နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, March 7, 2009

ရှူးဖိနပ်တစ်ရံ ၊ မျက်မှန်တစ်လက် ၊ အောက်မေ့ဖွယ်ပစ္စည်းများနှင့် သူတို့နေရာ ။

သည်တစ်ခါတော့ ၊ ဘလော့ကြွလာ မိတ်သဟာများအတွက် ၊ စဉ်းစားဆင်ခြင်ဖွယ်ရာ တစ်ခုနှစ်ခုလောက် တင်ပြပါမယ် ။ အထူးအခြားကိစ္စများ မဟုတ်ပါ ။ ကျနော်တို့ ကမ္ဘာကျော် သမတကြီး ဂျော့ဒဘလျူဘုရှ် အီရတ်မှာ ရှူးဖိနပ်ဖြင့်ပစ်ပေါက် ဂုဏ်ပြုခံရခြင်းကိစ္စ ၊ နောက် မဟတ္ထမ ဂန္ဒီကြီးရဲ့ မျက်မှန်လေလံကိစ္စနှင့် သမ္မတ အီဗရာဟင်လင်ကွန်းတို့၏ အောက်မေ့ဖွယ် အမှတ်တရ ပစ္စည်းများအကြောင်းကို တင်ပြပါမယ် ။

ဘာသာရေးနှင့်မပတ်သက်ပေမယ့် စဉ်းစားဖွယ်ရာများ ရှိနေလို့ အတူတူ စဉ်းစားကြရင်း အကွာအဟကို ရှာကြည့် ကြရအောင်လို့ပါ ၊ အပျင်းပြေပေါ့ ခင်ဗျာ ။

၂၀၀၈ ဒီဇင်ဘာ ဘက္ကဒတ် သတင်းစာရှင်းပွဲ တစ်ခုမှာ( Al-Baghdadia television network) မှ သတင်းထောက် Muntazer al-Zaidi ဟာ ၊ ကမ္ဘာ့ပုလိပ်ဖြစ်တဲ့ အမေရိကန်သမတကြီး ဂျော့ဒဘလျူဘုရှ်ကို ရှူးဖိနပ်ဖြင့် ပစ်ပေါက် ဂုဏ်ပြုလိုက် ပါတယ် ။ ဇေဒီဟာ ချက်ချင်းဆိုသလို အီရတ်နှင့် အစ္စလာမ် ကမ္ဘာက ( အချို့သော) မူဆလင်များ အတွက် သူရဲကောင်း ဖြစ်သွားပါတယ် ။ မကြာမီမှာပဲ သူ့ရဲ့ရှူးဖိနပ်ကို ကြမ်းခင်းဈေး ဒေါ်လာ ၃၀၀နှင့် လေလံတင် ချရောင်း ပါတယ် ။ ဆော်ဒီက အငြိမ်းစား ကျောင်းဆရာ Mohamed Makhafa (60) က ဒေါ်လာ ၁၀သန်း ဈေးပေး လိုက်ပါတယ် ။ နောက် ယခင် အာဏာရှင် ဆက်ဒမ်ဟူစိန် ရုပ်တုထားရှိခဲ့တဲ့ ရင်ပြင်မှာ အမှတ်တရ ရှူးဖိနပ် ရုပ်တုကို ထုလုပ် လိုက်ကြပါတယ် ။ ဒါတွေဟာ လုပ်သင့်လုပ်ထိုက် ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စဟုတ်ပါသလား ။ အဲဒီရှူးဖိနပ်မှာ ဘာအပို တန်ဘိုးတွေများ ပါနေလို့လဲ ။

