3/15/2009
ဘူးသီးတောင်မြို့နယ် နတလ စံပြကျေးရွာမှ အမျိုးသမီးငယ် နှစ်ဦးကို မူဆလင်ဘာသာဝင် ၅ ဦးက မတ်လ ၁ ရက်နေ့က မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
သတ်ဖြတ်ခံရသူ အမျိုးသမီး နှစ်ဦးမှာ ဦးမောင်မောင်သန်း (၄၈) နှစ်၏ သမီးနှစ်ဦး ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် တောင်ဘဇားကျေးရွာအနီးတွင် တည်ရှိသော သရဖီ စံပြကျေးရွာမှ ဖြစ်သည်။
ဦးမောင်မောင်သန်း၏ သမီးအကြီးမှာ အသက် ၂၃ နှစ်ဖြစ်ပြီး အငယ်မမှာ အသက် ၁၉ နှစ်ဖြစ်သည်၊ သူမတို့ နှစ်ဦး စလုံးမှာ ဟင်းသီး ဟင်းရွက် စိုက်ပျိုးပြီး အသက်မွေး ၀မ်းကျောင်း ပြုနေသူများ ဖြစ်သည်။
ဘူးသီးတောင်မြို့မှ အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက သူမတို့ နှစ်ဦးအား မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီတွင် သူမတို့နေထိုင်ရာသို့ မူဆလင် ဘာသာဝင် တဦး ရောက်ရှိလာပြီး ဟင်းသီးဟင်းရွက်များ ၀ယ်ယူလိုကြောင်း ပြောကြားသဖြင့် အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဟင်းသီး ဟင်းရွက်များ ရောင်းချရန် သူမတို့ နေထိုင်ရာ နတလ စံပြကျေးရွာမှ (၃) ဖါလုံ အကွာအဝေးတွင် တည်ရှိသော သူမတို့ စိုက်ခင်းသို့ လိုက်ပါသွားခဲ့သည်။ စိုက်ခင်း အရောက်တွင် အသင့်စောင့်နေသော မူဆလင်ဘာသာဝင် ၅ ဦးမှ သူမတို့ နှစ်ဦးအား မုဒိမ်းကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
သူမတို့ နှစ်ဦး၏ အလောင်းအား မိသားစုများနှင့် ရဲတပ်ဖွဲ့ဝင်များက ညဉ့် (၁) နာရီတွင် တောင်ဘဇား ချောင်းဘေးမှ ရှာဖွေ တွေ့ရှိခဲ့သည်။
ရဲအဖွဲ့၏ စစ်ဆေးချက်အရ မုဒိမ်းမူ ကျူးလွန်သူများမှာ မည်သူ မည်ဝါ ဖြစ်သည်ကို သိရှိပြီး ဖြစ်သော်လည်း အဆိုပါ ကျူးလွန်သူများမှာ ယခုအခါ တဘက်နိုင်ငံသို့ ရှောင်တိမ်းသွားပုံရသည်ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
မုဒိမ်းကျင့်ခံရပြီး သေဆုံးသွားသူ အမျိုးသမီးငယ် နှစ်ဦး ဗမာ လူမျိုးများ ဖြစ်ပြီး အသက် ၂၃ နှစ် အရွယ်ရှိသူ အမျိုးသမီးမှာ ကလေးနှစ်ဦးကျန်ရစ်ခဲ့ကာ ကျန်တဦးမှာ အိမ်ထောင်မရှိ အပျို ဖြစ်ကြောင်း သိရသည်။
Ref:
http://www.narinjara.com/detailsbur.asp?id=1732
နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့
အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။
ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။
သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)
မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။
Friday, March 13, 2009
စံပြကျေးရွာမှ အမျိုးသမီးငယ် နှစ်ဦး မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရ
Monday, February 23, 2009
Dubai မလာခင် သိစေချင်သည် (သို့) Dubai မှ မြန်မာ မ တစ်ယောက် အကြောင်း
၂၀၀၉ ခုနှစ် ဖေဖ၀ါရီလ ၁၅ ရက်နေ့ တွင် ဒူဘိုင်း မြို့ မှာ အလုပ်လာ လုပ်သော မြန်မာ မိန်း ခလေးတစ်ယောက် ပျောက်သွားပါသည်။ ဒူဘိုင်း ရဲမှ စုံစမ်း ရာ သတင်း မရရှိဘဲ။ ၂၂ ၊ ၂ ၊ ၂၀၀၉ ရက် နေ့ တွင် မထင်မှတ်ဘဲ ဆောက်လုပ်ရေး လုပ်သား တစ်ဦး မှ ၄င်း ၏ ရုပ်အလောင်း အား တွေ့ရှိခဲ့ပါသည်။

အသေးစိတ်မှာ
၎င်း အမျိုး သမီး ဒူဘိုင်း ကို ရောက်သည်မှာ ၆ လ ခန့်သာ ရှိပါသေးသည်။ လေဆိပ်အတွင်း ရှိ ခရီး သည်များ နားနေ ခန်း တွင် စားပွဲထိုး အလုပ် ကို လုပ် ပါသည်။ ၄င်း အမျိုး သမီး တွင် ၆ နှစ်အရွယ် သမီး တစ်ယောက် ရှိပြီး ၊ မြန်မာနိုင် ငံ တွင် အဖိုး အဖွား များ နှင့် နေပါသည်။ ၄င်း ၏ ခင်ပွန်း သည်မှာ မလေး ရှားနိုင်ငံ တွင် အလုပ်လုပ်လျှက် ရှိသည်ဟုသိ ရပါသည်။
