နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, March 21, 2009

အကြမ်းဖက်တပ်မတော်နှင့် ငြိမ်းချမ်းရေးဝါဒီများ (၂)

မြန်မာ့သမိုင်းကို ပြန်ကြည့်ကြဦးစို့ ။
မြန်မာသမိုင်း ၊ မြန်မာ့ ယဉ်ကျေးမှုသမိုင်းတွင် ဒဏ်ရာဒဏ်ချက်များစွာကို တွေ့ကြရပါလိမ့်မည် ။
မြန်မာသည် ဗြိတိသျှကိုလိုနီလက်အောက်တွင် နှစ်ပေါင်း ၁၂၀ ကျော် သူ့ကျွန်အဖြစ်နေခဲ့ကြရသည် ။ ကမ္ဘာ့ ဗုဒ္ဓ ယဉ်ကျေးမှု သမိုင်းကိုကြည့်လျင် ၊ မူလက အာရှတစ်ခွင်တွင် ကြီးကျယ်ခမ်းနားစွာရှိခဲ့သော်လည်း နောင်တွင် အစိတ်စိတ်အမြွာမြွာ ကွဲပြဲကာ ၊ အစ္စလာမ်ယဉ်ကျေးမှု လက်အောက်သို့ သွေးသံရဲရဲ ကျရောက်ခဲ့သည် ။

ငြိမ်းချမ်းစွာနေထိုင်လိုကြသောဗုဒ္ဓဘာသာမြန်မာများ၏ ပတ်ဝန်းကျင် ၊ ငြိမ်းချမ်းရေး အဓိပ္ပါယ်ဆောင် ဗုဒ္ဓယဉ်ကျေးမှု ဝန်းကျင်သည် ၊ လူသတ် နွားသတ် ယာဇ်ပူဇော်သည့် ဓလေ့ဖြင့် အသဲတယားယား အစားထိုး နေရာယူခဲ့သည်ကို မြန်မာများ အောင့်အည်း သည်းခံ နေကြရသည် ။ သည်ဝန်းကျင် သည်ဒေသမှာ ကြေးစည်သံ တညံညံ ရှိစေချင်ခဲ့သည်မှာ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ၊ လူသားဆန်သော တောင့်တချက်ပင် ဖြစ်ပါသည် ။ ကိုယ်ချင်းစာ ခံစားနားလည် ကြည့်ကြစေလိုသည် ။ မရှိအတူ ရှိအတူ အေးအတူ ပူအမျှအတူတကွ နေထိုင်လိုကြသည်မှာ ၊ ယုံတမ်းစကားပြောနေခြင်းမဟုတ်ပါ ။ တကယ့်မြန်မာ့လူနေမှုစနစ်ဖြစ်ပါသည် ။
မြန်မာတို့သည် အင်္ဂလိပ်လက်အောက် နေခဲ့ရစဉ်အတွင်း ဗုဒ္ဓဘာသာသည် အောက်ကျနောက်ကျဖြစ်ခဲ့ကြရသည် ။ နည်းမျိုးစုံဖြင့် နှိပ်ကွပ်ခြင်းခံခဲ့ရသည် ။ ကိုယ်ခံအားကောင်းလွန်း၍သာ အမြစ်ကျွတ်ထွက်ပြီး ပြိုလဲ ကျဆုံး မသွားခဲ့ခြင်းဖြစ်သည် ။
ယခုအချိန်မှာရော ၊ ငြိမ်းချမ်းရေးဝါဒီများပါဟု ကြွေးကြော်နေသူများက ၊ ကမ္ဘာကြီးတစ်ခုလုံး ၂၁ ရာစုမှာ အစ္စလာမ်ကမ္ဘာကြီးဖြစ်ရမည်ဟု ကြုံးဝါးနေပြန်ပြီ ။ စီမံချက်ချပြီး အကြမ်းနည်း ၊ အနုနည်း နည်းလမ်း(၂)သွယ်ဖြင့် ကြံစည် ဆောင်ရွက်နေကြပြန်ပြီ ။
ကျနော်တို့ စိတ်ချလက်ချ နေလို့ဖြစ်ပါ့မလား ။
ဗုဒ္ဓဘာသာ မြန်မာတို့သည် ဝတ္ထုပစ္စည်းနှင့် ပတ်သက်၍ ဘယ်သူတွေ ဘယ်လောက်ချမ်းသာချမ်းသာ ၊ ဗုဒ္ဓဘာသာ ကို ယုံကြည်လက်ခံသူ မဟုတ်ဟုဆိုလျင် စိတ်ထဲမှ ကြိတ်ပြီး ၊ အထင်သေးကာ သနားနေတတ်လေ့ ရှိသည် ။ ဒါကို အချို့မသိသူများက နိုင်ငံခြားသား မုန်းတီးခြင်းရောဂါ (xenophoebia) စွဲကပ်နေသည်ဟု ကင်ပွန်းတပ်သည် ။ အမှန်မှာ နိုင်ငံခြားသားမုန်းတီးခြင်းရောဂါမဟုတ် ။ အခြားဘာသာကို အော့နှလုံးနာ အထင်သေး ရွံရှာ စက်ဆုပ်သည့် ရောဂါ ၊ တနည်းအားဖြင့် ဗုဒ္ဓဘာသာကိုသာ မြတ်နိုးဆည်းကပ်လိုသည့် ဆန္ဒဖြစ်သည် ။

