နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Showing posts with label သုခဘုံဆိုသည်မှာ. Show all posts
Showing posts with label သုခဘုံဆိုသည်မှာ. Show all posts

Friday, January 11, 2013

အစ်စလမ်တွေ မများလာခင်အထိ ငါတို့နိုင်ငံဟာ အေးအေးချမ်းချမ်းပဲ

လီကွမ်းယူနဲ့ အစ္စလာမ် ဘာသာ (အင်တာဗျူး)


မေး ။ ။ မစ္စတာလီရဲ့ လူမျိုးပေါင်းစုံ စုပေါင်းညီညွတ်စွာ နေထိုင်ရေးမူဝါဒဟာ (၄၅) နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ စင်ကာပူရဲ့ အခြေခံအုတ်မြစ်ပါပဲ။ စင်ကာပူရဲ့ လွတ်လပ်ရေးရတဲ့နေ့ ၁၉၆၅- ခု၊ သြဂုတ်လ ၉ ရက်နေ့က ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ စင်ကာပူဟာ မလေးရှားမဟုတ်၊ ချိုင်းနား (တရုတ်) မဟုတ်၊ အိန္ဒိယမဟုတ်လို့ ကြေငြာအသိပေးခဲ့တယ်နော်။ နောက်ကို ပြန်လှည့်ကြည့်ရင် ဒီလမ်းစဉ်ပေါ်မှာ အောင်မြင်မှုရအောင် ဘယ်လိုအစချီခဲ့ရသလဲဆိုတာ ပြောပြပေးပါလား။
ဖြေ ။ ။ မွတ်ဆလင်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံမဖြစ်ချင်ပေမယ့် ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ရတယ်။ အစ်စလမ်တွေ မများလာခင်အထိ ငါတို့နိုင်ငံဟာ အေးအေးချမ်းချမ်းပဲ တိုးတက်လာခဲ့တယ်။ ဘာကြောင့်များလဲလို့ ငါ့အမြင်ကိုမေးရင်- ဒီပြင်လူတွေက အချင်းချင်းရောနှောလို့ရတယ်။ မိတ်ဆွေဖွဲ့လို့ရတယ်။ အပြန်အလှန် အိမ်ထောင်ပြုလို့ရတယ်။ အိန္ဒိယန်းနဲ့ တရုတ်၊ တရုတ်နဲ့ အိန္ဒိယန်း သူတို့အချင်းချင်း ဆက်ဆံနှီးနှောရတာ ပိုလွယ်တယ်။ မွတ်ဆလင်တွေနဲ့ကျတော့ အဲသလိုမဟုတ်ဘူး။ အဲဒါ အာရပ်နိုင်ငံတွေက မွတ်စလင်တွေကြောင့်ပဲ။
မင်းက မွတ်ဆလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်း မွတ်ဆလင်လုပ်ရ၊ ဖြစ်ရမယ်။ ဒါကြီးက မွတ်ဆလင်ဘာသာဝင်မဟုတ်သူတစ်ယောက်အတွက် အတော်ခက်တဲ့ ကိစ္စကြီးပဲ။ ဆိုလိုတာက လိုက်(ဖ်) စတိုင်တွေ အကုန်လုံးပြောင်းရတာ။ မင်းဗလီတက်မယ်ဆိုရင် အာရပ်ဘာသာ သင်ရတယ်။ ရွတ်ရ၊ ဖတ်ရတာကလည်း အာရပ်လို။ အစားအစာတောင်မှ အာရပ်ပုံစံ။ ဒါက ကျော်လွှားဖို့ တော်တော်ခက်တဲ့ကိစ္စလို့ ငါမြင်တယ်။
ရာဇာရတနန်ရဲ့ အိုင်ဒီယိုလော်ဂျီကို ငါမွေးစားခဲ့တာ။ ဒီအခက်အခဲက ဆယ်စုနှစ်များစွာကြာတာတောင်ကျော်ဖြတ်နိုင်ဖို့ မလွယ်ကူလှဘူးဆိုတာ ငါကောင်းကောင်း သဘောပေါက်ခဲ့တယ်။ အခုလက်ရှိအဖွဲ့ကို မရရအောင် တဖြည်းဖြည်းချင်း ငါတို့စည်းရုံးယူခဲ့ရတာ။ လက်ရှိအခြေအနေအရ ငါပြောမယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို အလွယ်တကူ နှီးနှောနေထိုင်လို့ရတယ်။ အစ်စလမ်ကလွဲရင်။

