နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, March 16, 2009

အလ္လာဟ်အရှင်မြတ်ထံတော်သို့ တိုင်ကြားစာ

ဤတိုင်ကြားစာသည် အလ္လာဟ်အရှင်မြတ်ထံ အွန်လိုင်းဖြင့် တိုက်ရိုက်တိုင်ကြားစာဖြစ်သည် ။ မသက်ဆိုင်သူများမဖတ်ရ ။ သက်ဆိုင်သည်ဟု အထင်ရှိသူများ ဖတ်ရှုနိုင်ပါသည် ။ ဖတ်ရှုသူသည် ဖတ်ရှုသူများလိုက်နာရန် စည်းကမ်းချက်များကို သဘောတူပြီးဖြစ်သည်ဟု မှတ်ယူမည် ။

အစ္စလာမ်ဘာသာဝင်အမည်ခံ သီလကြောင်များအား ထိရောက်ပြင်းထန်စွာ အရေးယူ အပြစ်ပေးတော်မူပါရန်တိုင်ကြားခြင်း ။

ဤစကြ်ာဝဠာကိုဖန်ဆင်းတော်မူ၍ ၊ ဤမြေနှင့်မိုးကောင်းကင်ကြားရှိ (မိုးကောင်းကင်အပေါ်ထပ်နှင့် ဘေးများမပါ) ခပ်သိမ်းသောအရာဝတ္ထုတို့၏ ပိုင်ရှင်ဖြစ်တော်မူသော ၊ ဤ ဘလော့၏ မူလဘူတပိုင်ရှင်အစစ်လည်း ဖြစ်တော်မူသော အလ္လာရှင်ခင်ဗျား ။
ကျနော် မစ္စတာ ဟာဂျီဝက်စ်လီ ရိုသေစွာတိုင်ကြားအပ်ပါသည် ။ နားညောင်းတော်မူပါလော့ ။

