နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, June 22, 2009

ကျွန်ုပ်တို့ အမှန်တကယ်ယဉ်ကျေးကြပြီလော

ဝင်းသိန်းဦး
ဗီဇနှစ်မျိုး
လူသားတို့၏ ဘဝတစ်သက်တာ ကံကြမ္မာကို သူတို့၏ မွေးရာပါဗီဇနှင့် ပတ်ဝန်းကျင်တို့က များစွာသြဇာသက်ရောက် လျက် ရှိပေသည်။ ဗီဇဟုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာဗီဇနှင့် စိတ်ပိုင်းဆိုင်ရာဗီဇဟူ၍ ခွဲခြားသတ်မှတ်နိုင်သည်။ ရှေးအခါက ရုပ်ပိုင်းဆိုင်ရာဗီဇဟူသည် မွေးရာပါဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲ၍ မရနိုင်ဟု ထင်မြင်ယူဆခဲ့ကြသည် ။ မျက်မှောက်ခေတ်တွင်မူ သိပ္ပံပညာ ထွန်းကားလာသည့်အလျောက် မျိုးရိုးဗီဇအင်ဂျင်နီယာပညာဖြင့် လူသားတို့၏ ရုပ်ပိုင်းဆိုင် ရာဗီဇကို ပြုပြင်ပြောင်းလဲ၍ ရလာပြီဖြစ်သည်။ ယင်းကိုပင် သိပ္ပံပညာ၏ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုတစ်ရပ်အဖြစ်လည်း ဂုဏ်ယူ ဝင့်ကြွားနေကြသည်။
ရုပ်ပိုင်းဆိုင်ရာ အသွေးအသားနှင့်စပ်ဆိုင်သော မျိုးရိုးဗီဇကို ပြုပြင်ပြောင်းလဲပေးနိုင်ခြင်းသည် လူသားထုအတွက် အတိုင်းအတာ တစ်ရပ်အထိ အကျိုးကျေးဇူးပြုနိုင်သည်ကား မှန်ပေသည်။ သို့သော် စိတ်ပိုင်းဆိုင်ရာဗီဇကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု မပြုနိုင်သေးသရွေ့ လူသားတို့၏ ယဉ်ကျေးမှုအဆင့်အတန်းသည် ကျောက်ခေတ်ကထက် တစ်ဆင့်မြင့်မားတိုးတက်လာပြီဟု မဆိုနိုင် သေးချေ ။

ဒြပ်ရှိယဉ်ကျေးမှု
ယဉ်ကျေးမှုဟုဆိုရာတွင် ဒြပ်ရှိယဉ်ကျေးမှု (Tangible Culture)နှင့် ဒြပ်မဲ့ယဉ်ကျေးမှု(Intangible Culture) ဟူ၍ ရှိပေသည်။ ဒြပ်ရှိယဉ်ကျေးမှုဆိုသည်မှာ ကိုင်တွယ်ထိတွေ့ဖော်ပြနိုင်သော၊ သိသာမြင်လွယ်သော ပြယုဂ်သင်္ကေတများပင် ဖြစ်သည်။ ပမာဆိုရသော် ကမ္ဘာ့အံ့ဖွယ်ပိရမစ်ကြီးများ၊ မဟာတံတိုင်းကြီးများ ၊ ဘုရားရှိခိုးကျောင်းတော်ကြီးများ ၊ နန်းတော်ကြီးများ၊ ပိသုကာလက်ရာများနှင့် အနုသုခုမ ပစ္စည်းများပင် ဖြစ်သည် ။
ယင်းသို့ ရှေးဟောင်းလက်ရာ အမွေအနှစ် မရှိစေကာမူ မျက်မှောက်ခေတ်၌ ဓနဥစ္စာကြွယ်ဝချမ်းသာမှုတွင် ရှေ့တန်းရောက်လာ ကြသော လူ့အဖွဲ့အစည်းများကလည် ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ကြီးများ ၊ အဆန်းကြယ်ဆုံးအဆောက်အဦများအစရှိသည့် ထင်သာမြင်သာ သော သင်္ကေတများကို သူ့ထက်ငါအပြိုင်အဆိုင် တည်ဆောက်ကာ မိမိတို့၏ ဒြပ်ရှိယဉ်ကျေးမှု အဆင့်အတန်းအား မြှင့်တင်ပြနေကြသည်။
လူသားတို့သည် အဆိုပါဒြပ်ရှိယဉ်ကျေးမှုလက်ရာ အစုစုတို့ကို ရည်ညွှန်းလျက် မိမိတို့လူ့အဖွဲ့အစည်းသည် ကမ္ဘာ့သမိုင်းတွင် ယဉ်ကျေးမှုတိုးတက်ထွန်းကားလူ့အဖွဲ့အစည်း အဖြစ်လည်းကောင်း၊ မိမိတို့လူမျိုးသည် ယဉ်ကျေးသောလူမျိုးအဖြစ်လည်းကောင်း ဂုဏ်ယူ ဝင့်ကြွားခဲ့၊ ဝင့်ကြွားဆဲ ၊ ဝင့်ကြွားရန် အားထုတ်နေကြမြဲ ဖြစ်သည်။
မိမိတို့ကဲသို့ ဒြပ်ရှိယဉ်ကျေးမှုမပြနိုင်သည့်လူ့အဖွဲ့အစည်းအချို့ကိုမူ မိမိတို့လောက်မယဉ်ကျေးသော လူ့အဖွဲ့အစည်းဟု အထင်အမြင်ထင်သေးတတ်ကြသည် ။ မိမိတို့ပိုင်ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများသည် မိမိတို့၏ ယဉ်ကျေးမှု ပြယုဂ်ဟုပင် ထင်မြင်နေကြ သည်။

