နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, March 21, 2009

အကြမ်းဖက်တပ်မတော်နှင့် ငြိမ်းချမ်းရေးဝါဒီများ (၁)

မိမိတို့သည် အကြမ်းဖက်စနစ်ကို ဆန့်ကျင်သည့်အသင်း ဖြစ်သည့်အားလျော်စွာ ၊ သည်တစ်ခါတော့ ဘလော့ကြွလာ မိတ်သဟာများကို ၊ အကြမ်းဖက် မြန်မာ့တပ်မတော်အကြောင်း လှည့်ပြောင်းဆွေးနွေးတင်ပြပါမည်။

မြန်မာ့တပ်မတော်သည် အကြမ်းဖက်တပ်မတော်ဖြစ်သည်ဆိုသည်ကို အထူးအထွေ ချဲ့ကားရေးပြရန်မလိုဟု သဘောရပါသည် ။ ထို့အတူ ၂၀၀၇ ရွှေဝါရောင်အရေးအခင်း (စာရေးသူအနေဖြင့် ရွှေဝါရောင်တော်လှန်ရေး ဟုမသုံးလိုပါ ။ ထေရဝါဒ ဘုန်းကြီးများသည် တော်လှန်ရေးဟူသော ကိစ္စနှင့်မအပ်စပ်ဟု ယူဆသောကြောင့် ဖြစ်ပါသည်) က ထေရဝါဒ ဘုန်းတော်ကြီးများသည် ငြိမ်းချမ်းရေးဝါဒီများဖြစ်ကြောင်း ၊ ကမ္ဘာ့ပြည်သူများသို့ ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးဖြစ်ပါသည် ။

ပထမဦးဆုံး ၊ အကြမ်းဖက် မြန်မာ့တပ်မတော် ဘယ်လိုအလုပ်လုပ်သလဲ ဟူသောကိစ္စကို ဆွေးနွေးပါမည် ။
မြန်မာ့တပ်မတော် ဘယ်လိုအလုပ်လုပ်သလဲဆိုလျင် ၊ အထက်အမိန့်အရ အလုပ်လုပ်ပါသည် ။ အမိန့်ဆိုလျင် တပ်မတော်သားတိုင်း လိုက်နာကြရပါသည် ။ ဘာကြောင့်အမိန့်ကိုလိုက်နာရသနည်း ။ မလိုက်နာ၍ မရသောကြောင့် လိုက်နာကြရပါသည် ။ မလိုက်နာလျင်ဘာဖြစ်မလဲ ။ စဉ်းစားကြည့်ကြစေလိုပါသည် ။

မလိုက်နာလျင် ဥပဒေအရ အရေးယူခြင်းခံရမည် ။ တပ်မတော်သားမှန်သမျှ တပ်မတော် အက်ဥပဒေကို လိုက်နာကြရန် တာဝန်ရှိသည် ။ စစ်မှုထမ်းတိုင်း တပ်မတော်အက်ဥပဒေအရ စစ်မှုထမ်းစာချုပ်ချုပ်ထားကြရသည် ။ တပ်မတော်အက်ဥပဒေသည် စစ်တိုက်လို့ရအောင် ၊ အမိန့်ကို မလိုက်နာ၍ မရအောင် လုပ်ထားသည် ။ တပ်မတော်သားမှန်လျင် ယနေ့မှ စစ်ထဲဝင်လာသော တပ်သားသစ်မှအစ ထိပ်ဆုံးက ဗိုလ်ချုပ်မှူးကြီး အထိ တပ်မတော်အက်ဥပဒေကို လိုက်နာကြရသည် (ခြွင်းချက်ရှိနိုင်ပါသည်) ။
အများနှင့်မတူသော အင်္ကျီ ကြယ်သီး တစ်လုံး တပ်ဆင်ထားသည်ကိုပင် (စည်းကမ်းတကျဖြစ်စေမှုကို ၊ပျက်ပြားစေသည့်အမှုဖြင့်) ၊ တပ်မတော်အက်ဥပဒေအရ အရေးယူနိုင်သည် ။