တပြိုင်နက် ၊ မူဆလင်တို့၏ နွားသတ် ယာဇ်ပူဇော်သည့်ဓလေ့ကိုလည်း စိတ်ထဲက ကြိတ်ပြီး ၊ ပပျောက်စေချင်သည့် ဆန္ဒရှိနေပြန်သည် ။ ဒါတွေမလုပ်ရဟု တရားဝင်ပိတ်ပင်လို့ကလည်း မရစကောင်း ။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးကိစ္စနှင့် တောခိုသွားခဲ့ကြသော ကိစ္စကလည်း ရှိခဲ့သေးသည်မဟုတ်လား ။

ဒီအထဲ အမျိုးသားလွတ်လပ်ရေးပိသုကာ၏ သမီး(အမေစု) ဆိုသူက နိုင်ငံခြားသားနှင့် လက်ထပ်ထားသည် ဆိုပြန်တော့ ၊ သည် အမျိုးသမီးတို့ လက်ထဲ မြန်မာတို့၏ အမျိုးဘာသာသာသနာရဲ့ ကံကြမ္မာကို ဝကွက်အပ်ဖို့အရေး စိတ်မအေး ဖြစ်နေကြသည်ကို စာနာခံစားနိုင်မည်ဟု ယူဆပါသည် ။

နောက်ပြီး ၊ တပ်မတော်၏ အမွေစားအမွေခံများ အနေဖြင့် ၊ တချိန်က နိုင်ငံတော်အကြီးအကဲဆိုသူကို လုပ်ကြံရန်ကိစ္စတွင် ရေငုံနှုတ်ပိတ်နေခဲ့မှုဖြင့် အရေးယူခံခဲ့ရဖူးသူ တစ်ဦး (အဘဦးတင်ဦး) ကိုရော ၊ တပ်မတော်၏ ခေါင်းဆောင် နိုင်ငံတော်သစ်၏ခေါင်းဆာင် အဖြစ် စိတ်ချလက်ချ လက်မခံနိုင်ခြင်းကို သတိပြုမိမည်ထင်ပါသည် ။

သို့ဆိုလျင် ၊ တပ်မတော်ကို အမိန့်ပေးခွင့်ရနေကြသူတို့က ၊ သူတို့တစ်တွေလက်အောက် မြန်မာ့တပ်မတော် မရောက်ရှိရေး ၊ မြန်မာနိုင်ငံတော်ကြီး သူတို့လက်အောက်မရောက်ရှိရေး အစွမ်းကုန်ကြိုးပမ်းနေကြခြင်းကို ၊ ဘေးလူတစ်ယောက်အနေဖြင့် တွေးကြည့်လျင် ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ အဖြေမှန်နှင့် အနီးဆုံးမရနိုင်လျင်တောင် ခပ်ရေးရေးတော့ မြင်နိုင် လိမ့်မည်ဟု ယူဆပါသည် ။