မေး ။ ။ စင်ကာပူမှာ မွတ်ဆလင်တွေရှိနေတာက စင်ကာပူရဲ့ လူမျိုးပေါင်းစုံ ညီညွတ်စွာနေထိုင်ရေးအတွက် အဟန့်အတားဖြစ်နေတယ်လို့ ဆိုလိုတာလား။
ဖြေ ။ ။ ငါ ဒီလိုမဆိုလိုပါဘူး။ မွတ်ဆလင်တွေကြောင့် လူမှုရေးပြဿနာတွေတက်တာမျိုး မရှိပါဘူး။ သူတို့က သီးသန့်ခပ်ဝေးဝေးက နေတတ်ကြတယ်။
ငါ့ခေတ်တုန်းက ငါနဲ့အတူလက်တွဲပြီးလုပ်ခဲ့ကြတဲ့ Othman Wok တို့ Rahim Ishak တို့ရှိတယ်။ သူတို့ ဘာသာရေးပြဿနာတွေ ဆွဲသွင်းမလာခင်အထိ အေးအေးဆေးဆေးပဲ။ ဘီယာအတူတူသောက်ကြတယ်။ စည်းရုံးရေးတွေ အတူတူဆင်းကြတယ်။ ရွေးကောက်ပွဲ အတူတူဝင်ကြတယ်။ အတူတူစားကြတယ်။
အဲဒီမှာ သူတို့ကမေးတယ် “ ပန်းကန်ပြားက သန့်ရှင်းသလား” တဲ့။ ငါကပြောတယ်။ အားလုံးအတူတူ ဆေးကြောထားတာပဲလို့။ ငါဆိုလိုတာက သူတို့ကစပြီး ခွဲခြားလာတာ။ ငါတို့က ဒါကိုယုံကြည်ကိုးကွယ်တယ်။ မင်းက မယုံကြည်၊ မကိုးကွယ်ဘူး။ ဒါမျိုး။ ရောဂါပိုးမွှားနဲ့ ပတ်သက်ရင်တော့ ဟုတ်ပါတယ်။ သူတို့မေးတဲ့ သန့်ရှင်းသလားဆိုတာက ရောဂါပိုးမွှားကိစ္စကို ပြောတာမဟုတ်ဘူး။ သူတို့ ဘာသာရေးဆိုင်ရာ ဝန်ခံကတိပြုချက်တွေကို ပြောတာ။ ဒါမျိုးတွေက ငါလိုက်လုပ်လို့မရတဲ့ကိစ္စတွေ။

မေး ။ ။ အတူတကွ လက်တွဲသွားကြဖို့ မွတ်ဆလင်တွေဖက်က ဘာတွေလိုက်လျောဖို့လိုမလဲ။
ဖြေ ။ ။ ဘာသာရေး အယူသီးတာတွေကို လျှော့။ “ အိုကေ၊ ငါတို့ အတူတူပဲစားမယ်” ဆိုတာမျိုး ဖြစ်ပါစေပေါ့။

မေး ။ ။ ထမင်းအတူတူမစားဘဲ တခြားပေါင်းစည်းလို့ ရနိုင်တဲ့နည်းတွေ ရှိနေတာပဲ မဟုတ်လား။
ဖြေ ။ ။ မလေးမဟုတ်သူ၊ မွတ်ဆလင်မဟုတ်သူတွေရဲ့ တုန့်ပြန်မှုတွေကို ငါပြောပြမယ်။
ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အနားယူသွားတဲ့ ဝန်ကြီးတွေအတွက် ဂုဏ်ပြုနှုတ်ဆက်ညစာ ငါကျွေးတယ်။ ဝန်ကြီးဘဝကနေ အနားယူပြီးဖြစ်တဲ့ Othman Wok ကိုလည်း ဖိတ်တယ်။ သူက ငါ့စားပွဲမှာ။ အထူးစီစဉ်ထားတဲ့ စားစရာတွေ သူ့အတွက်လာချတာကို ငါတွေ့လိုက်တယ်။ ဒါနဲ့ ငါက “Othman မင်းက အထူးစီစဉ်ပေးဖို့ မှာထားတာလား” လို့မေးတော့ သူက “ မဟုတ်ပါဘူး” တဲ့။
ဒါနဲ့ ငါက ထမင်းပွဲလာချတဲ့လူကို “မင်းက ဘာကြောင့် သူ့အတွက် အထူးစီစဉ်ပေးတာလဲ၊ သူက ငါစားသလို မစားနိုင်ဘူးလား။ ဒီမှာ ဝက်သားမှ မပါတာပဲ” လို့မေးတယ်။
“ဝန်ကြီးချုပ်ခင်ဗျား၊ မွတ်ဆလင်တွေဟာ မွတ်ဆလင်အစားအစာပဲ စားရပါတယ်။ အဲသလိုမဟုတ်ရင် မကျေမချမ်းဖြစ်စရာတွေ အများကြီးရှိပါတယ်” တဲ့။

