိုင်းမှာလည်း ဒီအခြေအနေဟာ ပြောင်းလဲမသွားဘူး။ ဒါပေမဲ့ နှစ်ဖက်နိုင်ငံက အစိုးရ တွေ (နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဖြစ်လာမယ့် အရှေ့ပါကစ္စတန် အစိုးရကတစ်ဖက်၊ မြန်မာအစိုးရက တစ်ဖက်) က ဒီအခြေအနေကို ခေါင်းချင်းဆိုင် မဖြေရှင်း၊ မကိုင် တွယ်ခဲ့ကြဘူး။ ဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေ၊ နေရာရွှေ့ပြောင်းကျက် စားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု ကင်းမဲ့တာတွေဟာ အခြေအနေကို ပိုပြီးဆိုးရွားစေခဲ့တယ်။
မွတ် ဆလင်တွေကိုယ်စား ပဋိပက္ခကို ဥပဒေဆိုင်ရာ အခွင့်အရေးကင်း မဲ့မှုလို့ အများစုက ဖော်ပြကြတယ်။ လိုရင်လိုသလို၊ မလိုရင် မလို သလို လုပ်နေတာတွေက အများကြီးပဲ။ ၁၉၅၀ ပြည့်လွန်နှစ် တွေမှာ မွတ်ဆလင်တွေဟာ မဲပေးပိုင်ခွင့်တောင် ရခဲ့ကြပေမဲ့ ၁၉၈၂ ခုနှစ်နှောင်းပိုင်းမှာ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ နောက်ကို ပြန်အတွန်းထုတ်ခံရတယ်။ နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုပြီး အငြင်း ခံရတယ်။ ယေဘုယျပြောရရင် ဒေသတွင်းအားပြိုင်မှုတွေကို အမြတ်ထုတ်နေတဲ့ တစ်ချိန်တည်းမှာ မွတ်ဆလင်နဲ့ ရခိုင်တို့ရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေကို ထိန်းချုပ်ဖို့ အစိုးရမူဝါဒက ရည်ရွယ် ထားခဲ့တယ်။ ဗုဒ္ဓဘာသာရခိုင် တွေရဲ့အမြင်မှာ သူတို့ရဲ့ဖြစ်တည် မှုဟာ အခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေရတယ်။
ပြီးတော့ သူတို့မြေပေါ်က မွတ်ဆလင်အမြောက်အမြားကို တိုင်းတစ်ပါး သားတွေအဖြစ် မြင်နေကြတဲ့အတွက်ကြောင့် ဒီပဋိပက္ခဟာ ယဉ် ကျေးမှုအရ ဖြေရှင်းလို့မရတဲ့ ပြဿနာအဖြစ် အမြဲဆက်ရှိနေလိမ့် မယ်လို့ ခံယူထားကြတယ်။ မွတ်ဆလင်နဲ့ ဗုဒ္ခဘာသာဝင် နှစ်ဖက် စလုံးအနေနဲ့ အတိတ်ကအကြောင်းတွေကို တစ်ဖက်သက် အဓိပ္ပာယ်ကောက်ယူတာကနေရရှိလာတဲ့ တရားဝင်ဖြစ်မှုကို မြစ် ဖျားခံပြီး ကိုယ့်အ၀န်းအ၀ိုင်းအပေါ်မှာပဲ ကိုယ်စားပြုအာရုံစိုက်၊ ယိမ်းယိုင်ကြတာဟာ (ပဋိပက္ခပြေလည်ရေးအတွက်) အထောက် အကူမဖြစ်ပါဘူး။ နယ်မြေရဲ့ သမိုင်းကြောင်းပေါ်မှာ နှစ်ဖက်စလုံး က တူညီတဲ့အမြင်မရှိတဲ့အခါမှာ ရခိုင်မှာ ကျွန်တော်တို့တွေ့ကြတဲ့ အတိုင်း တစ်ဖက်နဲ့တစ်ဖက် အဆက်အသွယ် လုံးလုံးကင်းနေကြ တယ်။
အဲဒီအခါမှာ ပဋိပက္ခဟာ ပိုပြီးဆိုးရွားလာတယ်။ ပဋိပက္ခက ရေတိုဖြေရှင်းနည်းနဲ့ ဖြေရှင်းလို့မရနိုင်လောက်အောင် ကြီးမား တယ်။ ဒါမှမဟုတ် အစိုးရဟာ ပိုကောင်းမွန်တဲ့ လုံခြုံရေးမူဝါဒ တွေနဲ့ နှစ်ဖက်အကြား ကွာဟမှုကို ကုစားပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်လို့မရလောက်အောင် နှစ်ဖက်အကြား ကွာဟမှုကြီးက ကြီးမားတယ်။
MAWKUN - ရခိုင်ပဋိပက္ခကို ညွှန်းဆိုကြတဲ့အခါမှာ စကားလုံးအသုံးအနှုန်းနဲ့ပတ်သက်လို့ နိုင်ငံတကာမီဒီယာတချို့နဲ့ အချို့အဖွဲ့တွေက “လူမျိုးတုံးသတ်ဖြတ်မှု (genocide)”၊ “တိုင်း ရင်းသား သုတ်သင်ရှင်းလင်းမှု (ethnic cleansing)” စတဲ့ စကားလုံးတွေကို သုံးကြတာတွေ့ရတယ်။ The New York Times မှာပါသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါမောက္ခတစ် ယောက်ရေးတဲ့ အတွေးအမြင်ဆောင်းပါးမှာဆိုရင် “တိုင်းရင်း သားသုတ်သင်ရှင်းလင်းမှု” ဆိုတဲ့ စကားလုံးကို သုံးသွားတယ်။ ဒီစကားလုံးတွေဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပကတိအခြေ အနေကို ထင်ဟပ်ကြ သလား။
