နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, May 16, 2009

တမန်တော်မိုဟာမက်ကြီးကြင်ယာတော်အမြောက်အများလက်ထပ်ရခြင်းအကြောင်းရင်း

အစ္စလာမ်ဘာသာကို တည်ထောင်ခဲ့သူ ၊ ကမ္ဘာ့ကျော်စွာ၁၀၀မှ နံပါတ်တစ်ဆိုသူ ၊ မူဆလင်အပေါင်းတို့၏ စံပြဖြစ်တော်မူသော မြတ်တမန်တော်(မိုဟာမက်ကြီး)က ၊ ကြင်ယာတော်အမြောက်အများလက်ထပ်ရခြင်းအကြောင်းရင်း
ကို ဘလော့ကြွလာ မိတ်သဟာများ အမှားအယွင်းမရှိ ရှင်းလင်းစွာ သိရှိနိုင်ကြစေရန် ဒေါက်တာလှလှဝင်း(ရန်ကုန်ပညာရေးတက္ကသိုလ်)က ဘာသာပြန်ချက်မှ ကောက်နှုတ်တင်ပြအပ်ပါသည် ။
==============
မြတ်တမန်တော်()သည် ဇနီးကြင်ယာတော်(၁)ပါးခြင်းအား
လက်ထပ်ထိမ်းမြားခဲ့ရခြင်း၏ အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာ
ကြည့်မည်ဆိုလျှင် ထိမ်းမြားလက်ထပ်ခဲ့မှု အားလုံးသည် လူမှုရေး ပြုပြင်
ပြောင်းလဲမှု(သို့) နိုင်ငံရေး အသွင်သဏ္ဍာန် ပြုပြင် ပြောင်းလဲမှုတည်းဟူသော
အကြောင်းအရင်းများကြောင့် ဖြစ်ကြောင်းကို အသင့်အနေနှင့် လေ့လာ
တွေ့ရှိနိုင်ပေသည် ။

မြတ်တမန်တော်()၏ လိင်စိတ်မပြည့်ဝမှုကြောင့် အလျဉ်းမဟုတ်ပေ။
ပထမဦးဆုံး ဘီဘီခတီဂျာဟ်(Khadijah bint Khuwaylid)သခင်မကြီးနှင့် လက်ထပ်ထိမ်းမြားခဲ့လေသည်။
ထိုအချိန်တွင် သခင်မကြီး၏ သက်တော်မှာ (၄ဝ)ရှိ၍ ကိုယ်တော်မြတ်()၏
သက်တော်မှာကား(၂၅)နှစ်သာ ရှိပေသေးသည်။ ထို့ပြင် သခင်မကြီးသည် နှစ်ကြိမ်
တိုင်အောင် မုဆိုးမဖြစ်ခဲ့ပြီးဖြစ်သည်။
စဉ်းစားကြည့် စမ်းပါ။ အကယ်၍သင့်အနေနှင့်ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်လျှင် မြတ်တမန်တော် မိုဟမ္မဒ်()သည် ဘီဘီခတီဂျာဟ် ()သခင်မကြီး အသက်ထင်ရှားရှိနေစဉ် သက်တမ်း တစ်လျှောက်လုံးက
မည်သည့် အခြားကြင်ယာတော် တစ်ဦးကိုမျှ လက်ထပ်ထိမ်းမြားခဲ့ခြင်းမရှိချေ။
(At age 25, Muhammad wed his employer, the 40 year old merchant Khadijah. The marriage, his first, would be both happy and monogamous; Muhammad would rely on Khadijah in many ways, until her death 25 years late.)
ကိုယ်တော်မြတ်()၏ သက်တော်(၅ဝ)နှစ်ရောက်ရှိသောအခါ ဘီဘီခတီဂျာဟ် ()
သခင်မကြီးသည် အလ္လာဟ်အရှင်မြတ်()၏ အမိန့်တော် ခံယူသွားခဲ့လေသည်။
ကိုယ်တော်မြတ်()၏ သက်တော် (၅ဝ)ကျော်မှသာလျှင် အခြားကြင်ယာတော်များနှင့်
လက်ထပ် ထိမ်းမြားခဲ့ပေသည်။
စဉ်းစားကြည့်စမ်းပါ။ အကယ်၍ မြတ်တမန်တော်()က လိင်စိတ်ပြင်းပြနေသည်ဆိုလျှင် ကိုယ်တော်သည် နုပျိုသော အသက်အရွယ်အချိန်တွင် လက်ထပ်ထိမ်းမြားခဲ့ပေလိမ့်မည်။ သိပ္ပံညာမှကျွန်ုပ်တို့အားပြောဆိုနေသည်မှာ''လူတစ်
ယောက်သည် အသက်အရွယ်ကြီးရင့်လာသောအခါ သူ၏လိင်စိတ်သည်လျော့နည်းလာသည် ။ '' ယင်း စကားရပ်များသည် မြတမန်တော်()အပေါ်လီဆည်ဖန်တီးစောင်းမြောင်းပြောဆိုခြင်း ဖြစ်ပေသည်။