ဒြပ်မဲ့ယဉ်ကျေးမှု
စင်စစ်အာဖြင့် အဆိုပါဒြပ်ရှိယဉ်ကျေးမှုများအား ပိုင်ဆိုင်ရုံဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်းကို ယဉ်ကျေးလှပြီဟု ကောက်ချက်ဆွဲ၍ မရနိုင်ချေ။ လူ့အဖွဲ့အစည်းတစ်ခုယဉ်ကျေးသည် မယဉ်ကျေးသည်ဆိုခြင်းကို အဓိကအားဖြင့် အဆုံးအဖြတ်ပေးနိုင်သော ‘ စံမှတ်ကျောက် မှာ ဒြပ်မဲ့ယဉ်ကျေးမှုသာလျှင် ဖြစ်ပေသည်။ ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းတစ်ခုအတွင်းနေထိုင်ကြကုန်သော လူသားထုအတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည့် ယုံကြည်မှု၊ တန်ဖိုးထားတက်မှု ၊ သဘောထားခံယူချက် ၊ ဘဝအမြင်နှင့် ကိုယ်ကျင့်တရားတို့ပင် ဖြစ်သည်။
လူ့အဖွဲ့အစည်းတစ်ခုသည် ဒြပ်ရှိယဉ်ကျေးမှုမည်မျှပင်ပိုင်ဆိုင်ပါစေ တောတွင်းနေလူသားစား လူရိုင်းတို့နှင့်ခြားနားသာလွန် မြင့်မားသော ယုံကြည်မှု၊ တန်ဖိုးထားတတ်မှု ၊ သဘောထားခံယူချက်၊ ဘဝအမြင်နှင့် ကိုယ်ကျင့်တရားတို့သာ မရှိပါက ထိုလူ့အဖွဲ့အစည်း ဝင်တို့အား လူယဉ်ကျေးများဟု မသတ်မှတ်နိုင်ပေ။ အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုအား အဓိက ပြဠာန်းပေးနေသည်မှာ တိုးတက်ထွန်းကားလှပါ သည်ဆိုသော စိတ်ပိုင်းဆိုင်ရာ ဗီဇသာလျှင် ဖြစ်ပေသည် ။

လူသား၏ စိတ်ပိုင်းဆိုင်ရာဗီဇ ၃ မျိုး
လူသားတိုင်း လူသားတိုင်းတွင် ပင်ကိုယ်မူလအားဖြင့် စိတ်ပိုင်းဆိုင်ရာဗီဇသုံးမျိုးသုံးစားရှိပေသည်။ ယင်းတို့မှာ
(၁) သားရဲ တိရိစ္ဆာန်ဗီဇ ၊
(၂) လူသားဗီဇနှင့်
(၃) ဗြဟ္မစိုရ်ဗီဇတို့ပင် ဖြစ်သည် ။