၁၀ ဒေါ်လာတောင် တန်ဖိုးမရှိတဲ့ သူ့ဖိနပ်ကို ဘာအရူးထပြီး ဒေါ်လာ ၁၀ သန်းပေးရသလဲ ။ ဘယ်ဘုရားသခင် ၊ ဘယ်အလ္လာဟ်အရှင်မြတ်ရဲ့ ဘယ်နတ်သိကြားရဲ့ အကူအညီကိုမျှ မယူဘဲ ကိုယ့်ဟာကိုယ် သဘာဝကျကျစဉ်းစားပြီး အဖြေပေးကြပါ ။ ကိုယ့်အဖြေကိုယ်မှတ်ထားပါ ။ ကျနော်ဖြေကြည့်ပါမယ် ။ တိုက်ဆိုင်ရင်လည်း တိုက်ဆိုင်မယ် ။ မတိုက်ဆိုင်ရင်လည်း မတိုက်ဆိုင်ဘူးပေါ့ခင်ဗျာ ။ မတိုင်ဆိုင်ရင်တော့ တန်ဘိုးထားပုံခြင်းမတူတဲ့ ကွာဟမှုလို့ပဲ မှတ်ထားလိုက်ပေါ့ ခင်ဗျာ ။

ဇေဒီကို ထောက်ခံသူများအတွက် လုပ်သင့်လုပ်ထိုက်သော ကိစ္စဖြစ်ပါတယ် ။ သူဟာ သူရဲကောင်း ။ (ကျနော့်စဉ်းစားချက်။) ဒါပေမယ့် သူဟာ ခပ်ညံ့ညံ့သူရဲကောင်းပါ ။

နောက် ၊ အိန္ဒိယ ခေါင်းဆောင် မဟတ္ထမ ဂန္ဒီကြီးရဲ့ မျက်မှန်နှင့် သူနောက်ဆုံးထမင်းစားခဲ့တဲ့ ကြေးဇလုံ ၊ အိတ်ဆောင် နာရီ ၊ ညှပ်ဖိနပ် (glasses, pocket watch and sandals) စသည် တို့ကို မနေ့တနေ့ (မတ်၆ ၊ ဝါရှင်တန်) ကပဲ လေလံရောင်းလိုက်တဲ့ကိစ္စ ။ ဒါကိုလည်း ရူးသွတ်မှု တစ်ခုလို့ပဲ ကျနော်တို့ ဆိုနိုင်မလား ။ ကြမ်းခင်းဈေး ပေါင် နှစ်သောင်းနှင့် သုံးသောင်းကြားသတ်မှတ်ထားတာပါ ။ သူ့ထက်ကောင်းတဲ့ ပစ္စည်း အသစ်တွေ ဝယ်ရင်တောင် ပေါင် ၁၀၀ မတန်တဲ့ ပစ္စည်းတွေပါ ။ အိန္ဒိယမျိုးချစ် တစ်ဦးက အမေရိကန်ဒေါ်လာ ၁၈သိန်းနှင့် မတန်တဆ ဈေးပေးဝယ်ယူ လိုက်ပါတယ် ။ နောက် သူက အိန္ဒိယအစိုးရကို ပြန်ပေးမယ်လို့ ကြေငြာလိုက်ပါသတဲ့ ။

ခင်ဗျားတို့ ၊ ကျနော်တို့ လက်ခံချင်လက်ခံ လက်မခံချင်နေ ။ ဒါတွေဟာ တကယ်ဖြစ်နေတဲ့ အမှန်တရားတွေဗျ ။ ပုံပြင်မဟုတ်ဘူး ။ ဇေဒီရဲ့ ရှူးဖိနပ် ဒေါ်လာ ၁၀သန်းမတန်ဘူး ။ မဟတ္ထမ ဂန္ဒီကြီးရဲ့ ကြေးဇလုံနှင့် ပစ္စည်း အစုပ်တွေ ဒေါ်လာ ၁၈သိန်း မတန်ဘူး ။ ဒီလို မရောင်းရဘူး ၊ မဝယ်ရဘူး ၊ အရူးတွေပဲဆိုပြီး လုပ်လို့မရတဲ့ အဖြစ်တွေလေဗျာ ။

နောက် ၊ အမေရိကန်ရဲ့ ၁၆ ယောက်မြောက် သမ္မတ အီဗရာဟင်လင်ကွန်း ။ တောင်နှင့်မြောက် အမေရိကန်ကို ပြန်ပေါင်းစေခဲ့သူ ။ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တဲ့လူ ။ တစ်သက်လုံး ဆွေစဉ်မျိုးဆက် လွတ်ရက်မရှိ ၊ ကျွန်ဖြစ်နေ ခဲ့ကြတဲ့ ကျွန်တွေဘက်ကနေပြီး စဉ်းစားသာကြည့် ဘယ်လောက် ကျေးဇူးတင်ဖို့ ကောင်းတဲ့အဖြစ်လဲ ဆိုတာ ။