နောက် ၊ အရပ်သားဝန်ထမ်းများနှင့်မတူသည်မှာ ၊ အရပ်သားများသည် အမိန့်ကို ရုံးစာဖြင့်ထုတ်ပေးရသည် ။ တပ်မတော်မှာတော့ စာဖြင့်ထုတ်ပြန်သောအမိန့်ကိုလည်း နာခံရသလို ။ နှုတ်ဖြင့်ထုတ်ပြန်သော အမိန့်ကိုလည်း လိုက်နာရန် တာဝန်ရှိသည် ။ ဒါလည်း လုပ်ငန်းလိုအပ်ချက်အရ ပြဋ္ဌာန်းထားခြင်းဖြစ်သည် ။

ဥပမာ ။ တိုက်ပွဲဖြစ်နေသည်ဆိုပါစို့ ။ တောင်ကုန်းတစ်ခုမှ ရန်သူများက မိမိတို့တပ်ကို သဲသဲမဲမဲ ပစ်ခတ်နေသည်ဆိုပါစို့ ။ ဟေ့ ၊ မောင်ဖြူ ဟိုတောင်ကုန်းတက်ပစ်စမ်း ၊ မောင်နီ မင်းကတော့ ( မောင်ဖြူတက်နေတုန်း ၊ ရန်သူတွေ မောင်ဖြူကို မပစ်နိုင်အောင်) ဒီနေရာကနေ ကာပစ် ခံပစ်ထားဟု အမိန့်ပေးကြည့်ပါ ။ (မောင်ဖြူက) ဆရာကြီးခင်ဗျာ ၊ ကျနော် အဲဒီတော့ မတက်ပါရစေနှင့် မောင်နီ တက်ခိုင်းပါ ဟု ဆင်ခြေတက်နေသည် ဆိုပါစို့ ။ သို့မဟုတ် ဆရာကြီးခင်ဗျာ ကျနော်ကတော့ဗျာ တရားဝင် အမိန့်စာရမှ တက်နိုင်မယ်ဆိုပါစို့ ။ အလုပ်ဖြစ်နိုင်မဖြစ်နိုင် ၊ စဉ်းစားကြည့်တော်မူကြပါ ။

ထိုအခြေအနေတွင် လူ့အခွင့်အရေးတွေ ၊ ဒီမိုကရေစီတွေ သွားလုပ်နေ၍ ရမရ ။ သို့မဟုတ် ကျနော် မကျေနပ်ဘူးဗျာ ။ အဲသည်တောင်ကုန်းတော့ မတက်နိုင်ဘူး ၊ ကျနော့်ဖြုတ်ချင် အခုဖြုတ်လိုက်ဗျာ ။ ဒါမှမဟုတ် တောင်ကုန်းတော့ မတက်ဘူးဗျို့ အခု ထွက်တယ် ။ ကျုပ်က ထမင်းငတ်လို့ စစ်ထဲဝင်လာတာမဟုတ်ဘူးဗျ ဟုလုပ်နေသည်ဆိုပါစို့ ။
ဒါမျိုးတွေ လုပ်လို့မရအောင် တပ်မတော်အက်ဥပဒေကို လုပ်ထားပါသည် ။

ဤသို့မလုပ်နိုင်အောင်လည်း ၊ တပ်မတော်ထဲ စရောက်ချိန်မှစ၍ လေ့ကျင့်ထားသည် ။ ပုံစံသွင်းထားသည် ။ ဤ နေရာသို့သွားဟုဆိုလျင် ၊ မိမိ သေရမည်ကို သိလျက်နှင့်ပင်၊ သွားရသောသူများသည် တပ်မတော်သားများ ပင်ဖြစ်သည် ။ မသွားလျင်ဘာဖြစ်သနည်း ။ အထက်အရာရှိက ပစ်သတ်လိုက်၍ ရပါသည် ။ (ရှင်းပြီလား) ။ ထွက်ပြေးပါလား ။ စစ်ပြေးမှု ဖြစ်သည် ။ အမိန့်ပေးသူကို ပြန်ချပါလား ။ အပြစ်က ပိုဆိုးသည် ။ မနေ့တနေ့က ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သွားသော ကိစ္စ နမူနာရှိနေပါသည် ။ ပြန်ချ၍ မိမိနိုင်ခြေရှိလျင် ၊ အခြေအနေအရပ်အရပ်ကို မိမိတို့က ထိန်းသိမ်းနိုင်လျင် တော့ ကိစ္စမရှိပါ ။ ထိုသို့ မလုပ်နိုင်အောင်လည်း စီမံထားကြပါသည် ။ (ဥပမာ ။ ခွင့်ပြုချက်မရဘဲ ၊ တိုင်းမှူးအချင်းချင်း ဖုန်းမပြောရ ။) ဗိုလ်စောမောင် ထိုသို့ မစီမံနိုင်ခဲ့သဖြင့် တပ်မတော်မှ ကန်ထုတ်ခံခဲ့ရသည်ကိုလည်း သတိရကြစေလိုသည် ။