မေး ။ ။ သူ့ထမင်းကိုပဲ သူစားတဲ့အတွက် မစ္စတာလီကို အတိုက်အခံလုပ်တယ်လို့ ထင်မိလို့လား။
ဖြေ ။ ။ မထင်ပါဘူး။ ငါခံစားလိုက်ရတာက ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ ငါ့သူငယ်ချင်းလည်း ပြောင်းလဲသွားပြီ။ ဆယ်စုနှစ်များစွာ သူနဲ့ငါက မိတ်ဆွေရင်းတွေ။ သူက ၁၉၅၀၊ ၆၀ ၊ ၇၀- ခုတွေမှာ ငါနဲ့အတူတူ လက်တွဲပြီး စည်းရုံးရေးဆင်းလာတဲ့လူ၊ အခု သူပြောင်းလဲသွားပြီ။ ဒါလောက်ပါပဲ။ ကောင်းမကောင်းကို ငါပြောနေတာမဟုတ်ဘူး။ ငါဆိုလိုတာက လူထုရှေ့မှာဆို သူ့မှာ ဖိအားတွေက အများကြီးပဲလို့ပြောတာ။
ငါက Telok Kurau အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တာ။ မလေးသူငယ်ချင်းတွေ အများကြီးရှိခဲ့တယ်။ ရပ်ဖဲ(လ်) ကျောင်းမှာလည်း အတူတူပဲ။ တစ်ချို့မလေးသူငယ်ချင်းတွေက ရပ်ဖဲ(လ်) ကို ဆက်တက်ကြတယ်။
ကျောင်းသားဘဝတစ်လျှောက်လုံး ဒီလိုပဲဖြတ်သန်းလာခဲ့ကြတာပဲ။ မလေးအစားအစာတွေ ငါတို့အတူတူ ကျောင်းဘေးကဆိုင်ကနေ ဒီလိုပဲဝယ်စားလာကြတာ။
အဲဒီတုန်းက ကျောင်းကဖွင့်တဲ့ဆိုင်တွေ မရှိသေးဘူး။ အိမ်ကနေ နှစ်ဆင့်ယူလာပြီး nasi lemak ဝယ်စားကြရတာ။ အဲဒီမှာ ကွေ့တျောင်(Kway teow) ရောင်းတဲ့လူလည်းရှိတယ်။
*** (Nasi lemak- မလေးအစားအစာတစ်မျိုး ၊ Kway teow- တရုတ်အစားအစာတစ်မျိုး)
အခုဆို ကျောင်းတွေ၊ တက္ကသိုလ်တွေကိုသွားကြည့်၊ မွတ်ဆလင်တွေ စားလို့ရတဲ့အသား၊ စားလို့မရတဲ့အသားတွေ ကွဲနေပြီး (halal and non-halal) စားရင်လည်း အတူတူတွဲထိုင်ပြီး မစားကြဘူး။ ဒါတွေကြောင့် လူမှုရေးအကွဲအပြဲတွေ ဖြစ်ကုန်မှာ။ ဒါတွေနဲ့ပတ်သက်လို့ အမှားအမှန်ကို ဝေဖန်နေတာမဟုတ်ဘူး။ ငါဆိုလိုတာက ဘာသာရေးကိုလိုက်နာတယ်ဆိုပေမယ့် ပြန်ပေးရမယ့်ကိစ္စတွေက အများကြီးဖြစ်နေတယ်။ ဒါကြောင့် အစ္စလာမ်ဟာ သီးသန့်ကြီးဖြစ်နေတယ်လို့ ပြောတာ။

မေး ။ ။ နိုင်ငံတော်တည်ဆောက်ရာမှာ တကယ့်အဟန့်အတားကြီး ဖြစ်နေသလား။
ဖြေ ။ ။ SAF ထဲမှာ အစားအစာနှစ်မျိုး စီစဉ်ပေးနေရတယ်။ ဆိုပါတော့၊ စစ်ပွဲကိုထွက်မယ်၊ ထမင်းခွဲပြီးစား၊ ကျည်ဆန်တွေက ဘေးမှာ ပလူပျံ။ ဘယ်လိုလဲ။ တို့ဖြစ်အောင်တော့ ကြည့်စီစဉ်နိုင်ပါတယ်။ အခုပဲ မင်းက မေးခွန်းမေးတယ်။ သီအိုရီဆန်တဲ့ မေးခွန်း။ ငါက လက်တွေ့ဦးဆောင်ခဲ့ရတဲ့ ကောင်။ နောက်လူငယ်ခေါင်းဆောင်တွေဆိုရင် ဒီထက်ကွဲပြားတဲ့ လူမှုရေးတွေကို ဖြေရှင်းကြရဦးမှာ။ ထမင်းနှစ်မျိုး၊ ဘာနှစ်မျိုး၊ ညာနှစ်မျိုး စသဖြင့်ပေါ့။ ဘာတတ်နိုင်မှာတုန်း။ အဲဒါက ဘဝပဲဟာကို။
စင်ကာပူထဲဝင်လာတဲ့ နိုင်ငံခြားသားတွေကိုကြည့်။ မလေးလူမျိုး၊ အင်ဒိုနီးရှားလူမျိုးတွေ သိပ်မရှိဘူး။ သူတို့က စင်ကာပူဟာ အစ္စလာမ်ဘာသာမဟုတ်တဲ့ နိုင်ငံလို့မြင်ထားကြတယ်။ ဒီတော့ အထူးအခွင့်အရေးတွေလည်း မရတော့ဘူးပေါ့။ ဒါနဲ့ တို့က အာရပ်တွေ လာအောင်လုပ်တယ်။ ဒီကောင်တွေက လူချမ်းသာတွေ။ သူတို့ ဒီလိုရောက်လာရင် မလေးမိန်းကလေးတွေကို လက်ထပ်ကြတယ်။ သိပ်တော့ မများလှဘူး။
ဒီတော့ ရလဒ်က အိန္ဒိယန်းတွေက မလေးလူဦးရေကို လိုက်လာနေတယ်။ (၇) ရာခိုင်နှုံးကနေ (၉) ရာခိုင်နှုန်းအထိရှိလာတယ်။ မလေးက (၁၄- ၁၅) ရာခိုင်နှုန်းလာက်ရှိမယ်။