သေဆုံး သူ အမျိုး သမီး သည် အိန္ဒိ ယ နိုင် ငံ သား တစ်ယောက် နှင့် ချစ် ကြိုက် နေပါသည်။ ပျောက် ဆုံး မည့် ညနေ ၄ နာ ရီ ခန့် တွင် နေထိုင်ရာ အဆောင်မှ တစ်ဦးတည်း ထွက် သွား ပါသည်။ အိန္ဒိယ နိုင် ငံ သား နှင့် တွေ့ ဆုံရန်ဖြစ်ပါသည်။
သို့သော် အိမ်ပြန်ချိန်တွင် ပြန်ရောက်မလာနိုင်ခဲ့ပါ။ ထို့ကြောင့် အတူနေ သူငယ်ချင်း များ သည် ကုမ္ပဏီရှိတာဝန် ရှိသူများ ထံ သတင်း ပို့ခြင်း ၊ တာဝန်ရှိသူများမှ ဒူဘိုင်း ရဲအား အကြောင်း ကြား ခြင်း အား တတ်အားသ၍ ဆောင်ရွက်ကြပါသည်။
သို့သော် ဘာသတင်း အစအန မျှ မရခဲ့ပါ။
၎င်း နှင့် နောက် ဆုံး တွေ့ ဆုံ သူအဖြစ် ၄င်း နှင့် ရည်ငံနေသူ အိန္ဒိယ နိုင်ငံသား အား မေးမြန်း ရာ ၄င်း တို့ တွေ့ ဆုံပြီး နောက် အဆောင် အနီး သို့ပြန်ပို့ခဲ့ကြောင်း ပြောပါသည်။ ၄င်း ပြောသော နေရာနှင့် အဆောင် သည် လမ်း လျှောက်ပြန်လျှင် ၁၀ မိနစ် ၊ ၁၅ မိနစ် ခန့် လျှောက် ရပါသည်။ ထို့ကြောင့် ၄င်း အချိန် အတွင်း ပျောက် ဆုံး သွား ခြင်း ဖြစ်ပါသည်။
၂၂ ၊ ၂ ၊ ၂၀၀၉ နေ့တွင် ဆောက်လုပ်ရေးလုပ်သား တစ်ဦး မှ သူမ ၏ အလောင်း ကို တွေ့ ရှိခြင်း ဖြစ်ပါသည်။ အလောင်း မှာ ၀တ်လစ်စလစ် နှင့် ပုတ်ပွနေပါသည်။
သေဆုံးသူ အမျိုး သမီး မှာ ငယ်ငယ် ရွယ်ရွယ် ဖြစ်ပါသည် ။ အသား ဖြူပါသည် ။ အရပ်မှာ ၅ပေကျော် လောက်ဖြစ်ပါသည်။
ကျွန်တော် နှင့် သေဆုံးသူ အမျိုးသမီး သည် ကုမ္ပ ဏီ တစ်ခုတည်း ၏ လက်အောက်တွင်အလုပ် လုပ်နေကြသော်လည်း ဌာန မတူသော ကြောင့် မတွေ့ဖြစ်ကြပါ။ ၄င်း တို့ ရောက်ခါ စ အချိန် က ကျွန်တော် ကိုယ်တိုင် အားလုံး ကို ကုမ္ပဏီမှာ အရင် က ဒီလိုမျိုး ဇာတ်လမ်း တွေ ရှိခဲ့ဖူး ကြောင်း ၊ ထို့ကြောင့် အသွား အလာ အနေအထိုင် ဆင်ခြင် ကြစေလိုကြောင်း ၊ အထူးသဖြင့် နိုင်ငံခြား သား နှင့် ဇာတ်လမ်း မရှုပ်ကြဖို့ ကျွန်တော် ကိုယ် တိုင် သူတို့ အားသတိပေး စကား ပြောခဲ့ဖူးပါသည်။ ( picnic တစ်ခု စီစဉ်ပေးပြီး အားလုံးလူ (၄၀ )ကျော် ကို သတိပေးစကား ပြောခဲ့တာပါ )
အဘယ်ကြောင့် ဆိုသော် ကုမ္ပဏီ မှာ အလုပ်လုပ် လျှက် ရှိသော ကပ္ပလီ မတစ် ယောက် လည်း ထိုကဲ့သို မုဒိမ်း ကျင့် ခံ ရဖူးသော သာဓက ရှိသောကြောင့် ဖြစ်ပါသည်။ ကုမ္ပဏီမှ အပြန် တရားမ၀င် TAXI ငှား စီးပြီး ပြန်သွားရာ ၆ ရက်လောက် မုဒိမ်း ကျင့်ခံလိုက်ရလေသည်။သို့သော် အသက်မသေပါ။
ယခုပြောနေသော အကြောင်း အရာတို့ မှာ ကျွန်တော်အလုပ် လုပ်လျှက်ရှိသော ကုမ္ပဏီ မှ ၀န်ထမ်းများ ၏ ဇတ်လမ်း များ ဖြစ်ပါသည်။ ကျွန်တော် ကြားယုံသား ကြားရသော ဇတ်လမ်း များ မှာ ဒုနှင့် ဒေး။
ယခု ဒီစာကို ရေးရခြင်း အကြောင်း အရင်း မှာ ပုဂ္ဂိုလ်ရေး အရ စော်ကား လိုစိတ် လုံး ၀ မရှိပါ။
မြန်မာ ပြည်မှ ဒူဘိုင်း DUBAI သို့ ရောက်ရှိနေကြသော မြန်မာ နိုင်ငံသူ ၊နိုင်ငံသား များ
မြန်မာ ပြည်မှ ဒူဘိုင်း DUBAI သို့ လာ လတ္တံ့ ဖြစ်သော မြန်မာနိုင်ငံသူ ၊ နိုင်ငံ သား များ
မိမိတို့နှင့် ပတ်သတ်သော သူငယ်ချင်း မိတ် ဆွေများ အား သတိပေး စကား ပြောကြားလိုသော မြန်မာနိုင်ငံသူ ၊ နိုင်ငံ သား များ ၏ ကိုယ်စား ယခုစာကို ရေးသား ရခြင်း ဖြစ်ပါသည်။
ကျွန်တော် ရေးသော စာ အတွက် ကျွန်တော့် တွင် တာဝန် အပြည့် ရှိပါသည်။ မကျေလည် သည်များ ရှိခဲ့သော် နေစိုးနိုင် nsnaing@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