သည်လိုဟာမျိုး ကျနော်တို့ အမြဲတမ်း သတိရသင့် ကျေးဇူးတင်သင့် အောက်မေ့သင့် တဲ့ သူဆိုရင် ခင်ဗျားတို့ ငြင်းမလား ။

သည်လို သည်လို ကျေးဇူးများတဲ့လူမျိုးတွေ ၊ သမိုင်းမှာ ကျန်ရစ်စေဖို့ ၊ သင့်တင့်တဲ့နေရာပေးလိုက်တာ အမှားဖြစ်မလား ။ ဘယ်သူက သူတို့ကို သတိမရရဘူး ။ အလေးမထားရဘူးဆိုပြီး ။ ဂုဏ်မပြုရဘူး ဆိုပြီး အမိန့်ပေး တားဆီးလို့ သင့်ပါ့မလား ။ တားဆီးခဲ့မယ်ဆိုလျင်ရော တရားမျှတရာရောက်ပါ့မလား ။ ကျနော်တို့ လူလို ရိုးရိုးလေး စဉ်းစားကြရ အောင်ပါ ။ ၄င်းတို့အား အမှတ်ရသူ လေးစားသူ ဂုဏ်ပြုသူများကို ထောင်ဒဏ် ၆၅ နှစ်ကျခံစေ ။ သို့မဟုတ် သေဒဏ် ကျခံစေ ။ သို့မဟုတ် ပြင်းစွာသော အပြစ်ဒဏ်ကျခံစေဆိုတာမျိုး လုပ်သင့်ပါ့မလား ၊ တားဆီးလို့ သင့်ပါ့မလား ။

လူတွေဟာ လူသားဆန်ရပါ့မယ် ။ လူလိုတွေးပြီး လူသားချင်း ကိုယ်ချင်းစာနာမှု ရှိကြမယ်ဆိုလျင် ၊ ဒီကမ္ဘာ ဒီလောကကြီးဟာ တကယ့်ပျော်စရာ ကမ္ဘာကြီးဖြစ်နေမှာပါ ။
သမိုင်းတစ်လျှောက် လူလိုတွေးလို့ လူလိုသိတဲ့ လူသားတွေကြောင့် ၊ လောကကို အကျိုးပြုတဲ့သူများ သမိုင်းမှာ နေရာမှန်ရခဲ့ကြတာပါ ။

အထက်က နမူနာထုတ်ဆွေးနွေးခဲ့တဲ့ မွန်တဇာ အယ်လ် ဇေဒီ ၊ မဟတ္ထမဂန္ဒီ ၊ အီဗရာဟင်လင်ကွန်းတို့ဟာ လူသေပေမယ့် သမိုင်းမသေတဲ့ သူများအဖြစ် အမှတ်ရနေကြမှာပါ ။ တစ်စုံတစ်ခုသော အတိုင်းအတာအထိ သူတို့ကို ချစ်တဲ့ သူတို့ရဲ့ပရိတ်သတ်များရဲ့ လေးစားမှု ၊ ဂုဏ်ပြုမှုကို ရရှိနေကြမှာပါ ။

မွန်တဇာ အယ်လ်ဇေဒီ ရဲ့ ၁၀ ဒေါ်လာမတန်တဲ့ ရှူးဖိနပ်တစ်ရံဟာလည်း ၁၀သန်းတန် အဖိုးထိုက်ရတနာဖြစ်ခဲ့သလို ၊ ကြေးဇလုံ အဟောင်းတစ်လုံး ၊ မျက်မှန်အစုတ်တစ်လက် ၊ အိတ်ဆောင်နာရီ အပျက် တစ်တွဲတို့ဟာလည်း ဒေါ်လာ ၁၅သိန်းတန် ရတနာအစစ်များ ဖြစ်ခဲ့ပါပြီ ။ ထိုနည်းတူစွာ အီဗရာဟင်လင်ကွန်း အစစ် မဟုတ်သော လင်ကွန်း အတု ကျောက်ရုပ်ဟာလည်း ၊ အမေရိကန်ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ အချက်အခြာနေရာ ခမ်းမဆောင်တစ်ခု အတွင်း ခန့်ခန့်ငြားငြား ငွားငွားစွင့်စွင့် နေရာယူလို့နေပါပြီ ။ ကြက်သရေအပေါင်း ခညောင်းလို့နေပြီလို့ဆိုရမှာပါ ။