မေး ။ ။ မလေးတွေရဲ့ ကလေးမွေးဖွားနှုန်း ဒီလောက်မြင့်နေတာတောင် စင်ကာပူမှာ အဲသလိုဖြစ်နေသလား။
ဖြေ ။ ။ ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားဦးရေက ကလေးမွေးဖွားနှုံးကို ကျော်တက်နေတယ်။ အရည်အချင်းရှိတဲ့ အိန္ဒိယန်းတွေ တို့ဆီတော်တော်များများ ရောက်လာနေတယ်။ အိန္ဒိယတောင်ပိုင်းက လူငယ်ပညာတတ်တွေ အများကြီးပဲ။ သူတို့က အများအားဖြင့် အဆင့်ရှိတဲ့ တက္ကသိုလ်၊ အင်စတီကျုတွေကနေ ဘွဲ့ရသူတွေချည်းပဲ။ ဒီကိစ္စက အလေးထားကိုင်တွယ်ရမယ့်ကိစ္စတော့ ဖြစ်တာပေါ့။ အားလုံးကို မျှမျှတတ ဆက်ဆံမှရမယ်။
မွတ်ဆလင်တွေရဲ့ ဘာသာရေး၊ သူတို့အစားအစာ၊ သူတို့ ဗလီတွေရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ဘာမှ ငါဝင်မစွက်ခဲ့ဘူးပါဘူး။ ကျူရှင်သင်တန်းတွေ ပေးနေကြတာအပါအဝင်ပဲ။

မေး ။ ။ စင်ကာပူက မွတ်ဆလင်နိုင်ငံကြီးတွေ ကြားထဲမှာဆိုတော့ ဒီအချက်ကလည်း အရေးကြီးတာပဲမဟုတ်လား။
ဖြေ ။ ။ ဒေသတွင်းက မွတ်ဆလင်တွေနဲ့ တို့နိုင်ငံရဲ့ မွတ်ဆလင်တွေ ဆက်ဆံရေးက လက်တွေ့ဆန်ပါတယ်။ တွေ့ကြ၊ ဆုံကြ၊ တီဗွီကြည့်ကြ။ ကျောင်းတွေမှာ သူတို့ခေါင်းစွပ်တွေက ပြောစရာကိစ္စတွေဖြစ်နေတယ်။ မလေးရှားရဲတွေတောင် ခေါင်းစွပ်တွေနဲ့ဆိုတော့ သူတို့လည်း စွပ်ရမယ်လို့ပြောကြတယ်။ အင်ဒိုနီးရှားတွေကလည်း တဖြည်းဖြည်းနဲ့ ခေါင်းတွေဖုံးလာကြပြီ။ အကုန်လုံးတော့ မဟုတ်ဘူး။ တစ်ချို့ခေါင်းဆောင်တွေ မလုပ်ကြပါဘူး။
ငါတို့ဘက်ကလည်း ရပ်တည်ချက်က ခိုင်မာမှရမယ်။ ငါကပြောတယ်။ “ ဒါက ကျောင်းဝတ်စုံမဟုတ်ဘူး။ စာသင်ခန်းရှေ့ပိုင်းမှာ နေချင်ရင် ခေါင်းမစွတ်ရဘူး။ နောက်ဖေးမှာဆိုရင်တော့ ခေါင်းစွပ်ဝတ်ချင်ဝတ်” လို့။
အဆင်ပြေအောင်တော့ တတ်နိုင်သ၍ ကြိုးစားကြတာပဲ။ ဒါပေမယ့် လူထုနဲ့ နိုင်ငံခြားသားတွေကိုတော့ တို့ကျောင်းဝတ်စုံက ဒါပဲဆိုတာ သိသွားစေချင်တယ်။ ဒါမျိုးတွေ လာလုပ်လို့မရဘူး။ ဒီမှာ အလုပ်လုပ်မယ်။ ဒါဆိုရင် သူများဝတ်သလိုပဲ ဝတ်၊ သူများလို မဝတ်နိုင်ရင် နောက်ဖေးက ကွန်ပြူတာမှာ သွားလုပ်။ ဟိုတုန်းက မရှိခဲ့ဘူးတဲ့ပြဿနာတွေ အခုဒီမှာ အများကြီးပဲ။
ဘာကြောင့်လဲဆိုတော့၊ ငါတို့က သူတို့အကြောင်းပိုသိနေလို့။
ဟိုးနှစ်ပေါင်းရာချီစဉ်က အစ္စလာမ်ဆိုတာ အာရပ်ကုန်သည်တွေသယ်လာလို့ ဒီကိုရောက်လာတာ။ ဒီရောက်ဖို့ သုံးလေးလကြာကောင်းကြာမယ်။ ဒီရောက်လာပြီးတဲ့နောက် သူတို့အလေ့အကျင့်တွေကို ဟိုမှာထားခဲ့ပြီး ဒီမှာရှိတဲ့လူတွေနဲ့ အတူတူပေါင်းပြီး နေထိုင်လာခဲ့ကြတာ။


