နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, March 7, 2009

ဆရာမောင်သစ်ဆင်း(R.F.A)သို့ အိတ်ဖွင့်ပေးစာ

ဆရာမောင်သစ်ဆင်းခင်ဗျား ။
ကျနော်ဟာဂျီဝက်စ်လီဖြစ်ပါသည်။
ဆရာတင်ပြခဲ့သော Critical Thinking ဆောင်းပါးကို နားထောင်ရ၍ များစွာဗဟုသုတရရှိပါသည်ခင်ဗျား ။ ကျနော်သည် ပြဿနာတစ်ခုတွင် ၊ စဉ်းစားပုံစဉ်းစားနည်းနှင့်ပတ်သက်၍ ဆရာဦးတင်မောင်သန်းတင်ပြသလို စဉ်းစားခဲ့သဖြင့် အခြားသူများနှင့် အကွာအဟရှိနေပါသဖြင့် ဤ စာကိုရေးလိုက်ရခြင်းဖြစ်ပါသည်ခင်ဗျား ။

ဦးစွာပြောလိုသည်မှာ ကျနော်တို့ အစ္စလာမ်ဘာသာဝင်များသည် ဤကမ္ဘာကြီးအားဖန်ဆင်းတော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်ကို အသက်ထက်မက ယုံကြည်ကိုးကွယ်သူများဖြစ်သည်ဆိုသည်ကိုလည်းကောင်း ၊ အလ္လာဟ် အရှင်မြတ်သည် အစ္စလာမ်ဘာသာဝင်များ ဤလောကတွင် မည်ကဲ့သို့နေထိုင်ကြရမည်ကို တမန်တော် မိုဟာမက် အရှင်မြတ်ကလေး(ဆွ) ထံမှတစ်ဆင့် ဂရုဏာထားမိန့်ကြားတော်မူခဲ့ပြီး ၊ အရှင်မြတ်ကြီး၏ အာယတ်တော်များကို ကိုရမ်ကျမ်းမြတ် တွင် ရေးမှတ်တော်မူခဲ့သည်ကို လည်းကောင်း ၊ ကိုရမ်ကျမ်းမြတ်တော်မှာလည်း အစ္စလာမ် ဘာသာဝင်များအဖို့ မိမိတို့ အသက်ထက်မက အလ္လာဟ်အရှင်မြတ်နှင့် ထပ်တူလေးစား တန်ဘိုးထားကြ သည်တို့ကို လည်းကောင်း ဆရာသိရှိပြီးဖြစ်မည်ထင်ပါသည် ။

ထို့ပြင် များမကြာမီက ၊ ဒူဘိုင်းနိုင်ငံတွင် မြန်မာမိန်းကလေးတစ်ဦး အသတ်ခံရသည်ကိုလည်းကောင်း ၊ သူမကို သတ်ဖြတ်ခဲ့သူမှာ သူမ၏မိတ်ဆွေ တစ်ဦးဖြစ်သည်ကိုလည်းကောင်း ဆရာသိရှိပြီးဖြစ်မည်ထင်ပါသည် ။

ထို့ပြင် ၊ မျက်နှာအက်ဆစ်အပက်ခံရတဲ့ အီရန်သူ Bahrami ကိစ္စကိုလည်း သိရှိပြီးဖြစ်မည်ထင်ပါသည်ခင်ဗျာ ။ ပြဿနာမှာအခြားမဟုတ်ပါ ။ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်နှင့်အညီ ပြဋ္ဌာန်းထားသည့် အစ္စလာမ်ဥပဒေ ပါ ယောက်ျားတစ်ယောက်သည် မိန်းမ၂ယောက်နှင့်ညီသည်ဆိုသော ပြဋ္ဌာန်းချက်ဖြစ်ပါသည် ။

၎င်းညီမျှခြင်း ၄င်းဖေါ်မြူလာကို ဆရာတင်ပြထားသလို Critical Thinking နည်းဖြင့် ကျနော်စဉ်းစားရသည်မှာ ခပ်ကြောင်ကြောင်ပင်ဖြစ်လာသလိုရှိပါသည် ။ အဖြေမရခဲ့ပါ ။

ကျနော်စဉ်းစားမိသလောက်ဆရာ့ကို ပြန်လည်ဖောက်သည်ချလိုပါသည် ။
သို့ဆိုလျင် ဒူဘိုင်းက အသတ်ခံရသည်ဆိုသည့် မြန်မာအမျိုးသမီးသည် အမှန်တကယ်(လုံးဝ) သေသွားသလား သို့မဟုတ် တစ်ခြမ်းပဲသေသလား ။ သို့မဟုတ် ၂ ခါ သေသလား ။ သတ်သူတရားခံကရော လူတစ်ယောက်သတ်တာ ဟုတ်သလား ၊ သို့မဟုတ် လူတစ်ခြမ်းကိုပဲ သတ်သလား ။

နောက် ၊ အမျိုးသား၁=၂ အမျိုးသမီး ။
ဒီ ညီမျှခြင်းဘယ်လိုဖြစ်လာသလဲ ။ အလေးချိန်ဖြင့်တိုင်းတာခြင်းလား ။ သို့ဆိုလျင် မွေးကာစ ရက်သားအရွယ်သာရှိသေးသည့် ယောက်ျားကလေး၁ဦးနှင့် ၊ အသက် ၂၀ခန့် ချောမောလှပကျော့ရှင်းသည့် အပျိုမ၂ဦးတို့ ညီသလား ။ စသည်ဖြင့်ပေါ့ခင်ဗျာ ။