သတိရလိုသူတို့ လွတ်လွတ်လပ်လပ် သတိရကြပါစေ ။ ဂုဏ်ပြုလိုသူတို့ လေးလေးစာစား ဂုဏ်ပြုကြပါစေ ။ တန်ဘိုးထားလိုသူတို့ ထိုက်ထိုက်တန်တန် တန်ဘိုးထားကြပါစေ ။ မြတ်နိုးလိုသူတို့ ယုယုယယ မြတ်နိုးကြပါစေ ။

စာဖတ်သူမိတ်ဆွေ ကျေနပ်မှုရှိပါရဲ့လား ။ သူတို့ထိုက်လို့ သူတို့နေရာ ရနေကြတာပါ ၊ ဒါဟာ မသင့်တော်တဲ့ ကိစ္စလို့ မြင်ရင်တော့ မြင်တဲ့သူရဲ့ စံလွှဲ အမှားလို့သာ ဆိုရတော့မှာပါ ။ လူလိုမသိသောအမှား ။ အဆင့်အတန်းမရှိသော အမှား ၊ ကိုယ်ချင်းစာ တရားကင်းမဲ့သောအမှားများ လို့သာ ဆိုရတော့မှာပါ ။ ကျနော့် မိတ်ဆွေ သဘောတူပါရဲ့လား ။
=====
နောက် ၊ ဆက်စပ်ပြီး စိတ်ထဲ ပေါ်လာလို့ ဆက်လက် ဆွေးနွေးချင်တာလေးရှိပါတယ် ။ ရှေးသရောအခါက တစ်ခုသော ကမ္ဘာမြေမှာ အမျိုးမျိုးသော လူသားများအတွက် ၊ တစ်ယောက်သော ရှေ့ဆောင်လမ်းပြ ဆရာကြီး တစ်ဦး ရှိခဲ့ဖူးတယ် ။ မဟတ္ထမ ဂန္ဒီကဲ့သို့ အကြမ်းမဖက် လက်နက်မကိုင်တဲ့ တကယ့်ငြိမ်းချမ်းရေး ဆရာ သမားကြီးပါ ။ သူမသိတာ မရှိလို့တောင် နာမည်ကြီးခဲ့တဲ့ ဆရာကြီးပါ ။ အဲသည် ဆရာကြီးရဲ့ အဆုံးအမ အယူအဆများ ယနေ့တိုင် လေ့လာ သင်ယူ လို့မကုန်နိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲပါ ။ လောကရဲ့ အမှန်တရား အရှိတရားကို အမှန်အတိုင်း သိမြင်သူလို့ ဆိုကြလေရဲ့ဗျာ ။ သကျသုံး ဘာသာစကားနှင့်ဆို ၊ ဗုဒ္ဓလို့ အဓိပ္ပါယ်ရပါသတဲ့ ။

လက်တွေ့မပါသော အဆုံးအမများမဟုတ် ၊ ယခုလုပ်ကြည့် ယခု(အကျိုးကို)သိစေရမည် ဟု ရဲရဲတောက် အာမခံထားသော လမ်းညွှန်ချက်များ ဖြစ်ပါတယ် ။ မည်သူ့ကိုမျှ အပြစ်ဒဏ်ပေးသူလည်း မဟုတ်သလို ။ လက်နက်ပြ ခြိမ်းခြောက် အကြောက်တရားသွင်းပြီး ဖြီးဖြန်းအုပ်ချုပ်တာလည်း ကြိုက်သူမဟုတ်ပါ ။ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးကို ထာဝရ ဦးထိပ်ထားတဲ့ ဆရာကြီးပါ ။