ဒီလိုဆို တပ်ထဲမဝင်ပဲနေပါလား ။ တပ်နှင့် မနီိးစပ်သော အရပ်သားများက သူတို့အပြင်မှာ ထင်ထားတာနှင့် တကယ့်တပ်ထဲမှာ ကြုံတွေ့ကြရတာ တစ်ခြားစီဖြစ်နေတာက များသည် ။ အစက တပ်မတော်အက်ဥပဒေ ဆိုသည်ကို မသိကြ ။ တပ်မတော်အက်ဥပဒေကို ကြိုတင် လေ့လာဖတ်ရှုပြီး သဘောကျနှစ်ခြိုက်သဖြင့် တပ်ထဲ ဝင်သွားသူ ရှိမည်မထင်ပါ ။ အကြောင်းအမျိုးမျိုးဖြင့် တပ်ထဲ ဝင်ခဲ့ကြသည် ။ ဝင်နေကြသည် ။ နောင်လဲဝင်ကြဦးမည် ။ သဘော ဆန္ဒ အလျောက် ဝင်မည့်သူမရှိလျင်လည်း ရှိအောင်လုပ်ကြရပါလိမ့်မည်(နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းခြင်းမျိုးစသည်….။) ။ ယခုအခါ အချို့မှာ မဝင်ချင်ဘဲ ဝင်သွားရသော သူများလည်း ရှိနေကြောင်း သိကြပြီးဖြစ်သည် ။ (ဥပမာ ။ ကလေးစစ်သားများ) ။

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် တပ်မတော်သားဖြစ်သွားကြပြီ ဆိုလျင် ၊ ကြည်းတပ်ဖြစ်ဖြစ် ၊ ရေတပ်ဖြစ်ဖြစ် ၊ လေတပ်ဖြစ်ဖြစ် ၊ ဆေးတပ် ၊ ဆရာဝန် ၊ သူနာပြု ၊ အင်ဂျင်နီယာ မည်သို့သော အခေါ်အဝေါ်ဖြင့် ရှိနေသည်ဖြစ်စေ ၊ တပ်မတော်အက်ဥပဒေကိုတော့ လိုက်နာကြရစမြဲဖြစ်ပါသည် ။ ရာထူးဘယ်လောက်ကြီးကြီး တပ်မတော် အက်ဥပဒေကို လိုက်နာရခြင်းမှ ကင်းလွတ်ခွင့်မရချေ ။ တိုင်းမှူးကြီး ဖြစ်နေသဖြင့် တပ်မတော်မှာ နံပါတ် ၂ ဖြစ်နေသဖြင့် တပ်မတော်အက်ဥပဒေကို လိုက်နာရန်မလိုဟူ၍ မရှိပေ ။ ကျနော်တို့ ကမ္ဘာကျော် ဇာတ်လိုက်ကြီး ဗိုလ်ခင်ညွန့် အမိန့်မနာခံမှုဖြင့် အရေးယူခဲ့သည်ကို ပြန်လည် သတိရကြစေလိုပါသည် ။ ထပ်မံ ဆိုရလျင် ၊ တပ်မတော်သားမှန်သမျှ အမိန့်ဆိုလျင် လိုက်နာရသော တာဝန်ရှိနေကြပါသည် ။ တပ်မတော်ကို အမိန့်ဖြင့် အုပ်ချုပ်ပါသည် ။ တပ်မတော်သည် အမိန့်ဖြင့် အလုပ်လုပ်ပါသည် ။