LEIDER - အဲဒီလို အစွန်းရောက်တဲ့ ထုတ်ဖော်ပြော ဆိုမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်သဘောမတူပါဘူး။ ဒီပဋိပက္ခ ဟာ ငါ့လူမျိုးက သူ့လူမျိုးထက်သာတယ်ဆိုတဲ့ လူတွေဆင်နွှဲတဲ့ စစ်ပွဲမဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူ့ဘာသာက ပိုကောင်းတယ် ဆိုပြီး တိုက်ကြခိုက်ကြတာလည်း မဟုတ်ပါဘူး။ ၀ါဒဖြန့်ချိရေး စစ်ပွဲဟာ (အထူးသဖြင့် အင်တာနက်ပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်တဲ့ အသုံးအနှုန်းတွေသုံးကြတာဟာ) ပဋိပက္ခရဲ့ သဘောသဘာဝကို ဖော်ပြရာမရောက်ပါဘူး။ အဖြစ်မှန်က ဘာလဲဆိုတော့ ရွှေ့ပြောင်းလာတဲ့ မွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တွေဟာ သူတို့မဖန်တီးတဲ့ သမိုင်းအခြေအနေတွေမှာ အတူ တူ အထားခံကြရတယ်။
သူတို့ဘ၀ မရေရာမသေချာမှုတွေ၊ ဥပဒေအရ အကာအကွယ်မဲ့မှုတွေကြောင့် ရိုဟင်ဂျာဆိုသူတွေကို တိုင်းမဲ့ပြည်မဲ့လို့ခေါ် ရင် ရခိုင်တွေကို ပြောရေးဆိုခွင့်မဲ့သူတွေလို့ ခေါ်ရမယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရာစုနှစ်နှစ်ခုလုံး ရခိုင်တွေဟာ အသိမ်းပိုက်ခံ၊ အအုပ်ချုပ်ခံ၊ အဖိနှိပ်ခံရပြီး အမြဲတမ်းရှုံးနိမ့်မှုတွေကို တစ်လျှောက်လုံးခံစားခဲ့ကြရတဲ့ သမိုင်းကြောင်းရှိနေလို့ပဲ။ ကုန်ကုန်ပြောရရင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာ နှစ်ပေါင်းများစွာ သူတို့ရင်ထဲ ကိန်းအောင်းလာခဲ့တဲ့ မျှော်လင့်ချက်ကင်းမဲ့ နေမှုတွေ၊ ဒေါသတွေကို ထုတ်လွှတ်လိုက်တာပဲ။ ဒါတွေကို ထိပ် တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းနဲ့ ထုတ်ပြလိုက်တာပဲ။
လက်တလော အဖြစ်အပျက်က ပြစ်မှုဆိုင်ရာကျူးလွန်တဲ့ကိစ္စနဲ့စဖြစ်ခဲ့တာပါ။ ရခိုင်အမျိုးသမီး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စမှာ ရဲရဲ့အလုပ်က တရား ခံကိုလိုက်ရှာပြီး ဖမ်းဆီးရမယ့်အလုပ်ပါ။ အချိန်တိုတိုအတွင်းထိရောက်အောင် မလုပ်နိုင်ခဲ့တဲ့အခါမှာ မွတ်ဆလင်အဖွဲ့ကို အ ကြောင်းမဲ့သတ်ဖြတ်တဲ့ ကိစ္စဖြစ်လာအောင် အစပျိုးပေးလိုက်သလိုဖြစ်သွားတယ်။ အဲဒီအချိန်ကစလို့ ရက်ရက်စက်စက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဖော်ညွှန်းလိုက်တဲ့အခါမှာ တိုင်းရင်း သားသုတ်သင်ရှင်းလင်းမှု၊ လူမျိုးတုံးသတ်ဖြတ်မှုလို့ သုံးနှုန်းခဲ့ကြ တယ်။
အဲဒီအခါမှာ ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်း အရင်းတွေ (ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့သမျှ အရင်းခံ အကြောင်းတရားတွေ)နဲ့ ပတ်သက်တဲ့အမြင်တွေကိုေ၀၀ါးသွားစေခဲ့တယ်။ တခြားနေရာတွေမှာလိုပဲ ဒီမှာလည်း လူတွေဟာ အခြေခံအားဖြင့် တရားမျှတမှု၊ တိုးတက်မှုနဲ့ သူတို့ရဲ့ ဖြစ်တည်မှု တွေနဲ့ပတ်သက်ပြီး အခိုင်အမာရချင်ကြတာပဲ။
တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေတဲ့အနေအထားမှာ အစိုးရယူရမယ့်တာဝန်ကတော့ သူတို့ကို ဖျန်ဖြေပြီး ခွဲထားလိုက်ဖို့ပဲ။ ဒါပေမဲ့ ခွဲထားတယ်ဆိုတာ လုံခြုံရေးအရ ရေတိုထက်မပိုရပါဘူး။ မကြာခင်မှာ လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားထားတယ်လို့ အဝေဖန်ခံရပါလိမ့်မယ်။
အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်
http://moethihaaung.blogspot.kr/2012/08/blog-post_6050.html