လူသားတိုင်းသည် ယင်းတို့၏ အလိုဆန္ဒပြည့်ဝစေရေးအတွက် ရုန်းကန် လှုပ်ရှားနေချိန်တွင် ယင်းဗီဇသုံးမျိုးထဲမှ တစ်မျိုးမျိုး၏ သြဇာလွှမ်းမိုးမှုကို ခံယူနေကြရသည်။
လူသားတို့၏ မနောကံမြောက် ကြံစည်တွေးခေါ်မှုများသည် မြင့်မြတ်မှန်ကန်သော ဘာသာတရားတစ်ခု၏ ဆုံးမသွန်သင် ညွှန်ပြမှုကို မခံယူရသည့်အခါမျိုးတွင် သားရဲတိရစ္ဆာန်ဗီဇက လူသားတို့အား လွှမ်းမိုးချယ်လှယ်ထားတတ်စမြဲဖြစ်သည်။ မိမိတို့ကိုယ်ကို လူ ဟူ၍ အသိအမှတ်မပြုမိမီကာလမှ အစပြု၍ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းအမွေဆက်ခံရရှိခဲ့သော သားရဲတိရစ္ဆာန်ဗီဇအချို့မှာ ယဉ်ကျေးမှုတိုးတက်လှပါသည် ဆိုသော မျက်မှောက်ခေတ်တိုင်အောင် လူသားတို့ထံ၌ ကျန်ရှိနေပေသေးသည် ။

အရှိန်ပြင်းစွာထွက်ပေါ်လာတတ်
လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ရွေ့ရွေ့ပြောင်းလဲ တိုးတက်လာသည်ကား မှန်ပါသည်။ သို့သော် စိတ်ပိုင်းဆိုင်ရာအား ဖြင့်ကား အောက်တန်းကျ သေးသိမ်လှသည့် တွေးခေါ်မြော်မြင်မှု၊ ဓလေ့စရိုက်နှင့် ကိုယ်ကျင့်တရားတို့မှာ ကျောက်ခေတ်လူသားတို့နှင့် မခြားတည်ရှိနေဆဲသာဖြစ်သည်။ အစစအရာရာ အဆင်ပြေချောမွေ့သော အခြေအနေမျိုးတွင်မူ လူသားတို့၏ အောက်တန်းကျ၍ ရိုင်းစိုင်း ယုတ်ညံ့သော စိတ်ပိုင်းဆိုင်ရာဗီဇစိတ်များမှာ ပေါ်လွင်ထင်ရှားမှု မရှိတတ်ချေ။ သို့သော် ယင်းအခြေအနေမှသည် တစ်စုံတစ်ရာ အပြောင်း အလဲ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူသားတို့ရင်ဝယ်တိမ်မြှုပ် ဖုံးကွယ်နေသည့်လောဘ၊ ဒေါသ၊ မာန်မာနတရားတို့သည် မီးတောင်ပေါက်ကွဲသကဲ့သို့ အရှိန်အဟုန်ပြင်းထန်စွာ ထွက်ပေါ်လာတတ်စမြဲ ဖြစ်သည်။
ယင်းသည် လူသားတို့၏ စိတ်ဘဝင်တွင် နက်ရှိုင်းစွာ ခိုအောင်းလျက်ရှိသော အာသာဆန္ဒနှင့် အလိုရမ္မက်တို့၏ အကျိုးဆက်လည်း ဖြစ်ပေသည် ။ စိတ်သဘောထား မည်မျှ ကောင်းလှပါသည်ဆိုသောသူပင် မိမိကိုယ်ကျိုးစီးပွားထိခိုက်လာပါမူ သတိလက်လွတ်တွေးခေါ်၊ ပြောဆို ၊ ပြုမူ လာတတ်ကြသည် ။ ထိုသို့သော အခြေအနေမျိုးတွင် လူသားတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် တိရစ္ဆာန်တစ်ကောင် နှင့် ဘာမျှထူးခြားမှု မရှိတော့ချေ။ ကျွန်ုပ်တို့ပြောဆိုလေ့ရှိသော ‘ ကမ္ဘာမီးလောင်သားကောင်ချနင်း ‘ ဟူသည့် ဆိုရိုးစကားက လူသားတို့ ထံတွင် သားရဲတိရစ္ဆာန်ဗီဇ ရှိနေသေးကြောင်း ဖော်ကျူးလျက်ရှိပေသည် ။