မေး ။ ။ အစီအစဉ်တစ်ချို့ကိုတော့ အစိုးရကစပြီး ကျင့်သုံးနေတယ်။ ဆိုပါတော့ HDB တိုက်မှာ လူမျိုးစုအလိုက် ကိုတာခွဲရောင်းပေးတာတို့၊ အဖွဲ့လိုက် မဲဆန္ဒနယ်တွေကို ဆင်းတာတို့ပေါ့။ အနာဂတ်မှာ အကွဲအပြဲတွေ ဖြစ်လာမယ်လို့မြင်မိသလား။ ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။
ဖြေ ။ ။ လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀- ကို ကြိုမပြောတတ်ဘူး။ ဖြစ်မယ်လို့တော့ မထင်ဘူး။

လီကွမ်းယု ရဲ့ " Hard Truths ( to keep Singapore going " စာအုပ်) မှ အခန်းတစ်ခန်းဖြစ်ပါတယ်။

မူရင်းလင့်
ကမ်းလက်ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။
http://cammlek.blogspot.co.uk/2012/09/blog-post_19.html#.UF9XFVFVdEw

Read More(အပြည့်အစုံဖတ်လိုလျင်).......

Monday, March 9, 2009

မြန်မာ သိပ္ပံပညာရှင် ၂ဦးအား NASA က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်လိုက်ခြင်း

အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ (National Aeronautics and Space Administration)က မြန်မာ သိပ္ပံပညာရှင် ၂ ဦးအား ၊ ဂုဏ်ထူးတောင်ပါရဂူဘွဲ့များ ပေးအပ်ချီးမြှင့်လိုက်ကြောင်း နှင့် အဆိုပါ ဆုရရှိခြင်းအတွက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဂုဏ်ပြုကြိုဆို စကားပြောကြားလိုက်ကြောင်း သိရသည် ။

သိပ္ပံပညာရှင်တစ်ဦးမှာ ဓါတုဗေဒပစ္စည်း တစ်မျိုးကို အောင်မြင်စွာ ၊ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ၊ အခြား မြန်မာ သိပ္ပံပညာရှင် တစ်ဦးမှာ အာကာသဆိုင်ရာ လေ့လာတွေ့ရှိချက်အသစ် တစ်ခုကို ထုတ်ဖော် တင်ပြ နိုင်ခဲ့ခြင်းကြောင့် ထိုကဲ့သို့ ချီးမြှင့်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည် ။

မြန်မာသိပ္ပံပညာရှင်တစ်ဦးက ထုတ်လုပ်လိုက်သော အဆိုပါ ဓါတုဗေဒပစ္စည်းကြောင့် အမေရိကန်ပြည်သူ သန်းပေါင်းများစွာတို့ကို အလုပ်အကိုင်အခွင့်အလန်းသစ်များ ရရှိစေမည်ဟုဆိုသည် ။ ယခုအခါ ၄င်းဓါတုပစ္စည်းများကို စမ်းသပ်ထုတ်လုပ်မှုအဆင့် (Test Running)ကို အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ၊ ပစ္စည်းပမာဏ မည်မျှများပြားစွာ ထုတ်လုပ်မည် ၊ မည်သို့ ထိန်းသိမ်းထားရှိမည် စသည်တို့ကို အဆုံးအဖြတ်ပေးနိုင်ရန် လာမည့် အေပြီလတွင် အထက်လွတ်တော်နှင့် အောက်လွတ်တော် ၂ ရပ်ပေါင်း ပူးတွဲကျင်းပမည့် ညီလာခံတွင် အတည်ပြုချက်ရယူမည်ဟု အိမ်ဖြူတော်ပြောခွင့်ရ အရာရှိက ထုတ်ဖော်ပြောကြားလိုက်သည်။

မြန်မာသိပ္ပံပညာရှင်ကြီး၏အမည်ကို ထုတ်ဖော်ပြောဆိုရန် အိမ်ဖြူတော်က ငြင်းဆိုလျက်ရှိသော်လည်း ၊ တီထွင်ထုတ်လုပ်လိုက်သည့် ဓါတုပစ္စည်းမှာ ၊ မည်သည့် အရာဝတ္ထုနှင့် မဆို ထိလျင်ထိချင်း အစအနလက်ကျန်လုံးဝ မရှိအောင် ဖျက်ဆီးနိုင်သည့် ဓါတုပစ္စည်းအသစ်ဖြစ်သည်ဟု ဆိုသည် ။

