နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Tuesday, March 17, 2009

အနာဂါတ်တရားစီရင်ရေးစံနစ် ဆန့်ကျင်သူ တစ်နေ့တခြားများပြား

အလ္လာဟ်အရှင်မြတ်အနေဖြင့် ၊ တမလွန်နိုင်ငံသူနိုင်ငံသားများအား နောက်ဆုံးတရားစီရင်မည့် ကေယာမတ်နေ့မတိုင်မှီ ၊ သက်ဆိုင်ရာ သင်္ချိုင်းများတွင် ငြိမ်သက်အေးချမ်းစွာ ခေတ္တအနားယူအိပ်စက် စောင့်ဆိုင်း နေကြရန် အမိန့်တော်ချမှတ် ညွှန်ကြားထားကြောင်း ၊ သို့ရာတွင် အချို့သော တမလွန်နိုင်ငံသူ နိုင်ငံသား အများအပြားတို့မှာ အဆိုပါ အမိန့်တော်မြတ်ကို လိုက်နာခြင်းမရှိဘဲ ၊ ကိုယ်ထူကိုယ်ထ စံနစ်ဖြင့် တမလွန်နိုင်ငံမှ တရားမဝင် ထွက်ခွါသွားနေကြကြောင်း ၊ လူ့ပြည်တွင် ပြန်လည်မွေးဖွားခြင်း(Reincarnation) ကိုခံယူနေကြကြောင်း ၊ အဆိုပါ တမလွန်နိုင်ငံသူနိုင်ငံသားများကို ၊ အလ္လာဟ်ရှင်မြတ်၏ အမိန့်မနာခံမှု ၊ တမလွန် နိုင်ငံတော်မှ တရားမဝင် ခိုးထွက်မှုတို့ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း ၊ အလားတူ အမှုအခင်းများ ထပ်မံ မပေါ်ပေါက်ရေးနှင့် ၊ အမှုအခင်းမှ တရားခံများကို ဖမ်းဆီး နှိမ်နှင်းနိုင်ရေးအတွက် ၊ တမလွန်နိုင်ငံတော် မှုခင်းနှိမ်နှင်းရေး အထူးတပ်ဖွဲ့ဝင်များ လိုအပ်လျက်ရှိကြောင်း ၊ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ညီညွတ်သူများ လျှောက်ထားနိုင်ကြောင်း သိရသည်-
- ကျန်းမာသန်စွမ်းပြီး ခွန်အားဗလနှင့် ပြည့်စုံသူဖြစ်ရမည် ။
- သေဆုံးစဉ်က ကိုယ်ခန္ဒာ ပျက်ယွင်းသေဆုံးသူမဖြစ်စေရ ။ ကောင်းမွန်အေးဆေးစွာ သေဆုံးသူဖြစ်ရမည် ။ (ဆရာဝန်ထောက်ခံစာပါရှိရမည်။)
- (အမတသုခဘုံတည်ဆောက်ရေး ကာလ) ကေယာမနောက်ဆုံး တရားစီရင်မည့်နေ့မတိုင်မှီ ကာလထိ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည် ။(တမလွန်နိုင်င်ငံတော်မှ ထွက်ပြေးမည်မဟုတ်ကြောင်း ကတိသစ္စာပြုလွှာနှင့် သက်ဆိုင်ရာ သံရုံးမှ ထောက်ခံစာပါရမည် ။)
- တမလွန်နိုင်ငံတော်နေထိုင်ကြေး အခွန်ထမ်းဆောင်ပြီးသူများဖြစ်ရမည် ။

တမလွန်နိုင်ငံမှ တရားမဝင် ထွက်ခွါသွားသူများစာရင်းကို ကိုယ်ရေးအတ္ထုပ္ပတ္တိများနှင့်တကွ သက်ဆိုင်ရာမှ ၊ ထုတ်ပြန်ထားရာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရသည် -
*** တမလွန်နိုင်ငံတော်မှ တရားခံပြေးများစာရင်း(ဤတွင်ရှိပါသည်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ ။
မေတ္တာဖြင့်-

ဟာဂျီဝက်စ်လီ
ခေတ္တလူ့ပြည် ။

Type the rest of your post here.

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-