ကိုယ်တော်မြတ်()၏ လက်ထပ်ထိမ်းမြားမှုများအနက် ဘီဘီခတီဂျာဟ် ()နှင့် ဘီဘီအာအိရှာဟ်()
သခင်မကြီးတို့ (၂)ဦးနှင့် သာလျှင် သာမန်အခြေအနေအရ လက်ထပ်ထိမ်းမြားခဲ့လေသည်။
အခြားလက်ထပ်ထိမ်းမြားမှုများအားလုံးသည် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု(သို့) နိုင်ငံရေးကောင်းကျိုးအတွက်သာလျှင် အခြေအနေအရ လက်ထပ်ထိမ်းမြားခဲ့ရပေသည်။

အကယ်၍ အသင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မည်ဆိုလျှင်
ကြင်ယာတော်(၂)ဦးသာလျှင် အသက် (၃၆)နှစ် အောက်ငယ်သည်ကို တွေ့ရပေမည်။
ကျန်ရှိသော ကြင်ယာတော်များအားလုံးသည် အသက် (၃၆)နှစ်မှ (၅ဝ) အတွင်းရှိ
ပေသည်။ ကျွန်ုပ်အနေနှင့် လက်ထပ်ထိမ်းမြားမှုအသီးသီးက အကြောင်းရင်းများ
ရှိကြောင်း သင့်အား ဥပမာ ပေးနိုင်ပါသည်။

ဥပမာအားဖြင့် ဘီဘီဂျိုဝိုင်ရီယာ() သခင်မကြီးနှင့် လက်ထပ်ထိမ်းမြားခြင်း
ဖြစ်သည်။ သခင်မကြီးသည် အလွန် အင်အားကြီးမားသော ဗနုမွတ်ဆ်ွတွလစ်က်
မျိုးနွယ်မှဖြစ်သည်။ အစ္စလာမ်ပေါ်ထွန်းလာပြီး အချိန်ကာလတစ်ခု ကြာလတ်သော်
အစ္စလာမ့်တပ်မတော်မှ ယင်းမျိုးနွယ်များကို တိုက်ခိုက် ချေမှုန်းခဲ့သည်။ ထို့နောက်
မြတ်တမန်တော်() သည် ဘီဘီ ဂျိုဝိုင်ရီယာ() သခင်မကြီးအား လက်ထပ်ထိမ်းမြား ခဲ့သည်။ ယင်းသို့ လက်ထပ်ထိမ်းမြားပြီးနောက် ဆွဟာဗာဟ် ()များက
ပြောကြားခဲ့သည်မှာ ''ကျွန်ုပ်တို့သည် မဟာတမန်တော်မြတ်ကြီး ()၏ ဆွေမျိုး
သားချင်းများအားကျွန်များအဖြစ် အဘယ်ကဲ့သို့ ထားရှိရပါမည်နည်း''ဟု ပြောဆိုပြီး
ယင်းမျိုးနွယ်ဝင် ပုဂ္ဂိုလ်များအား ကျွန်ဘဝမှ လွတ်မြောက်စေခဲ့သည်။ ယင်းကဲ့သို့
ကျွန်ဘဝမှ လွှတ်မြောက်ပြီးသည့်နောက် ယင်းမျိုးနွယ်ဝင်များသည် မွတ်စ်လင်မ်များနှင့်
မိတ်ဆွေရင်းများ ဖြစ်လာခဲ့သည်။