တပ်မတော်သားတပ်မတော်သူမှန်သမျ ၊ အမိန့်ဆိုလျင် နာခံရပါသည် ။ တရားသောအမိန့် မတရားသောအမိန့်ဟူ၍ မရှိ ။ တားမြစ်မိန့်နှင့် စေခိုင်းအမိန့်သာရှိသည် ။
အမိန့်ကြောင့် ဘုန်းကြီးများကို သေနတ်ဖြင့် ပစ်ခြင်းဖြစ်ပါသည် ။
အမိန့်ကြောင့် စစ်တိုက်သည် ။ အမိန့်ကြောင့် လူသတ်သည် ။ အမိန့်ကြောင့်မီးရှို့သည် ။ အမိန့်ကြောင့်ရိုက်သည် ။
သို့ဆိုလျင် တပ်မတော်သည် အကြမ်းဖက်တပ်မတော် အမည်လည်း ရနိုင်သလို ၊ အခြားဂုဏ်ပုဒ်မျိုးစုံကိုလည်း ရနိုင်သော အခြေအနေရှိပါသည် ။
သည်လောက်ဆိုလျင် ၊ တပ်မတော်၏ သဘောသဘာဝကို စာရှုသူ တီးမိခေါက်မိ ရှိလောက်ပြီထင်ပါသည် ။

ဤသည်မှာ မြန်မာ့တပ်မတော်တစ်ခုတည်း ထိုသို့ လုပ်နည်းလုပ်ဟန်များ ထူးထူးခြားခြားတီထွင်ထားခြင်း မဟုတ် ၊ ကမ္ဘာအရပ်ရပ်ရှိ တပ်မတော်တိုင်း ၊ တပ်မတော်တိုင်းတို့၏ လုပ်နည်းလုပ်ဟန်သာ ဖြစ်ကြောင်း တင်ပြရပါသည် ။ (အမိန့်ပေးလျင် အမိန့်အတိုင်း လိုက်လုပ်စရာမလိုသော တပ်မတော်ရှိလျင် စာရေးသူကို ညွှန်ပြပေးကြပါ။)
တပ်မတော်သားများကို အမိန့်မပေးမိကြဖို့အရေးကြီးပါသည် ။

တစ်ဆက်တည်းတင်ပြလိုသည်မှာ ကလေးစစ်သားများကိစ္စ ။ ကလေးစစ်သားများ အကြောင်းအမျိုးမျိုးကြောင့် တပ်ထဲရောက်သွားကြပါသည် ။
သူတို့ စစ်မှုထမ်းခွင့်ရရှိရန် အသက်ကို လိမ်လည်ထားကြရသည် ။ အသက်၁၈နှစ်မပြည့်သေးပါဘဲ ၊ အသက်၁၈ နှစ်ပြည့် နိုင်ငံသားကပ်ပြားအတုများ ၊ ထောက်ခံစာအတုများဖြင့် စစ်မှုထမ်းခဲ့ကြခြင်းဖြစ်သည် ။

အမှန်မှာ ကလေးစစ်သားများ သည် တရားဝင်စစ်မှုထမ်းများမဟုတ် ။
သူတို့ချုပ်ဆိုရသော စစ်မှုထမ်းစာချုပ်မှာ တရားမဝင် ။
သူတို့သည် တရားဝင်စာချုပ်ချုပ်နိုင်ရန် အရည်အချင်းပြည့်မှီသူများမဟုတ် ။ သူတို့ချုပ်ဆိုသော စာချုပ်မှာ တရားဝင်စာချုပ်မဟုတ် ။ ဒါကို သူတို့ကမသိ ။
မသိသဖြင့် ၊ တကယ့်လူကြီးများ(အရွယ်ရောက်ပြီးသူများ)လို တကယ့်စစ်သားလုပ်နေကြခြင်းဖြစ်သည် ။
အမှန်ကို ပြောပြပေးမည့်သူ ၊ တတ်သိသူ ၊ ကူညီသူရှိက ၊ သူတို့သည် တပ်မှ ထွက်ခွင့်ရှိသည် ။ တပ်မှ ပြေးလျင်ပင် အရေးယူလို့မရပါ ။

လေးစားမှုဖြင့်-

Senior Allah

(ဆက်ရန်)

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-