လူသားနှင့်တိရစ္ဆာန်ကွဲပြားမှု
လူသားတို့တွင် သားရဲတိရိစ္ဆာန်ဗီဇငုပ်လျှိုး တည်ရှိစေကာမူ လူသားနှင့် တိရစ္ဆာန်တို့အကြားတွင် အဓိကအကျဆုံး ကွဲပြားခြား နားသည့် စရိုက်လက္ခဏာတစ်ရပ်တော့ ရှိပါသည်။ လူသားက မိမိတို့ဘဝ၏ ဖြစ်တည်မူနှင့် မိမိပတ်ဝန်းကျင်ရှိ ဖြစ်ပျက်ပြုပြင်ပြောင်းလဲမှု များအား ဆင်ခြင်တုံတရားဖြင့် တုံ့ပြန်မှုပြုတတ်ပြီး တိရစ္ဆာန်တို့ကမူ ခံစားမှု သက်သက်ဖြင့်သာ တုံ့ပြန်တတ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူသားတို့တွင် သားရဲတိရိစ္ဆာန်တို့ထက် နှိုင်းမရအောင် သာလွန်ဖွံ့ဖြိုးသော အသိဥာဏ်ရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ‘ အဝိဇ္ဇာ’ တည်းဟူသော အမြင်လွဲမှားမှုက အသိဉာဏ်၏စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင်အောင် နှောင့်ယှက် ဟန့်တားထားတတ်ပေသည်။ ဘာသာတရားအသီးသီးသည် လူသားတို့၏ အမြင်လွဲမှားမှုအား ဖယ်ရှားပစ်ရန် မျိုးရိုးစဉ်ဆက် အမြစ်တွယ်တည်ရှိခဲ့သော သားရဲ တိရိစ္ဆာန်ဗီဇအား သုတ်သင်ရှင်းလင်းရန်နှင့် အကြင်နာတရားပြည့်ဝသော အရည်အသွေးများ ပြုစုပျိုးထောင်ပေးရန် ဟူသည့် ရည်ရွယ် ချက်များဖြင့် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည် ။

လူသားဗီဇထွန်းကားသူ
လူသားတစ်ဦးသည် ကြင်နာသနားတတ်ခြင်း၊ သူတစ်ပါး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားတတ်ခြင်းနှင့် အခြားသူတို့ကြုံတွေ့ နေရသော ဒုက္ခဆင်းရဲအခက်အခဲ တို့မှ လွတ်မြောက်စေရန် ကူညီဖြေရှင်းပေးတတ်ခြင်းတည်းဟူသော အရည်အသွေးများနှင့် ပြည့်စုံနေပြီ ဆိုလျှင် ယင်းလူသားတို့၏ စိတ်ဘဝင်ဝယ် လူသားဗီဇထွန်းကားနေပြီဖြစ်ကြောင်း အကဲခတ်သိရှိနိုင်ပါသည် ။ ယင်းသို့ လူသားဗီဇထွန်းကားနေခြင်းသည် လူသားတစ်ဦးအဖို့ပုံမှန်အခြေအနေပင်ဖြစ်သည် ။