အာကာသဆိုင်ရာ လေ့လာတွေ့ရှိချက်အသစ်မှာ ၊ နေဗဟိုပြုအာကာသစနစ်(Solar System Universe) ၏ နောက်ဆုံးပိတ်အချိန်ကို ထုတ်ဖော်တင်ပြနိုင်ခဲ့သည်ဟုဆိုသည် ။ ထိုသို့ ထုတ်ဖော်နိုင်လိုက်ခြင်းသည် ၊ အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးတရားစီရင်မည့်နေ့ကို ထုတ်ဖော်လိုက်သလို ဖြစ်သွားသည်ဟု ဆိုသည် ။ အဆိုပါ ထုတ်ဖော်တင်ပြနိုင်မှု အတွက် ၊ အလ္လာအရှင်မြတ် နောက်ဆုံးစီရင်ချက်ချမှတ်မည့်ရက်(ကီယာမ)ကို စောင့်ဆိုင်းနေကြသည့် သန်းပေါင်း အသင်္ချေ အနန္တ မြောက်များစွာသော တမလွန်နိုင်ငံသူ နိုင်ငံသားများက တစ်ခဲနက်ထောက်ခံကြိုဆိုလိုက်ကြသည်ဟုဆိုသည် ။

ထို စကြ်ာဝဠာ၏ နောက်ဆုံးနေ့ကို ထုတ်ဖော်တင်ပြလိုက်သူမှာ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ္တ ပညာရှင် ဆရာမင်းသိင်္ခဖြစ်သည်ဟု အိမ်ဖြူတော် ပြောခွင့်ရ အရာရှိက ထုတ်ဖော်ပြောကြားလိုက်သည် ။

နာမည်ကျော် တမလွန်နိုင်ငံသူနိုင်ငံသားများနှင့် ကျနော်တို့မစ်ရှင်မှ အထူးသတင်းထောက် မစ္စတာ ဟာဂျီ ဝက်စ်လီ (ဂျူနီယာ) က ၊ အင်တာဗျူးပြုလုပ်ထားရာ ပရိတ်သတ်များကို ဖောက်သည်ချလိုက်ပါသည် ။
ပထမဆုံးဗျူးခွင့်ရခဲ့သူမှာ ၊ အဒေါ့ဖ်ဟစ်တလာဖြစ်ပါသည် ။

ဟာဂျီ ။ ။ ခေါင်းဆောင်ကြီးခင်ဗျာ ။ ကီယာမ (နောက်ဆုံးတရားစီရင်မည့်နေ့) ကို ထုတ်ဖော်တင်ပြလိုက်နိုင်တဲ့ အတွက် ဘယ်လိုခံစားရပါသလဲခင်ဗျာ ။
ဟစ်တလာ ။ ။ ကျနော်ကတော့ဗျာ ၊ အကောင်းဆုံးပြင်ဆင် အဆိုးဆုံးမျှော်လင့်ထားပြီးသားပါ ။ ဘယ်လိုပဲ ဖြစ်လာလာ ပြဿနာမရှိပါဘူး ။ အမတသုခဘုံ(ဂျန္နတ်)ပဲဖြစ်ဖြစ် ငရဲဘုံ(ဂျဟန္နမ်)ပဲ ဖြစ်ဖြစ် ကျနော်မမှုပါဘူး ။ လုပ်ရဲခံရဲပါတယ်ဗျာ ။ ဒါပေမယ့်ဗျာ ၊ ဒီနိုင်ငံမှာကျနော် မစောင့်နိုင်တော့ဘူးဗျာ ။ ခင်ဗျားတို့ လူ့ပြည်က လူတွေသိသာ မြင်သာ အောင်ရှင်းပြရလျင် ကျနော်တို့ တမလွန်နိုင်ငံက ခင်ဗျားတို့ ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်စခန်းလို ဖြစ်နေလို့ဗျ ။ ဘာ(Road Map)လမ်းညွှန်မြေပုံ ၊ ဘာ(Time Table) အချိန်ဇယားမှ မရှိတော့ စောင့်ရတာ စိတ်ကုန်ပြီဗျာ ။ ဒီမှာ နေကိုမနေချင်တော့ဘူး ။ ထပ်ပြီးတော့ကို သေလိုက်ချင်တော့တာ ၊ သည်မှာ ခက်နေတာက ကျနော်တို့ တမလွန်နိုင်ငံသူ နိုင်ငံသားတွေက တရားဝင် သေခွင့်မရှိဘူးဗျ ။ ကျနော်တို့ သေရင် ထပ်သွားရမယ့် နေရာမရှိဘူးဖြစ်နေတယ် ။ နောက်ပြီး ၊ ကျနော် သတ်ခဲ့တဲ့ ဂျူးတွေလည်း သည်မှာ အတူတူလာဆုံနေကြတော့ ၊ သူတို့တစ်တွေ ခဏခဏ ဆန္ဒပြကြတယ်ဗျာ ။ အဲဒါစိတ်ညစ်တာ ။ အခုတော့ ဗျာ ၊ သည်နိုင်ငံမှာ ကျနော် နေပျော်ပါပြီ ။ ရက်အတိအကျ သိရပြီဆိုတော့ ။ ဆရာ မင်းသိင်္ခကို ကျေးဇူးအထူးတင်တယ်ဗျာ ။