အခြားတစ်ဖက်မှ တွေးကြည့်ခြင်းပါ ။
============
၂၀၀၇ ၊ ရွှေဝါရောင်အရေးအခင်းကိစ္စ ပြန်ကောက်ပါမည် ။
မြန်မာ့တပ်မတော် အကြီးအကဲများသည် အမှန်တကယ်ပင် ဗုဒ္ဓဘာသာကို (ခြွင်းချက်ဖြင့်) ကိုင်းရှိုင်းကြသူများ ဖြစ်ကြပါသည် ။ (ဆဲတော်မူကြပါ) ။
ရွှေဝါရောင်အရေးအခင်းတွင် ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘုန်းတော်ကြီးများ သို့မဟုတ် သံဃာတော်များ သို့မဟတ် ရဟန်းတော်များကို ရိုက်နှက်ဖမ်းဆီးရန် အမိန့်ပေးခဲ့လိမ့်မည်ဟု ယူဆပါသလား ။ ထိုသို့ထင်မြင်ယူဆလျင်မှားပါလိမ့်မည် ။
၎င်းအနေဖြင့် စစ်တိုင်းမှူးများ ၊ တပ်မမှူးများကို မိမိတို့တာဝန်ယူထားသည့် နယ်မြေဒေသအတွင်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရေး ၊ ဆူဆူပူပူမရှိရေးကိုသာ အမိန့်ပေးခဲ့ပါလိမ့်မည် ။
ဘုန်းကြီးများဟု မသုံးရဲသဖြင့် သင်္ကန်းဝတ် ဟူသော ဝေါဟာရနှင့် လိမ္မော်သီးဟူသော ဝေါဟာရ ပေါ်လာသည်ကို သတိပြုကြစေလိုပါသည် ။
ထို့ပြင် ကိုယ်တိုင် အမိန့်မပေးရဲသဖြင့် အထက်အမိန့်ကိုနာခံသည့်သဘော ၊ အရေးအခင်းကြီးကို နှိမ်နှင်းရန် အထက်ဆရာလိုလို အထက်ဘိုးတော်လိုလို ဆရာတော်တစ်ဦးထံမှ သြဝါဒ ခံယူခဲ့သည်ကိုလည်း မှတ်မိနေကြပါလိမ့်ဦးမည် ။ (သံဃမဟာနာယကအဖွဲ့ကလည်း နှာစေးနေသဖြင့် ထိုကဲ့သို့လုပ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။)
အဆင့်ဆင့်သော အထက်အရာရှိဆိုသူများကလည်း ၊ ထိုနည်းအတိုင်းသာ လှီးလွှဲလျက် ဆင့်ကဲ အမိန့်ပေးခဲ့ကြပါလိမ့်မည် ။
အမှန်မှာ မကောင်းမှုပြုရမည်ကို သိလျက်နှင့် ၊ မိမိကိုယ်ကို မိမိလှည့်စားပြီး ၊ မကောင်းမှုမှ လွတ်လိုလွတ်ငြား သက်သာရာ ရှာကြံကာ မကောင်းမှုကို ကောင်းမှုအဖြစ် မှတ်ယူပြီး ရဲဆေးတင် ကျူးလွန်ခဲ့ကြခြင်းဖြစ်သည် ။
နောက်ဆုံး အထက်အမိန့်ကို အကောင်အထည်ဖော်ကြရသူများမှာ အောက်ဆုံးအဆင့် မလွဲသာ မရှောင်သာ ရဲရဲရင့်ရင့် ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းပေးကြရသည့် ဘော်ဘော်များသာ ဖြစ်ပါသည် ။
=============
မည်သို့ဆိုစေ ။ ကမ္ဘာ့သမိုင်းဝင် ၂၀၀၇-ရွှေဝါရောင်အရေးအခင်းကြီးကတော့ သွေးထွက်သံယိုမှုဖြင့် ၊ ပြီးဆုံးသွားခဲ့ပါပြီ ။ ၂၀၀၇-ရွှေဝါရောင် အရေးအခင်း အကြမ်းဖက်နှိမ်နှင်းခဲ့ခြင်းအတွက် မည်သူ့တွင် တာဝန်ရှိပါမည်လဲ ။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(အိုင်စီစီ) အလိုအရမူ ၊ အမိန့်ပေးသူရော အမိန့်အတိုင်း လိုက်နာဆောင်ရွက်သူများပါ အပြစ်ရှိသည်ဟု ဆိုသည် ။

