နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, February 23, 2009

Dubai မလာခင် သိစေချင်သည် (သို့) Dubai မှ မြန်မာ မ တစ်ယောက် အကြောင်း

Dubai မလာခင် သိစေချင်သည် (သို့) Dubai မှ မြန်မာ မ တစ်ယောက် အကြောင်း


၂၀၀၉ ခုနှစ် ဖေဖ၀ါရီလ ၁၅ ရက်နေ့ တွင် ဒူဘိုင်း မြို့ မှာ အလုပ်လာ လုပ်သော မြန်မာ မိန်း ခလေးတစ်ယောက် ပျောက်သွားပါသည်။ ဒူဘိုင်း ရဲမှ စုံစမ်း ရာ သတင်း မရရှိဘဲ။ ၂၂ ၊ ၂ ၊ ၂၀၀၉ ရက် နေ့ တွင် မထင်မှတ်ဘဲ ဆောက်လုပ်ရေး လုပ်သား တစ်ဦး မှ ၄င်း ၏ ရုပ်အလောင်း အား တွေ့ရှိခဲ့ပါသည်။

အသေးစိတ်မှာ

၎င်း အမျိုး သမီး ဒူဘိုင်း ကို ရောက်သည်မှာ ၆ လ ခန့်သာ ရှိပါသေးသည်။ လေဆိပ်အတွင်း ရှိ ခရီး သည်များ နားနေ ခန်း တွင် စားပွဲထိုး အလုပ် ကို လုပ် ပါသည်။ ၄င်း အမျိုး သမီး တွင် ၆ နှစ်အရွယ် သမီး တစ်ယောက် ရှိပြီး ၊ မြန်မာနိုင် ငံ တွင် အဖိုး အဖွား များ နှင့် နေပါသည်။ ၄င်း ၏ ခင်ပွန်း သည်မှာ မလေး ရှားနိုင်ငံ တွင် အလုပ်လုပ်လျှက် ရှိသည်ဟုသိ ရပါသည်။

သေဆုံး သူ အမျိုး သမီး သည် အိန္ဒိ ယ နိုင် ငံ သား တစ်ယောက် နှင့် ချစ် ကြိုက် နေပါသည်။ ပျောက် ဆုံး မည့် ညနေ ၄ နာ ရီ ခန့် တွင် နေထိုင်ရာ အဆောင်မှ တစ်ဦးတည်း ထွက် သွား ပါသည်။ အိန္ဒိယ နိုင် ငံ သား နှင့် တွေ့ ဆုံရန်ဖြစ်ပါသည်။

သို့သော် အိမ်ပြန်ချိန်တွင် ပြန်ရောက်မလာနိုင်ခဲ့ပါ။ ထို့ကြောင့် အတူနေ သူငယ်ချင်း များ သည် ကုမ္ပဏီရှိတာဝန် ရှိသူများ ထံ သတင်း ပို့ခြင်း ၊ တာဝန်ရှိသူများမှ ဒူဘိုင်း ရဲအား အကြောင်း ကြား ခြင်း အား တတ်အားသ၍ ဆောင်ရွက်ကြပါသည်။

သို့သော် ဘာသတင်း အစအန မျှ မရခဲ့ပါ။

၎င်း နှင့် နောက် ဆုံး တွေ့ ဆုံ သူအဖြစ် ၄င်း နှင့် ရည်ငံနေသူ အိန္ဒိယ နိုင်ငံသား အား မေးမြန်း ရာ ၄င်း တို့ တွေ့ ဆုံပြီး နောက် အဆောင် အနီး သို့ပြန်ပို့ခဲ့ကြောင်း ပြောပါသည်။ ၄င်း ပြောသော နေရာနှင့် အဆောင် သည် လမ်း လျှောက်ပြန်လျှင် ၁၀ မိနစ် ၊ ၁၅ မိနစ် ခန့် လျှောက် ရပါသည်။ ထို့ကြောင့် ၄င်း အချိန် အတွင်း ပျောက် ဆုံး သွား ခြင်း ဖြစ်ပါသည်။

၂၂ ၊ ၂ ၊ ၂၀၀၉ နေ့တွင် ဆောက်လုပ်ရေးလုပ်သား တစ်ဦး မှ သူမ ၏ အလောင်း ကို တွေ့ ရှိခြင်း ဖြစ်ပါသည်။ အလောင်း မှာ ၀တ်လစ်စလစ် နှင့် ပုတ်ပွနေပါသည်။

သေဆုံးသူ အမျိုး သမီး မှာ ငယ်ငယ် ရွယ်ရွယ် ဖြစ်ပါသည် ။ အသား ဖြူပါသည် ။ အရပ်မှာ ၅ပေကျော် လောက်ဖြစ်ပါသည်။