ဗြဟ္မစိုရ်ဗီဇထွန်းကားလာအောင်
မိမိတို့ကိုယ်ကို ယဉ်ကျေးမှုအဆင့်မြှင့်တင်လိုသူတို့မှာကား အဆိုပါလူသားဗီဇမှ တစ်ဆင့်တက်၍ ဗြဟ္မစိုရ်ဗီဇထွန်းကားလာရန် ပြုစုပျိုးထောင်ပေးကြရပေလိမ့်မည်။ တည်ငြိမ်အေးချမ်းသော စိတ်ထားဖြင့် နေထိုင်ကာ မေတ္တာပွားများခြင်း၊ ကရုဏာထားခြင်း၊ သူတစ်ပါးကြီးပွားချမ်းသားမှုကို ဝမ်းမြောက်ခြင်း၊ သတ္တဝါအားလုံးအပေါ် ကျောသားရင်သားမခွဲခြားဘဲ တစ်ပြေးညီစာနာထောက်ထားခြင်းတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးနှင့် ပြည့်စုံလာအောင် အားထုတ် ကြိုးပမ်း ခြင်းအားဖြင့် မိမိတို့၏ စိတ်ဘဝင်ဝယ် ဗြဟ္မစိုရ်ဗီဇထွန်းကားလာအောင် ပြုစုပျိုးထောင်နိုင်ပါသည် ။

ကိုယ့်စိတ်ကို ကိုယ်ပြုပြင်မှ
ယင်းသို့ စင်ကြယ်မြင့်မြတ်သော ဗြဟ္မစိုရ်ဗီဇနှင့် ပြည့်စုံရန်မှာ ကိုယ့်အားကိုယ်ကိုးပြီး အားထုတ်ကြိုးပမ်းမှုပြုရမည်သာ ဖြစ်သည်။ သဘာဝလွန် တန်ခိုးရှင်ဆိုသူများထံခယဝပ်တွား ပူဇော်သမှုပြုခြင်းမျှဖြင့်ကား လူသားတစ်ဦး၏ စိတ်ဘဝင်ဝယ် ဗြဟ္မစိုရ်ဗီဇ ထွန်းကား လာလိမ့်မည် မဟုတ်ချေ။ မိမိ၏ စိတ်ပိုင်းဆိုင်ရာ ဗီဇကို တိုးတက်ကောင်းမွန်လာအောင် အားထုတ်လုပ်ဆောင်ရာတွင် ဖန်ဆင်းရှင်၊ တန်ခိုး ရှင် ၊ နတ်ဒေဝတာ တစ်စုံတစ်ရာ၏ ကောင်းချီးပေးမှုကို တောင်းခံနေစရာမလိုပေ။ တောင်းခံနေ၍လည်း မရနိုင်ချေ။ မိမိစိတ်ကို စင်ကြယ်အောင် ပြုပြင်ရာတွင် မြင့်မြတ်လှပါသည်ဆိုသော မြစ်ရေအတွင်းရုပ်ခန္ဓာကိုယ်အား သက်ဆင်းဆေးကြောခြင်း အားဖြင့် လည်းကောင်း၊ မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်၍ လည်းကောင်းမရနိုင်သလို သက်ရှိတို့၏ အသွေးအသားဖြင့် ယဇ်ပူဇော်ကာ ဆေးကြောခြင်း ဖြင့်လည်း မရနိုင်ပေ။ ကိုယ့်အားကိုယ်ကိုးလျက် ကိုယ့်စိတ်ကို ကိုယ် ပြုပြင်ရမည့်ကိစ္စ သာလျှင်ဖြစ်ပေသည်။