အခြားဥပမာတစ်ခုကား နဂျဒ်မျိုးနွယ် အကြီးအကဲ၏ ဇနီး၏ ညီအစ်မတော်
ဖြစ်သူ ဘီဘီမိုင်မွန်နဟ်() သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့ခြင်းပင်ဖြစ်သည်။
ယင်းနဂျဒ်မျိုးနွယ်သည် အစ္စလာမ့်ကိုယ်စားလှယ်အဖွဲ့ဝင် ပုဂ္ဂိုလ်(၇ဝ)ကျော်အား
သတ်ဖြတ်ခဲ့လေသည်။ မြတ်တမန်တော်မုဟမ္မဒ် ()မှ သခင်မကြီးဘီဘီမိုင်မွန်နဟ်()အား လက်ထပ် ထိမ်းမြားပြီးသောအခါက ယင်းမျိုးနွယ်ဝင်များသည် မဒီနာဟ်မြို့တော်အား သူတို့၏ အမိဋ္ဌာနချုပ်အဖြစ် လက်ခံခဲ့သလိုမြတ်တမန်တော်()အားလည်း သူတို့၏ ခေါင်းဆောင်အဖြစ် လက်ခံခဲ့ကြပေသည်။
ထို့ကြောင့် ကိုယ်တော်မြတ်()၏ ပြုလုပ်ခဲ့သမျှသော လက်ထပ် ထိမ်းမြားမှု
တိုင်းသည် လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးဆိုင်ရာ အချို့အကြောင်းရင်း
တို့ကြောင့်ဖြစ်သည်ကို တွေ့ရှိနိုင်သည်။

မကကာဟ်မြို့တော်၏ အကြီးအကဲအဘူ
ဆွဖ်ယာန် ()၏သမီးတော် အွမ္မိဟဘီဘာဟ်()သခင်မကြီးအား ကိုယ်တော်မြတ်
()သည် လက်ထပ်ထိမ်းမြားမှုပြုခဲ့သည်။ယင်းကဲ့သို့ လက်ထပ် ထိမ်းမြားခြင်းသည်
မကာဟ်မြို့တော်ကို ပြန်လည် အောင်နိုင်ခြင်းအတွက် အလွန် အရေးပါလေသည်။

အခြားဥပမာတစ်ခုမှာကား၊ အင်အား ကြီးမားသော ဂျူးခေါင်းဆောင်၏သမီးဖြစ်သော
ဆွဖီယာ() သခင်မကြီးပင်ဖြစ်သည်။ ကိုယ်တော်မြတ်()သည် ဆွဖီယာ ()
သခင်မကြီးအား လက်ထပ်ထိမ်းမြားပြီးနောက် ဂျူးများသည် မွတ်စလင်မ်များနှင့်
မိတ်ဆွေရင်းချာများ ဖြစ်လာခဲ့လေသည်။ အကယ်၍အသင်သည် လက်ထပ်ထိမ်းမြားမှု အားလုံးကို ဆန်းစစ်ကြည့်လျှင် အချို့သော လူမှုရေးပြုပြင်မှုများ ရှိပေသည် ။ ဆွဟာဗာဟ်(တမန်တော်၏ အဆွေတော်)
များနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ပွင့်လင်းလာအောင် ဟဇရသ်အုမရ် ()သခင်၏
သမီးတော် ဟဖ်ဆွာဟ်() သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့လေသည်။ လူမှုပြုပြင်
ပြောင်းလဲမှုအဖြစ် ကိုယ်တော်မြတ်()သည် ယင်း၏ နှမတစ်ဝမ်းကွဲ၊ သွလားက်ကွာရှင်း
ပြတ်စဲခြင်းခံရသော ဇိုင်နာဗ် () သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့ပေသည်။လက်ထပ်ထိမ်းမြားမှုအားလုံးသည် နိုင်ငံရေးအကြောင်းရင်း(သို့) လူမှုပြုပြင်ပြောင်းလဲမှုကြောင့်ဖြစ်ပေသည်။ ထို့ကြောင့် ကိုယ်တော်မြတ်()၏ လက်ထပ်
ထိမ်းမြားမှုဟူသမျှသည် လူ့ဘောင်၊ လူ့အသိုင်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့်
လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်ဟူသောအချက်ပေါ်တွင် အခြေခံသည်။
လိင်မှုကိစ္စအတွက် သက်သက်သာလက်ထပ်ထိမ်းမြားခဲ့ခြင်းမဟုတ်ချေ။
============

အမှန်အတိုင်း သိကြပါစေသော် ။
လေးစားမှုဖြင့်-
ဟာဂျီဝက်စ်လီ


Ref:
အစ္စလာမ်မှပြဆိုသော အမျိုးသမီးအခွင့်အရေး
(ဒေါက်တာလှလှဝင်းမြန်မာပြန်)

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-