နောက်တစ်ဦး ဗျူးခွင့်ရသူမှာ မာသာထရီဇာ ဖြစ်ပါသည် ။ ဟာဂျီ ။ ။ မာသာခင်ဗျာ ။ ကီယာမကို တွေ့ရှိခြင်းအပေါ် မာသာရဲ့ သဘောထားလေး ချီးမြှင့်ပါလားခင်ဗျာ။
မာသာ ။ ။ မာသာက ရောက်တာ သိပ်မကြာသေးပေမယ့် ။ သုခဘုံကို သွားဖို့ပြင်ဆင်ထားပါတယ် ။ စောင့်ရတာတော့ မောတာပေါ့နော် ။ အခုလို ရက်အတိအကျ သိလိုက်ရတော့ ဝမ်းသာပါတယ် ။
ဟာဂျီ ။ ။ မာသာ အမတသုခဘုံ သွားဖို့ရာ ၊ ဘာတွေပြင်ဆင်မှုများပြုလုပ်ထားပါသလဲခင်ဗျာ ။
မာသာ ။ ။ သိရသလောက် ။ အမတသုခဘုံမှာ အမျိုးသမီးတွေက ၊ သလွန်ထက်မှာ မှီအုံးလေးတွေနှင့် စောင့်နေရတာလေ ။ သုခဘုံရောက် ကိုကိုကာလသားများ ပျော်တော်ဆက်ဖို့ဆိုပါတော့ ။ ကာလသားများပျော်လိုက်တာကလည်း လွန်ရော့ ။ တားမရ ဆီးမရဆိုသလိုပါပဲ ။ သုခဘုံရောက် အမျိုးသမီးများခင်ဗျာ ။ နားရတယ်မရှိဘူး ။ ငါ့သားကို မရိုသေ စကားပြောလိုက်ရဦးမယ် ။ နားနှင့်မနာ ဖဝါးနှင့်နာပါ ။ အမတဘုံရောက် အမျိုးသမီးများ ခင်မျာ ၊ ဆီးသွားဖို့တောင် အချိန် မရကြရှာပါဘူးကွယ် ။ သည်တော့ သုခဘုံရောက် အမျိုးသမီးများ လူ့အခွင့်အရေးရရှိဖို့ မာသာတိုက်ပွဲဝင်သွားမယ် ။ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်နေပါတယ် ။ မာသာက အာရဗီ စကားမတတ်တော့ တမန်တော် မိုဟာမက် (အစလာမိုဝလာဟီကွမ်ဝရားမုတုလာ) နှင့်တွေ့ရင် နှုတ်ဆက်ဖို့ အာရဗီစကား နည်းနည်းပါးပါး လေ့လာနေတယ် ။ စာတော့မသင်တော့ပါဘူး ။ စာရေးပြလည်း မိုဟာမက်က နားလည်မှာမဟုတ်တော့ မလိုဘူးလို့ မာသာထင်တယ်လေ ။ ခုထိတော့ တမန်တော်ကြီးနှင့် မတွေ့ရသေးဘူး ။ အခုလိုဗျူးခွင့်ရတာ ကျေးဇူးတင်ပါတယ် ။ စာစောင်ထွက်ရင် မာသာကို အီးမေးလ်နှင့် တစ် စောင်ပို့ပေးနော် ။ ဘိုင်ဘိုင် ။