ကျနော်တို့စဉ်းစားကြပါမည် ။ ကိုယ်တိုင်တွေးခေါ်ရန် မစွမ်းသူများ ပြင်ပမှ အကူအညီယူ စဉ်းစားနိုင်ပါသည် ။
ကျနော်ကတော့ အလ္လာဟ်ရှင်မြတ်၏ အကူအညီဖြင့် စဉ်းစားပါမည် ။

ကုရ်အံကျမ်းမြတ်မဟာတွင် ၊ ကောင်းမြတ်ခြင်းအပေါင်းသည် အရှင်မြတ်၏ လုပ်ပိုင်ခွင့်အတွင်း ရှိတော်မူ၏ ။ အရှင်သည်သာ ခပ်သိမ်းကုန်အား စည်းချိန်ပြဋ္ဌာန်းတော်မူ၏ ။*** အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူ၍ ၊ မိမိအလိုရှိတော်မူသောသူကို ပြစ်ဒဏ်ပေးတော်မူ၏ ။*** ဟု ဆိုထားရာ ၊ ၂၀၀၇-ရွှေဝါရောင် အရေးအခင်းကြီးအကြမ်းဖက် နှိပ်ကွပ်မှုသည် အလ္လာဟ်ရှင်မြတ်၏ စည်းချိန်ပြဋ္ဌာန်းတော်မူခြင်းကြောင့် ဖြစ်သည် ဟု ဆိုပါမည် ။

ဗိုလ်သန်းရွှေနှင့်အဖွဲ့ လွတ်ငြိမ်းခွင့်ရရှိနေခြင်း ၊ ငြိမ်းချမ်းစွာ အရေးဆိုခဲ့ကြသူများ ပြစ်ဒဏ်ရရှိခြင်းတို့သည် အလ္လာဟ်ရှင်မြတ်၏ အလိုအတိုင်းဖြစ်သည် ဟု ဆိုပါမည် ။
ကျနော်တို့ မူဆလင်ညီအစ်ကိုများ လက်ခံပါမည်လား ။
လက်ခံလျင် ၊ ယနေ့မှစ၍ ဗိုလ်သန်းရွှေမကောင်းကြောင်း ၊ ဘယ်ယူဘယ်ဝါမကောင်းကြောင်း မပြောကြဖို့လိုပါလိမ့်မည် ။
လက်မခံလျင် ၊ ကုရ်အံကျမ်းတော်မြတ်ကို ပြင်ဆင်ရပါလိမ့်မည် ။ ဤသို့ပြင်သင့်သည်ဟု အကြံပြုလိုပါသည် -
- အရှင်သည် ကောင်းသောအရာများကို ပြဋ္ဌာန်းတော်မူပြီး ၊ မြန်မာပြည်အတွက် မကောင်းတာမှန်သမျှကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြဋ္ဌာန်းတော်မူသည် ။

ထို့ပြင် ၊ ထပ်မံအကြံပြုလိုသည်မှာ ၊ အရာရာကို အလ္လာဟ်အရှင်မြတ်ကသာ စည်းချိန်ပြဋ္ဌာန်းတော်မူမည် ဆိုပါက ၊ ကျနော်တို့ဘာလုပ်လုပ် အရာထင်မည်မဟုတ် ။ သူ့သဘော သူလုပ် ၊ သူလုပ်သမျှ ခေါင်းငုံ့ခံနေကြဖို့သာရှိပါလိမ့်မည် ။