စိတ်ပိုင်းဗီဇပြုပြင်နည်း
မိမိတို့၏ စိတ်ပိုင်းဆိုင်ရာဗီဇကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲလိုသူသည် ဆင်ခြင်တုံတရားကင်းမဲ့ခြင်း၊ လူသားချင်း မနာလိုဝန်တိုမုန်းတီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းကဲ့သို့သော အပျက်သဘောဆောင်သည့် စရိုက်လက္ခဏာဆိုးများအား ပယ်သတ်ဖယ်ရှားပစ်ရမည်။ လူသားချင်း ရိုင်းပင်းကူညီချစ်ခင်မှု၊ မေတ္တာကရုဏာထားမှုကဲ့သို့သော အပြုသဘောဆောင်သည့် စရိုက် လက္ခဏာကောင်းများ ရှင်သန်ဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ပေးကြရပေမည်။ ဤနည်းအာဖြင့်သာ မိမိတို့ကိုယ်ကို မိမိတို့ မွန်မြတ် သန့်စင်သော ဗြဟ္မစိုရ်ဗီဇနှင့် ပြည့်စုံသူများဖြစ်လာအောင် လုပ်ဆောင်နိုင်ကြမည်ဖြစ်ပေသည်။
စင်စစ်အားဖြင့် မိမိစိတ်ကို မွန်မြတ်သန့်စင်အောင် ပြုစုပျိုးထောင်ပေးခြင်းသည် ဘာသာမရွေး၊ လူမျိုးမရွေး လူသားတိုင်း ဆောင်ရွက်သင့်သော အမွန်မြတ်ဆုံးလုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်။ ကျွန်ုပ်တို့သည် လူသားဗီဇကို အသုံးပြုလျက် သားရဲတိရစ္ဆာန်ဗီဇကို သုတ်သင်ဖယ်ရှားပစ်ကြရမည်။ ထို့နောက် မှန်ကန်မြင့်မြတ်ပြီး လောက၏ သစ္စာတရားကို ညွှန်ပြနိုင်သော ဘာသာတရားတစ်ခု၏ အဆုံးအ မအား ခံယူလိုက်နာ ကျင့်သုံးခြင်းအားဖြင့် မိမိတို့စိတ်ဘဝင်ဝယ်လူသားဗီဇထက် တစ်ဆင့်မြင့်မားသော ဗြဟ္မစိုရ်ဗီဇထွန်းကားလာအောင် လုပ်ဆောင်နိုင်ပေမည် ။

အရိယာဗီဇဟူသည်
ဗုဒ္ဓဘာသာသည် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာဗီဇကို သားရဲတိရစ္ဆာန်ဗီဇမှသည် လူသားဗီဇဆီသို့လည်းကောင်း၊ လူသားဗီဇမှ ဗြဟ္မစိုရ်ဗီဇဆီသို့လည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ပေးနိုင်သော ဘာသာတရားတို့ထဲမှ တစ်ခုပင်ဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာ၏ ထူးခြားချက်တစ်ရပ်မှာ ဗုဒ္ဓဘာသာတရားတော်နှင့်အညီ လိုက်နာကျင့်သုံး နေထိုင်ကြမည်ဆိုပါမူ ကျွန်ုပ်တို့သည် ဗြဟ္မစိုရ်ဗီဇ ထက် ထပ်ဆင့်သာလွန်မြင့်မြတ်သော အရိယာဗီဇ ဟူသည့် စိတ်ပိုင်းဆိုင်ရာဗီဇတစ်ရပ်ကို ရယူပိုင်ဆိုင်နိုင်ခြင်းပင်ဖြစ်သည် ။

ဟုတ်တိုင်းမှန်စွာပိုင်းခြားသိမြင်ရေး
အရိယာဗီဇ ပိုင်ဆိုင်ခြင်းဆိုသည်မှာ ဘဝ၏ သစ္စာတရားကို မိမိဘာသာ ကြိုးပမ်းအားထုတ်မှု ပြုခြင်းအားဖြင့် ဟုတ်တိုင်းမှန်စွာ ပိုင်းခြားသိမြင်နားလည်လာကာ စိတ်ပိုင်းဆိုင်ရာ ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်ချမ်းသာနေသည့် အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ တစ်နည်းဆိုသော် သစ္စာဉာဏ်ကို မျက်မှောက်ပြုရခြင်းပင်ဖြစ်သည်။
သစ္စာဉာဏ်ကို မျက်မှောက်ပြုနိုင်ရေးအတွက် မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲမှုပြုကြရာတွင် ကျွန်ုပ်တို့အနေနှင့် ပထမဆုံး လုပ်ဆောင်ရမည့်ကိစ္စမှာ ဗုဒ္ဓ၏တရားတော်တို့ကို ဟုတ်တိုင်းမှန်စွာ နားလည်သဘောပေါက်လာအောင် ဆောင်ရွက်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓသြဝါဒ အစစ်အမှန်ကို သိရှိဖို့လိုအပ်ပေသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းနှင့် လိုက်လျော ညီထွေ အံဝင်ခွင်ကျဖြစ်စေရန် မည်သို့ခံယူကျင့်သုံးသွားရမည်ဆိုသော အချက်များကိုလည်း သိရှိထားသင့်ပေသည် ။

