နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, June 13, 2009

မဟာစည်ဆရာတော်ဘုရားကြီးနှင့် နတ်တစ်ပါး တရားဆွေးနွေးခန်း

ယုံချင်ယုံမယုံချင်နေ ။
နားထောင်ကြည့်။
သိလျင် ၊ သိတယ်မှတ် ။
နတ်တွေဆိုတာ ၊ ဖြူစင်သန့်ရှင်းသော လူသားကို ဦးညွှတ်ကြရတဲ့လောကသားတစ်မျိုး ။
လူသားဆိုတာ ၊ လွပ်လပ်စွာ ရွေးချယ်ခွင့်ရှိနေတဲ့လောကသားတွေပါ ။
မိမိကိုယ်ကို ရွေးချယ်ကြပါ ။
မိမိကိုယ်ကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိတဲ့လောကသားအဖြစ် ယုံယုံကြည်ကြည်လက်ခံသင့်ကြပါပြီ ။
မိမိကိုယ်ကို ရွေးချယ်ခွင့်မရှိတဲ့ လောကသားအဖြစ်က နှုတ်ထွက်သင့်ကြပါပြီ ။
ကဲ ၊ ဒီမှာ နားထောင်လိုက် ။


လေးစားမှုဖြင့်-
ဟာဂျီဝက်စ်လီ

6 comments:

  1. မူလ ခင့်ခ်ပျက်နေပါသည် ။ အဆက်အသွယ်ပြန်ရလျင် ပြန်လည်ပြုပြင်ပေးပါမည် ။ မူလစာမျက်နှာမှ ဖြုတ်ထားခြင်းဆိုလျင် ၊ ဤ ပို့စ်ကို ပြန်လည်ြုတ်သိမ်းပါမည် ။

    ReplyDelete
  2. http://www.2shared.com/file/6430094/42a64d8b/maharsi.html
    အဲဒီမှာ လင့်ခ်အသစ်ပါ ဒကာတော်။

    ReplyDelete
  3. မဟာစဉ်ဆရာတော်ကြီးနှင်နတ်တစ်ပါးပြောသောအခန်းက.
    အကုန်နားထောင်လို့မရဘူးဖြစ်နေယ်...
    ကူညီပါဦးးးး........

    ReplyDelete
  4. ဟုတ်ပါတယ်။ကျွန်တော်လည်း နားထောင်လို့မရပါ။

    ReplyDelete
  5. http://naythwaykha.blogspot.com/2009/10/get-this-widget-track-details-esnips.html ဒီမှာတော့နားထောင်လို့ရတယ်ဗျို့

    ReplyDelete
  6. http://naythwaykha.blogspot.com/2009/10/get-this-widget-track-details-esnips.html ဒီမှာတော့နားထောင်လို့ရတယ်ဗျို့

    ReplyDelete

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-