ဒူဘိုင်း သို့ရောက်နေသော သူငယ်ချင်းများ နှင့် ဒူဘိုင်း ကို လာ အလုပ်လုပ် လိုသော မြန်မာနိုင်ငံသူ၊ သား များ သိထား သင့် သည် ဟု သင် ယုံကြည်လျှင် ယခု စာ အား forward လုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ယနေထုတ် သတင်း စာ Gulf News ပါသတင်း အား ဖတ်လိုလျှင် http://www.gulfnews.com/nation/Police_and_The_Courts/10288679.html ကို ၀င်ရောက် ဖတ်ရှူနိုင်ပါသည်။
လေးစားစွာဖြင့်
နေစိုးနိုင်
၂၃ ၊ ၂ ၊ ၂၀၀၉
ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ
ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ
၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ် ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။
သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေး ထား ကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊ နင် တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။
မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့ သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။
ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများ ကြောင့် ဇူလိုင် ၁၃ရက် ထိ ထို မာဖီးယား ဂိုဏ်းကို သူစီးနိုး ငါစီးနိုး နှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံရဲတစ်ဦး၏ နေ အိမ်ဟောင်းအတွင်း တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။
ဖောက်ထွင်းသူသည် တအိမ်လုံး အ ပြောင် သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက် သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက် မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည် ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံး ပြီး အတင်းဖမ်းဆီးမှုကို ထူးခြား တိုက်ဆိုင် စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။
ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေး ကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူစောင့်ရှောက်ပေးထားခြင်းများ ပြု လုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံ ကြား မှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။
သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထို မာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ ထိုဒေသရှိထိပ်တန်းအာဏာပိုင် များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့၇လေသည်။ ထိုမျှမကသေး ဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက် ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယားဂိုဏ်း သားများ ကိုလည်း ရှာမတွေ့တော့ပေ။ ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။ လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။
ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထို လုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန် လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော် ဆက်စေပြီး သက်ဆိုင်ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲ သည်လို မသိချင် ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအား ပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊ အဖွဲ့အစည်းများမှ လည်းကောင်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပရောက် မြန်မာများမှလည်းကောင်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆို ပေးကြပါရန် ပန်ကြားအပ်ပါသည် ။
ရည်ညွှန်းချက် ။
http://burmesemigrantwatch.blogspot.com/2007/10/blog-post_1880.html