ဘဝတစ်သက်တာ လိုက်နာကျင့်သုံးလျင်
လူသားတစ်ဦးအဖို့ ဗုဒ္ဓ၏ အဆုံးအမ လမ်းစဉ်တို့အား နားလည်သဘောပေါက်ခြင်းသည် သူ၏ နှလုံးအိမ်ဝယ် ပရိယတ္တိသာသနာ တည်ခြင်းပင်ဖြစ်သည်။ ယင်းသို့ ဟုတ်တိုင်းမှန်စွာ သိရှိထားသည့်အလျောက် ဗုဒ္ဓညွှန်ပြသောလမ်းစဉ်အတိုင်းဘဝတစ်သက်တာ လိုက်နာ ကျင့်သုံးသွားမည်ဆိုပါက ထိုသူ၌ ပဋိပတ္တိသာသနာ တည်ပေတော့သည်။
ဤသို့ လိုက်နာကျင့်သုံးသွားခြင်းဖြင့် မိမိတို့စိတ်ဘဝင်ဝယ် အရိယာဗီဇထွန်းကားလာကာ လောက၏ သစ္စာတရားကို အရှိအတိုင်း သိမြင်ပြီဆိုပါမူ အဆိုပါပုဂ္ဂိုလ်တွင် ပဋိဝေဓသာသနာ တည်ရှိသွားပြီ ဖြစ်တော့သည် ။

ကျောက်ခေတ်ဗီဇ
လူသားတို့သည် နေ့စဉ်ကြုံတွေ့နေရသော ပြသာနာအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် သားရဲတိရစ္ဆာန်ဗီဇ၊ လူသား ဗီဇနှင့် ဗြဟ္မစိုရ်ဗီဇတည်းဟူသော စိတ်ပိုင်းဆိုင်ရာဗီဇ သုံးခုအနက်မှ တစ်ခုခု၏လွှမ်းမိုးမှုကို ခံနေကြရစမြဲဖြစ်ကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေကောင်းနှင့် ရင်ဆိုင်နေရချိန်တွင် လူသားဗီဇ သို့တည်းမဟုတ် ဗြဟ္မစိုရ်ဗီဇက ပေါ်လွင်ထင်ရှားကာ ယဉ်ကျေးသယောင် အသွင်ဆောင်နေတတ်ကြသည်။ သို့သော် မိမိတို့ အတ္တကို ထိပါးလာသည့်အခါ အသိတရားလွတ်သွားသည့် အခါမျိုးတွင်ကား လူ့ဘောင်သမိုင်းမတိုင်မီကာလမှအစပြု၍ ဘိုးစဉ်ဘောင်ဆက်ခိုတွယ်ဆက်ခံလာခဲ့ရသော သားရဲတိရစ္ဆာန်ဗီဇက ဘွား ဘွားကြီး ပေါ်ထွက်လာတတ်သည်။ ဆိုလိုသည်မှာ လူသားတို့သည် မိမိတို့၏ ဗီဇစိတ်ကို အရိယာဗီဇဆီသို့ ပြုပြင်ပြောင်းလဲမှု မပြုနိုင်သေးသရွေ့ ဗီဇစိတ်သုံးမျိုး၏ လွှမ်းမိုးမှုကို အလှည့်ကျခံစားနေရမည်သာ ဖြစ်ပါသည်။ ယင်းဗီဇစိတ်သုံးမျိုး အလှည့်ကျပြောင်းလဲ လွှမ်းမိုးခြင်းကိုခံယူနေရသမျှကာလပတ်လုံး လူသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုသည်လည်း ကျောက်ခေတ်ကာလကထက် ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာလိမ့်မည် မဟုတ်ပါချေ။