နောက် ကျနော့် နောင်တော်ကြီး Senior Allah က ဟာညီလေးကလည်းကွာ ၊ အလ္လာဟ်အရှင်မြတ် လူကိုစတင် ဖန်ဆင်းစဉ်က ယောက်ျားကိုအရင်ဖန်ဆင်းတာ ၊ ယောက်ျားကိုတော့ ရွှံ့ဖြင့်ဖန်ဆင်းပြီး ၊ နောက် သူ့နံရိုး တစ်ချောင်း ထုတ်ပြီး မိန်းမကိုဖန်ဆင်းခဲ့တာလေ ၊ အဲဒါကိုထည့်စဉ်းစားမှပေါ့ဆိုတော့မှ ၊ ကျနော်ရေးရေး သဘောပေါက် ခဲ့ပါသည်ခင်ဗျာ ။ ဒီလိုဆိုပြန်တော့လည်း ဆရာတို့ရဲ့ Critical Thinking နည်းအရ စဉ်းစားတော့ ၊ ပြဿနာက ထပ်တက်ပြန်ရော့ဆရာ ။

မိန်းမတွေမှာ ရှိတဲ့ နံရိုးက ၊ ယောက်ျားတွေမှာ ရှိတဲ့ နံရိုးတွေရဲ့ တစ်ဝက်ပဲရှိသလား ။ နောက်ပြီး ၊ ရွှံတစ်ပိဿာဟာ နံရိုး ငါးဆယ်သားနှင့် ညီသလား စသည်ဖြင့်ပေါ့ဆရာ ၊ ကျနော့်မှာ စဉ်းစားလို့ မကုန်နိုင်ဖြစ်နေပြန်ရော့ဆရာ ။

နောက် ၊ နောင်တော်ကြီး Senior Allah က ပြောတော့မှ သေသေခြာခြာသဘောပေါက်ခဲ့ရပါတယ် ဆရာ ။
ညီလေး သည်ပြဿနာကို ၊ လူလိုမစဉ်းစားနှင့် အလ္လာဟ်အရှင်လိုစဉ်းစားမှပေါ့ ။ ဒါမှ အဖြေမှန်ရမှာ ။ ဟောဒီမှာ ပုံသေနည်း-
(ယောက်ျား၁ယောက်) X (အလ္လာဟ်ရှင်မြတ်အမိန့်တော်) = (မိန်းမ၂ယောက်) ။
သို့မဟုတ်
မိန်းမ၂ယောက် x အလ္လာဟ်အရှင်မြတ်အမိန့်တော် = ယောက်ျား၁ယောက် ။

ဒါဟာ အလ္လာဟ်အရှင်မြတ်ချမှတ်တော်မူခဲ့တဲ့ ပုံသေနည်းဖြစ်ကြောင်းပါသတဲ့ခင်ဗျာ ။

သို့သော်လည်း ဆရာရယ် ကျနော့်မှာ ၊ အလ္လာဟ်အရှင်မြတ်လို မစဉ်းစားပဲ လူလိုသာစဉ်းစား လူအသိလောက်သာရှိသူဖြစ်သမို့ ၊ ခုတလော လူတွေပြောပြောနေတဲ့ လူ့အခွင့်အရေးဆိုတာ ၊ အလ္လာဟ်အရှင်မြတ်ပုံသေနည်းအရဆိုလျင် အမျိုးသမီးများဟာ အမျိုးသားများရဲ့ တစ်ဝက်သာ ရရှိမည့်သဘောသက်ရောက်နေပါတယ်ခင်ဗျာ ။

သို့ဖြစ်ပါ၍ ဆရာမောင်သစ်ဆင်းခင်ဗျာ ။
လူအတွေးနှင့် အလ္လာဟ်ရှင်အတွေး လူတစ်ယောက်စာ အကွာအဟရှိနေပါသဖြင့် ၊ တူညီမှုရှိအောင် မည်ကဲ့သို့ ဆက်လက်စဉ်းစားရမည်ကို အကြံကောင်း ဥာဏ်ကောင်းလေးများ ချီးမြှင့်ပေးစေလိုပါသည်ခင်ဗျား။

လေးစားမှုဖြင့်-
ဟာဂျီဝက်စ်လီ ။

ချီးမွမ်းခြင်း ။
အော် ၊ အလ္လာဟ်အရှင်မြတ်တို့များ သည်လို ဥာဏ်တော် ကြီးမြတ်တော်မူ တဲ့အတွက် ၊ ကမ္ဘာကြီးကို ၆ ရက်တည်းနှင့် အပြီးအစီး ဖန်ဆင်းတော်မူနိုင်ခဲ့တာကိုဗျနော် ။


ရည်ညွန်းချက်များ
Late last year an Iranian court ruled that the man — identified only as Majid — who blinded Bahrami in 2004 after she spurned him, should also be blinded with acid based on the Islamic law system of "qisas," or eye for an eye retribution, according to Iranian newspaper reports from November.
But Bahrami, who moved to Spain after the attack to get medical treatment, said Wednesday that under Iranian law, she is entitled to blind him in only one eye, unless she pays euro20,000 ($25,110), because in Iran women are not considered equal to men.
"They have told us that my two eyes are equal to one of his because in my country each man is worth two women. They are not the same," she told Cadena SER.

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-