ပြည်ပရောက် ရိုဟင်ဂျာ ဒီမိုကရေစီအရေးဆောင်ရွက်နေသူများရော ၊ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြသူများပါ မိမိတို့ မိသားစုရှိရာ အမိမြန်မာပြည်သို့ အမြန်ဆုံးပြန်ဝင်ကြပြီး ၊ နီးစပ်ရာ ဗလီတစ်ခုခုတွင် ဖင်ထောင်ဝတ်ပြုဆုတောင်းကြဖို့သာ ရှိပါတော့မည် ။
================
တပ်မတော်သူ တပ်မတော်သားများအနေဖြင့် ၊ အမိန့်မနာခံလိုသဖြင့် ၊ တပ်မှ ထွက်ပြေးလျင် စစ်ပြေး ၊ ခံချလျင် ပုံကန်မှု ။ ဘယ်ဟာမှ မသက်သာ ။ စစ်မှုထမ်းအဖြစ်ခံယူနေသမျှကာလပတ်လုံး အမိန့်ကို နာခံရန်တာဝန်ရှိပါသည် ။
ရေတပ် ၊ လေတပ် ၊ နောက်ချန်တပ် စသည် ဘယ်မှာနေနေမလွတ်ပါ ။
နောက်ဆုံး အမိန့်နာခံရန်မလိုသူများဖြစ်မှသာ ၊ လွတ်လပ်သူများဖြစ်ပါလိမ့်မည် ။ တပ်ကအပြီးပိုင်ထွက်ကြဖို့သာရှိပါသည် ။
================
ထို့အတူ ၊ ပမာဆောင်ရသော် မူဆလင်တို့သည် ကလေးစစ်သားများလိုဖြစ်နေကြသည် ။ ကလေးစစ်သားများ၏ ဆောင်ရွက်ချက်သည် တရားဝင်ဆောင်ရွက်ချက်များမဟုတ် ။ မူဆလင်တို့သည် အမှန်အပြစ်သားများမဟုတ် ။ မိမိကိုယ်ကို အပြစ်ရှိသည်ဟု ကုရ်အံကျမ်းကဆိုထားသည်ကို အဟုတ်ထင်နေကြခြင်းဖြစ်သည် ။ ကုရ်အံကျမ်းကို မယုံကြည်သူများအဖို့ (ဟာသဇာတ်လမ်းလို သဘောထားကြသူများအဖို့) လွတ်လပ်သူများအဖြစ် ပြင်ပကမ္ဘာတွင် စိတ်သန့်သန့်ဖြင့် တစ်သက်လုံးနေသွားကြသည်ကို သူတို့မသိကြ။ ကမ္ဘာကြီးသည် အလုံးဖြစ်ကြောင်း ၊ နေကို ကမ္ဘာကသာ လှည့်ပတ်သွားလာနေကြောင်း သက်သေထင်ရှားပြီးသည့်အချိန်မှစ၍ ၊ ကုရ်အံကျမ်းကို ကမ္ဘာ့သမိုင်း၏ အမှတ်တရ စာအုပ်အဖြစ် ထားရစ်ခဲ့ဖို့ကောင်းသည် ။

သို့ရာတွင် အစ္စလာမ်ဇာတ်လမ်းသည် တောသားငကြွားပုံပြင်လို ဖြစ်နေသည် ။ တရံရောအခါက အလွန်အကြွားသန်သော ငကြွားတစ်ယောက်က ၊ လယ်ကွက်ထဲတွင် အလွန်ကြီးသော လိပ်ကြီးတွေ့ခဲ့ကြောင်း ကြွားဝါသည် ။ အကြောင်းသိသူများက လှည့်ပတ်မေးမြန်းရာ နောက်ဆုံး လိပ်သည် လယ်ကွင်းထက်ကြီးနေသလို ဖြစ်နေသဖြင့် လိပ်အရွယ်ကို လျှော့ခိုင်းရာ ၊ လယ်ကွက်ကိုသာ လျှော့လိုကလျှော့မည် လိပ်ကိုတော့ လျှော့လို့မဖြစ်ဟု ပြောဆိုသလို ဖြစ်နေသည်။