နှလုံးအိမ်ဝယ်ထွန်းကားသင့်သောဗီဇ
ကျွန်ုပ်တို့လူသားများသည် မိမိတို့၏ ဗီဇစိတ်အားအရိယာဗီဇဆီသို့ရောက်အောင် ပြုစုပျိုးထောင်ပေးနိုင်မှသာ အမှန်တကယ် ယဉ်ကျေးသော လူ့ဘောင်လောကကြီးအဖြစ် မြှင့်တင်နိုင်ပေလိမ့်မည်။ ထိုသို့မြှင့်တင်ရာတွင် ကျွနိုပ်တို့ လူသားတစ်ဦးချင်းအနေနှင့် ဗုဒ္ဓညွှန်ပြခဲ့သော လမ်းစဉ်ကို သိရှိနားလည်အောင် အားထုတ်ခြင်းဟူသော ပရိယတ္တိသာသနာ၊ မိမိနားလည်သည့်လမ်းစဉ်အတိုင်း လိုက်နာ ကျင့်သုံးခြင်းဟူသော ပဋိပတ္တိသာသနာတို့နှင့် ပြည့်စုံအောင် အားထုတ်ကြရပေလိမ့်မည်။ ယင်းသာသနာနှစ်ရပ်ပြည့်စုံလာသည်နှင့် လောက ၏ သစ္စာတရားကို မချွင်းမချန်သိရှိနားလည်ကာ ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ခြင်းဟူသော ပဋိဝေဓသာသနာနှင့် ပြည့်စုံသွားသူတို့ အဖို့ဘဝတစ်လျှောက်တွင် မည်သို့သော လောကဓံ အခြေအနေမျိုးနှင့်မဆို ရင်ဆိုင်ကြုံတွေ့ရပါစေ သူ၏နှလုံးအိမ်ဝယ်အရိယာဗီဇမှ တစ်ပါး အခြားမည်သည့်ဗီဇစိတ်မှ ပေါ်ထွန်းမလာနိုင်တော့ချေ။လူဟူ၍ သတ်သတ်မှတ်မှတ် မဖြစ်ထွန်းမီကာလမှ အစပြု၍ လက်ဆင့်ကမ်း အမွေဆက်ခံခဲ့ရသော ဗီဇစိတ်များကို အပြီးသတ်ဖယ်ရှားပစ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။

မိမိကိုယ်ကို မေးခွန်းထုတ်
ဤတွင် ကျွန်ုပ်တို့လူသားများသည် မိမိတို့ကိုယ်ကိုပြန်၍ မေးခွန်းထုတ်ကြည့်သင့်ပါသည်။ ရှေးကတည်ရှိခဲ့သည့် ပိရမစ်ကြီးများ ၊ မဟာတံတိုင်းကြီးများ ၊ ဘုရားရှိခိုးကျောင်းတော်ကြီးများ၊ မျှော်စင်ကြီးများအစရှိသည့် ကြီးကျယ်ခမ်းနားသော ပိသုကာလက်ရာများနှင့် မျက်မှောက်ခေတ်တွင် တိုးတက်ထွန်းကားလာသည့် ကွန်ပျူတာကွန်ယက်စနစ်များကို ညွှန်ပြကာ လူ့ယဉ်ကျေးမှု အဆင့်အတန်းမြင့် မားနေပါပြီဟု ကြွေးကြော်နိုင်ပါပြီလော။ မကြာသေးမီကမှ တိုးတက်ထွန်းကားလာသော ရုပ်ပိုင်းဆိုင်ရာ မျိုးရိုးဗီဇအင်ဂျင်နီယာ အတတ်ပညာသည် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာဗီဇကိုမူ ဖွံ့ဖြိုးလာအောင် ပြုပြင်ပြောင်းလဲ၍ မရနိုင်ပေ။ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည့် ဓမ္မ လမ်းစဉ်နှင့်အညီ လိုက်နာကျင့်သုံးခြင်းဖြင့်သာ မိမိတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို မြင့်မားလာအောင် ဆောင်ကြဉ်းနိုင်ကြမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေတော့သည် ။



Ref;
1. Buddhism by Chrismas Humphreys
2. Practical Buddhism by, K.Sri Dhammananda
3.နဝဒေးမဂ္ဂဇင်း၊အမှတ်-၁၅၊၂၀၀၁- ခုနှစ်၊ မတ်လ။
4. http://www.ksridhammananda.com/
5. http://www.blavatskytrust.org.uk/html/c_humphreys.htm


No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-