ဒါကြောင့် သူ့အဆုံးအမများကို လိုက်နာကျင့်သုံးခြင်းအားဖြင့် လက်တွေ့သိမြင်ခံစားရသူ တပည့်သားမြေးများ သိန်းသန်းထောင်ပေါင်း အလီလီ ရှိခဲ့ပါပြီကော ခင်ဗျာ ။ သို့ပေမယ့် ယခုအခါမှာ ဆရာကြီး မရှိတော့ပါ ။ ဘယ်တော့သော အခါမျှ ပြန်လည် ဆုံတွေ့ခွင့်မရှိတော့သော ခွဲခွါခြင်းမျိုးဖြင့် ခွဲခွါသွားခဲ့ပါပြီ ။ တရားစီရင်ရန်လည်း ပြန်လာတော့မည်မဟုတ်ပါ ။ ဖြစ်ခြင်း ၊ ခေတ္တတည်နေခြင်း ၊ ပျက်စီးခြင်း ၊ အသစ်တဖန်ပြန်ဖြစ်ခြင်း ဟူသော အဆုံးမရှိသည့် စည်းဝါးမှန်ဖြစ်စဉ်အတိုင်း မရပ်မနား တရစပ် သွားနေသော ဤလောကမှ အပြီးအပိုင် ထွက်ခွါသွားခဲ့ပါပြီ ။ ရှင်ပြန်ထမြောက်မည့်သူများ စာရင်းမှလည်း ဆရာကြီး၏ အမည် ကို ထာဝရ ပါယ်ဖျက်သွားပါပြီ ။ နှစ်ပေါင်း ၂၆၀၀ ခန့်ပင်ရှိခဲ့ပါပြီ ကောခင်ဗျာ ။

သို့နှင့်တိုင် ၊ ဆရာအဆူဆူတို့၏ ဥသျှောင် ဖြစ်သော ဆရာကြီးကို လေးစားသော ၊ တန်ဘိုးထားသော ၊ မြတ်နိုးသောအားဖြင့် ၊ အစဉ်သတိတရ ရှိနေကြစေရန် စိတ် ရည်သန်လျက်၊ ဆရာကြီး၏ တပည့်သားမြေးများက -
- ဆရာကြီး၏ ပုံသဏ္ဍာန်ကို ပန်းချီ ပန်းပုအစရှိသော ပန်းအတတ်အမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ခြယ်မှုန်း၍ ရုပ်ပွါးတော် ၊ ပုံတော်ဟု တစ် ဖုံ ၊
- ဆရာကြီး၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်း သိုမှီးမြှုပ်နှံ၍ စေတီယခေါ် အုတ်ဂူလို တစ်မျိုး ၊
- ဆရာကြီး၏ ခန္ဓာမှ ကြွင်းကျန်ရစ်သော အရိုးတော် ဓါတ်တော်စသည်တို့ကို သိုမှီးကာ ဗိမာန်လို တစ်သွယ် ၊
- ဆရာကြီးအား အောက်မေ့ ရည်စူး၍ အထိမ်းအမှတ်သဏ္ဍာန်လို တစ်နည်း ၊

ထို (၄) သွယ်သော နည်းလမ်းများဖြင့် လေးလေးစားစား ၊ မြတ်မြတ်နိုးနိုး ၊ ဂုဏ်ပြု ဦးခိုက်ကာ အလေးပြုလျက် ရှိနေကြပါသည် ။

လေးစားဂုဏ်ပြုသင့်သူကို ဂုဏ်ပြုခြင်း ၊ ဦးခိုက်ခြင်း ၊ အရိုအသေပေးခြင်း သက်သက်သာ ဖြစ်ပါသည် ။ သို့ဦးခိုက်အလေးပြုခြင်းအတွက် တစ်စုံတစ်ခုသော မျှော်လင့်ချက် တောင်းဆိုချက် အလျဉ်းမရှိသလို ၊ ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်းတို့ကြောင့်လည်း ထိုသို့ ဦးညွတ်ကြခြင်းလည်း မဟုတ်ပါပေ ။ ဆရာကြီး၏ ဂုဏ်ကျေးဇူးတို့ကို လေးစား တန်ဖိုးထားသော အားဖြင့် ၊ အလေးပြုခြင်းသဘောသာ ဖြစ်ပါသည် ။ ဆရာကြီးသည် ငါမရှိတော့သည့်အခါ ငါ့အားအမှတ်တရ ရုပ်တုပြုလုပ် ကိုးကွယ်ကြလော့ဟု မိန့်မှာချက် အလျဉ်းမရှိခဲ့ပါ ။ သွန်သင် မှာကြားချက်များ ကို ကိုယ်ပိုင်ဥာဏ်ဖြင့် စိစစ်ပြီး ၊ မမေ့မလျော့ မပေါ့မဆ သော လုံ့လဝီရိယဖြင့် ၊ မိမိကိုယ်ကို မိမိအားကိုး စနစ်ဖြင့်၊ လက်တွေ့ ကျင့်ကြံကြဖို့ကိုသာ မိန့်ကြားခဲ့ပါသည် ။