အလ္လာဟ်အရှင်မြတ် အမှန်ရှိသည် ၊ ကမ္ဘာကြီးပြားခဲ့ရခြင်းမှာ မိမိဆို့အယူအဆ မိမိတို့ ဘာသာပြန်ချက် မှားနေခြင်းကြောင့်ဖြစ်သည် ။ အလ္လာဟ်အရှင်က မှားယွင်းပြောဆိုခဲ့ခြင်းမဟုတ် ၊ အလ္လာဟ်အရှင်၏ အာယတ်တော်သည် လေးနက်သဖြင့် လူသားတို့ အလွယ်တကူ နားမလည်နိုင် ၊ အဓိပ္ပါယ် အကောက်အယူ လွဲခဲ့ခြင်းသာဖြစ်သည် ဟုဆိုကာ ၊ အလ္လာဟ်ရှင်ကို လူသားများက ပြန်လည်ကယ်တင်လိုက်ပြီး အလ္လာဟ်ရှင်ကို ကြံဖန်ဂုဏ်တင်ခဲ့ကြပြန်သည်မှာ ယနေ့ထက်တိုင်ဖြစ်သည် ။

လူသားများအတွက် ပြောခဲ့သော စကားကို ၊ လူသားများ အလွယ်တကူနားမလည်နိုင်ဆိုသည်မှာ လက်ခံနိုင်စရာ ဆင်ခြေဖြစ်ပါသလား ။ မဟာဥာဏ်ကြီးရှင်သည် မိမိပြောလိုသည့်အချက်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောခဲ့ရန် ဖြစ်နိုင်မဖြစ်နိုင် တစ်ဆိတ်လောက် စဉ်းစားကြည့်ကြစေလိုသည် ။ ထို့ပြင် အလ္လာဟ်ရှင်မြတ်သည် ကုရ်အံ ကျမ်းတော်မြတ်ကို ဘာကြောင့် ကိုယ်တော်တိုင်ရေးပြီး ၊ မပေးခဲ့သနည်း ဆိုသည့် ကိစ္စမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါသည် ။

အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၊ မိမိတို့သည် စွန်နီဖြစ်သဖြင့်အကြမ်းမဖက် ၊ ရှီယက်ဖြစ်သဖြင့် ငြိမ်းချမ်းသည် စသည်ဖြင့် မည်သည့်အမည် မည်သည့်ဂိုဏ်းအခေါ်အဝေါ်ဖြင့်ရှိနေစေကာမူ ၊ အစ္စလာမ်သည် အစ္စလာမ်သာ ဖြစ်ပါသည် ။ ကုရ်အံကျမ်းကို အမှန်ဟု ယုံကြည်နေသမျှ ၊ အလ္လာဟ်အရှင်ကို ယုံကြည်နေကြရမည် ။ အလ္လာဟ်ကို လက်ခံနေသမျှ မူဆလင်အဖြစ် သို့မဟုတ် အပြစ်သားအဖြစ်မှ လွတ်ကင်းမည်မဟုတ်ပါ ။
ဤ ကမ္ဘာကြီးတွင် လွတ်လပ်သောလူသားများအဖြစ် အခြားသော ကမ္ဘာသူကမ္ဘာသားများနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်ရန် ၊ တစ်ခုတည်းသော နည်းလမ်းမှာ ၊ ကုရ်အံကျမ်းက ပညတ်သွတ်သွင်းထားခြင်းမှ ၊ ကုရ်အံကျမ်းကြီး အတွင်းပိတ်မိနေခြင်းမှ မိမိဖာသာ ရုန်းထွက်ကြဖို့သာ ဖြစ်ပါသည် ။

ကမ္ဘာ့လူဦးရေ၏ ၈၀ ရာနှုန်းခန့်သော ကမ္ဘာသူကမ္ဘာသားတို့သည် ကုရ်အံကျမ်းတော်မြတ်ကြီး၏ ပြင်ပတွင် လွတ်လပ်သူများအဖြစ် ရှိနေကြကြောင်း သတိပြုကြဖို့ လေးစားစွာ အသိပေးအပ်ပါသည် ။
ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ရုန်းထွက်နိုင်ကြပါစေ ။

မေတ္တာဖြင့်-
Senior Allah

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-