ကျွန်တော် နှင့် သေဆုံးသူ အမျိုးသမီး သည် ကုမ္ပ ဏီ တစ်ခုတည်း ၏ လက်အောက်တွင်အလုပ် လုပ်နေကြသော်လည်း ဌာန မတူသော ကြောင့် မတွေ့ဖြစ်ကြပါ။ ၄င်း တို့ ရောက်ခါ စ အချိန် က ကျွန်တော် ကိုယ်တိုင် အားလုံး ကို ကုမ္ပဏီမှာ အရင် က ဒီလိုမျိုး ဇာတ်လမ်း တွေ ရှိခဲ့ဖူး ကြောင်း ၊ ထို့ကြောင့် အသွား အလာ အနေအထိုင် ဆင်ခြင် ကြစေလိုကြောင်း ၊ အထူးသဖြင့် နိုင်ငံခြား သား နှင့် ဇာတ်လမ်း မရှုပ်ကြဖို့ ကျွန်တော် ကိုယ် တိုင် သူတို့ အားသတိပေး စကား ပြောခဲ့ဖူးပါသည်။ ( picnic တစ်ခု စီစဉ်ပေးပြီး အားလုံးလူ (၄၀ )ကျော် ကို သတိပေးစကား ပြောခဲ့တာပါ )

အဘယ်ကြောင့် ဆိုသော် ကုမ္ပဏီ မှာ အလုပ်လုပ် လျှက် ရှိသော ကပ္ပလီ မတစ် ယောက် လည်း ထိုကဲ့သို မုဒိမ်း ကျင့် ခံ ရဖူးသော သာဓက ရှိသောကြောင့် ဖြစ်ပါသည်။ ကုမ္ပဏီမှ အပြန် တရားမ၀င် TAXI ငှား စီးပြီး ပြန်သွားရာ ၆ ရက်လောက် မုဒိမ်း ကျင့်ခံလိုက်ရလေသည်။သို့သော် အသက်မသေပါ။

ယခုပြောနေသော အကြောင်း အရာတို့ မှာ ကျွန်တော်အလုပ် လုပ်လျှက်ရှိသော ကုမ္ပဏီ မှ ၀န်ထမ်းများ ၏ ဇတ်လမ်း များ ဖြစ်ပါသည်။ ကျွန်တော် ကြားယုံသား ကြားရသော ဇတ်လမ်း များ မှာ ဒုနှင့် ဒေး။

ယခု ဒီစာကို ရေးရခြင်း အကြောင်း အရင်း မှာ ပုဂ္ဂိုလ်ရေး အရ စော်ကား လိုစိတ် လုံး ၀ မရှိပါ။

မြန်မာ ပြည်မှ ဒူဘိုင်း DUBAI သို့ ရောက်ရှိနေကြသော မြန်မာ နိုင်ငံသူ ၊နိုင်ငံသား များ

မြန်မာ ပြည်မှ ဒူဘိုင်း DUBAI သို့ လာ လတ္တံ့ ဖြစ်သော မြန်မာနိုင်ငံသူ ၊ နိုင်ငံ သား များ

မိမိတို့နှင့် ပတ်သတ်သော သူငယ်ချင်း မိတ် ဆွေများ အား သတိပေး စကား ပြောကြားလိုသော မြန်မာနိုင်ငံသူ ၊ နိုင်ငံ သား များ ၏ ကိုယ်စား ယခုစာကို ရေးသား ရခြင်း ဖြစ်ပါသည်။

ကျွန်တော် ရေးသော စာ အတွက် ကျွန်တော့် တွင် တာဝန် အပြည့် ရှိပါသည်။ မကျေလည် သည်များ ရှိခဲ့သော် နေစိုးနိုင် nsnaing@gmail.com သို့ဆက်သွယ်နိုင်ပါသည်။

ဒူဘိုင်း သို့ရောက်နေသော သူငယ်ချင်းများ နှင့် ဒူဘိုင်း ကို လာ အလုပ်လုပ် လိုသော မြန်မာနိုင်ငံသူ၊ သား များ သိထား သင့် သည် ဟု သင် ယုံကြည်လျှင် ယခု စာ အား forward လုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ယနေထုတ် သတင်း စာ Gulf News ပါသတင်း အား ဖတ်လိုလျှင် http://www.gulfnews.com/nation/Police_and_The_Courts/10288679.html ကို ၀င်ရောက် ဖတ်ရှူနိုင်ပါသည်။

လေးစားစွာဖြင့်
နေစိုးနိုင်
၂၃ ၊ ၂ ၊ ၂၀၀၉

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-