နောက်ဆုံးဗျူးခွင့်ရခဲ့တဲ့ သူကတော့ ဆက်ဒမ်ဟူစိန်ဖြစ်ပါတယ် ။
ဟာဂျီ ။ ။ သမ္မတကြီးခင်ဗျာ ၊ တရားစီရင်မည့်နောက်ဆုံးနေ့ကို ထုတ်ဖော်တွေ့ရှိခြင်းအတွက် ဘယ်လိုခံစားရပါသလဲခင်ဗျာ ။ ခံစားချက်လေး တစ်ဆိတ်လောက် ချီးမြှင့်ပါခင်ဗျာ ။
ဆက်ဒမ်။ ။ ရှင်းရှင်းပြောမယ် ။ ဝမ်းသာတယ်ကွ ။ ငါသတ်ခဲ့တဲ့ရွာသားတွေနှင့် ဒီမှာ လာဆုံနေကြတယ်ကွာ ။ သည်မှာ တော်တော် စိတ်ဆင်းရဲတယ် ။ ဒီမလာခင် အမှုရင်ဆိုင်ရင်း အမေရိကန်အချုပ်မှာ နေရတာကမှ ကောင်းသေးတယ်ကွာ ။ ဒီကောင်တွေ စားသလို ငါစားရတယ် ။ ဒီမှာ က ငါ့ကို ဆော်မယ့်အကောင်တွေချည်းပဲကွ ။ ငါသတ်ခဲ့တဲ့ ငါ့သမက်ကလည်း မကျေနပ်ဘူးတဲ့လေ ။ ငါ့ကို ပြန်ဆော်မယ်တကဲကဲလုပ်နေတာ ။ စိတ်ညှစ်တယ်ကွာ ။ နောက် လူ့ပြည်က အာဏာပါဝါတွေ သည်မှာ ကယ်ရီလုပ်လာလို့မရဘူး ။ အားလုံးက တန်းတူသဘောမျိုးဖြစ်နေလို့ ၊ နည်းနည်းခံသာနေတယ် ။ လက်နက်ကိုင်ဆောင်ခွင့်သာ ရကြရင် ၊ သည်မှာ မလွယ်ဘူး ။ ငါပြန်ခံရဖို့ရှိတယ် ။ ဘာပဲ ဖြစ်ဖြစ် အခုလို အလ္လာဟ် တရားစီရင်မယ့် ရက် အတိအကျ သိလိုက်ရတော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ် ။
ဟာဂျီ ။ ။ သမ္မတကြီးခင်ဗျာ ။ သုခဘုံသွားဖို့ ပြင်ဆင်ထားပါသလား ။ ငရဲဘုံသွားဖို့ ပြင်ဆင်ထားပါသလား ။ ကျနော်သိခွင့်ရမလားခင်ဗျာ ။
ဆက်ဒမ် ။ ။ ဟားဟားဟားဟား ။ မင်းတော်တော်တုံးပါလားကွ ။ ဘာလာလာ ဘာဂရုစိုက်စရာရှိလဲကွာ ။ နောက်ဆုံးရဲ့အချိန်ရဲ့နောက်မှာ ဘာအချိန်ရှိရအုံးမှာလဲကွ ။ ငတုန်းရ ။
ဟာဂျီ ။ ။ ဟာ ၊ ဘယ်လို ဘယ်လို ။ ပြန်အမိန့်ရှိပါအုံးခင်ဗျာ ။ ကျနော်မရှင်းလို့ပါ ။
ဆက်ဒမ်။ ။ ဟေ့ကောင်ငတုံးရ ။ မင်းစဉ်းစားကြည့်လေကွာ။ နောက်ဆုံးအချိန်ပြီးရင် ။ အချိန်မရှိတော့ဘူးကွ ။
ဘာအချိန်မှ မရှိတော့ဘူးလေကွာ ။ အချိန်က ဇီးရိုး ဖြစ်နေတော့ ။ သုခဘုံရောက်လည်း ပြီးပြီ ။ သုခဘုံမှာ ဘာရှိရှိ ။ စံမြန်းရမယ့်အချိန်က ဇီးရိုး ။ ဟဲဟဲ နှမြှောစရာတော့ အကောင်းသား ။ ငရဲရောက်တော့လည်း ဘယ်လောက်ပဲ အခြေအနေဆိုးနေနေကွာ ။ ခံရမယ့်အချိန်က ဇီးရိုး ။ မမှုပေါင်ကွယ် ။
ဟာဂျီ ။ ။ အော် ၊ ဒီလိုကိုးခင်ဗျ ။ ဒီကိစ္စ သမတကြီး အရင်ကတည်းက သိထားပါသလားခင်ဗျာ ။
ဆက်ဒမ်။ ။ လူ့ပြည်မှာ ကတည်းက သိတာကွ ။ ဒါကြောင့် ငါရမ်းနေတာပေါ့ကွာ ။ လူတွေသတ်တယ် ။ အမေရိကန်ကို စိမ်ခေါ်တယ် ။ အားကိုး ရှိလို့ပေါ့ကွာ ။ ဇီးရိုး ။ ဇိးရိုးပါဝါ ။ ဟဲဟဲ ။ ဟေ့ကောင် ဒီကိစ္စ မပေါက်ကြားစေနှင့်နော် ။ လူ့ပြည်သွားပြီးဖောက်သည်ချမနေနှင့်ဦး ။ မင်း ဒီသတင်း မီဒီယာမှာ ထည့်မယ်ဆို ငါ့ဆီ မူကြမ်းအရင်ပို့လိုက် ။ ကဲ ဘာထပ်မေးဦးမလဲ ။ ဒဗလျူဘူ့ရှ်ကိုပြောလိုက်စမ်းကွာ ။ စောင့်နေမယ်လို့ ။ ဒီရောက်တော့ အတူတူပေါ့ကွာ ။ အိုကေ ။ မင်း ဂိုးတော့ ။

သည်လောက်ပါပဲခင်ဗျာ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ရယ်သောသူသည် အသက်ရှည်၏ ။



လေးစားမှုဖြင့်-
ဟာဂျီဝက်စ်လီ ။


Read More(အပြည့်အစုံဖတ်လိုလျင်).......