အမှန်အတိုင်းကို သိမြင်တော်မူသော ဆရာကြီးကို ၊ လေးစား မြတ်နိုး ၊ တန်ဖိုးထားသောအားဖြင့် ၊ ဆရာကြီးအား ရည်စူးပြီး အရိုအသေပေးခြင်းသာ ဖြစ်ပါသည် ။ ဆရာကြီး၏ တပည့်များဖြစ်ကြကုန်သော သကျတို့သည် အထိမ်းအမှတ် ရုပ်တုကို အားကိုးအားထားပြုခြင်း(ကိုးကွယ်ခြင်း) လည်း အလျဉ်း(လုံးဝ) မဟုတ်ပါပေ ။

အကြောင်းမသိလျင် ဒေါ်လာ ၁၀ ပင် ၊ တန်ကြေးမရှိသော ဖိနပ်စုတ် တစ်ရံသည် ၊ လက်တွေ့တွင် ဒေါ်လာ ၁၀သန်းတန် ဖိနပ်ဖြစ်နေနိုင်ပါသည် ။ မတန်ပါ ၊ မဟုတ်ပါဟု တားမြစ် ခွင့် ၊ ငြင်းဆိုခွင့်မရှိသလို ။ အကြောင်းသိသူများက တလေးစား ဂါရဝပြုလေ့ရှိသော အမှတ်တရ ပစ္စည်းတို့ကို အရိုအသေမပြုရ ၊ တန်ဖိုးမထားရ ။ အလေးပြုသူ ရန်သူ ဟု သဘောထား၍ သင့်တော်ပါမည်လားခင်ဗျာ ။ လူလိုစဉ်းစားကြည့်ကြပါကုန် ။

ရုပ်တု မကိုးကွယ်ရဟု တားမြစ်ရန်သင့်တော်ပါမည်လား ။ သူ့အကြောင်းကိုလည်းမသိ ၊ သိအောင်လည်းမလေ့လာ ၊ လေ့လာဖို့လည်း အားမပေး ။ သူ့အကြောင်းသိဖို့လည်းမလိုဟုဆိုကာ ၊ ကိုယ်မလေးစားနိုင်လျင် အသာလေးငြိမ်ငြိမ်နေလိုက်ခြင်းသည်သာ အကောင်းဆုံးမဟုတ်ပါလားခင်ဗျာ ။
=====
အတင်းအဓမ္မ အမိန့်အာဏာဖြင့် လေးစားခိုင်း၍ ၊ ယုံကြည်ခိုင်း ၊ ကိုးကွယ်ခိုင်း၍ ရနိုင်ကောင်းသော ကိစ္စမဟုတ်သလို ၊ ယုံကြည်လေးစားမှုရှိနေသည့်ကိစ္စကို အဓမ္မတားမြစ်ပိတ်ပင်၍ မရစကောင်း ဆိုသည် ကိုလည်း သတိပြုကြစေလိုပါကြောင်း ။
=====
ကိုယ့်ရုပ်တု ကိုယ်ထုကာ ကိုးကွယ်၍ ရကောင်းသော အရာလည်းမဟုတ်ပါ ။
လီနင်ရုပ်တု ၊ မာကိုးစ်ရုပ်တု နှင့် ဆက်ဒမ်ဟူစိန်ရုပ်တုစသည် တို့က ကမ္ဘာ့သမိုင်းတွင် သာဓက ပြခဲ့ပြီးဖြစ်ပါသည် ။

အတွေးရှင်းကြပါစေ ။

လေးစားလျက်-
Senior Allah

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-