အကြောင်းမှာ ၊ အစ္စလာမ်ဘာသာဝင်သီလကြောင်များကြောင့် အစ္စလာမ်ဘာသာ ညှိုးနွမ်းမည့်အရေးမြင်တွေ့နေရပါသဖြင့် ၊ အစ္စလာမ်သာသနာကြီးဆထက်ထမ်းပိုး စည်ပင်တိုးတက်စေရန် ရည်ရွယ်လျက် ဤတိုင်ကြားစာကို ရေးလိုက်ရခြင်းဖြစ်ပါသည် ။
အလ္လာအရှင်မြတ်သည် ၊ အရှင်မြတ်၏ အာယတ်တော်များကို ၊ နောက်ဆုံးကိုယ်စားလှယ်တော်မြတ်ဖြစ်တော်မူသော မိုဟာမက်တမန်တော်မြတ်ကိုယ်တော်လေးထံမှတစ်ဆင့် လူသားများထံသို့ ၊ မှာကြားခဲ့သည်မဟုတ်ပါလားအရှင် ။
ပြီးပြည့်စုံစွာ မှာကြားတော်မူခဲ့သည့်အတိုင်း ၊ ကုရမ်ကျမ်းတော်မြတ်ကိုလည်း အပိုအလိုမရှိ အတိအကျ ရေးမှတ်ထုတ်ပြန်စေတော်မူခဲ့သည်မဟုတ်ပါလားအရှင် ။
နှောင်းလူတို့ ဒွိဟမဖြစ်ကြစေရန် ၊ အမှားအယွင်းမရှိစေရန် ၊ မူကွဲများမရှိစေရန်အတွက် ၊ ကုရမ်ကျမ်းတော်မြတ်ကို မည်သူမျှ ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ ဘာသာပြန်ခြင်းမပြုရန်လည်း တားမြစ်ထားခဲ့သည်မဟုတ်ပါလားအရှင် ။ ထိုသို့ပြင်ဆင် ဖြည့်စွက်သူ ဘာသာပြန်သူတို့ကိုလည်း ကြီးစွာသောအပြစ်ဒဏ်(သေဒဏ်)စီရင်ရန်လည်း အတိအကျ မိန့်ကြားထားသည်မဟုတ်ပါလားအရှင်
သို့ရာတွင် ယခုအခါ ၊ အချို့သော အစ္စလာမ်ဘာသာဝင်အမည်ခံ သီလကြောင်များသည် အလ္လာအရှင်မြတ်၏ အမိန့်တော်မြတ်ကို လွန်ဆန်လျက် ၊ အာရဗီဘာသာမှ အခြားသောဘာသာသို့ ဘာသာပြန်ဆိုခြင်း၊ မိမိတို့အလိုရှိသလို ချဲ့ကားအဓိပ္ပါယ်ဖွင့်ဆိုခြင်းတို့ကို အတင့်ရဲစွာ ပြုမူနေကြပါသည်အရှင် ။ ထိုအပြုအမူများသည် အလ္လာအရှင်မြတ်ကို စိမ်ခေါ်နေကြခြင်းဖြစ်ပါသည် အရှင် ။
၎င်းအစ္စလာမ်သီလကြောင်များမှာ -
- ရန်ကုန်ပညာရေးတက္ကသိုလ် သင်ပြနည်းဌာနမှ ဆရာမကြီး ဒေါက်တာ ဒေါ်လှလှဝင်း နှင့်
- ဦးလှထွန်းဦး
တို့ဖြစ်ကြပါသည် ။
အဆိုပါ ၂ ဦးအနက် ၊ ဦးလှထွန်းဦးဆိုသူမျာ အဆိုးဝါးဆုံးသူ ဖြစ်ပါသည် ။
အကြောင်းမှာ သူ၏ဘာသာပြန်ဆိုချက်များတွင် ၊ မလောက်လေးမလောက်စား မည်သူမည်ဝါမှန်းမသိကြသော ဂေါတမ ဆိုသူကို ၊ ဂုဏ်ကြက်သရေကြီးမြတ်လှစွာသော မိုဟာမက်တမန်တော်နှင့် နှိုင်းယှဉ်လျက် ၊ နဗီ(တမန်တော်)များစာရင်းတွင် စာရင်းထည့်သွင်းထားခြင်းဖြစ်ပါသည် အရှင် ။
ကျနော်မျိုး စုံစမ်းသိရှိရသလောက် ၊ အဆိုပါ ဆရာတော် ဦးလှထွန်းဦးက တမန်တော်မြတ်စာရင်းတွင် ထည့်သွင်းထားသည့် ဂေါတမ ဆိုသူမှာ-
-လောကကြီးကိုထိမ်းကျောင်းတတ်စေရန် အခြေခံလိုအပ်ချက်ဖြစ်သော နွားကျောင်းသားအတတ်ပညာကို မိုဟာမက်တမန်တော်ကဲ့သို့ လက်တွေ့ကျကျ လေ့လာသင်ကြားတတ်မြောက်ဖူးသူမဟုတ်ကြောင်းသိရပါသည် ။
-ထို့ပြင် ၊ မိုဟာမက်တမန်တော်မြတ်ကဲ့သို့ ကာမဂုဏ်မှီဝဲခြင်းကိုလည်း အလျဉ်းပြုသူမဟုတ်ကြောင်းသိရပါသည် ။ ဤလိုသူမျိုး တမန်တော်စာရင်းတွင် ထည့်သွင်းထားခြင်းအားဖြင့် အမတသုခဘုံတွင် မည်ကဲ့သို့ စည်းစိမ်ခံစား တတ်ပါမည်လဲ အလ္လာဟ် အရှင် ။
- ထို့ပြင် အဆိုပါ ဂေါတမ ဆိုသူမှာ ကြောက်ရွံ့ခြင်းလည်း အလျဉ်းမရှိသူဖြစ်ကြောင်းသိရပါသည် အရှင် ။ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်းမရှိသူသည် ဘယ်လိုလုပ် တမန်တော် ဖြစ်နိုင်ပါမည်လဲ အရှင် ။
-ထို့ပြင် ၊ ဒေါသလည်း အလျဉ်းမထွက်တတ်သူဖြစ်ကြောင်းလည်း သိရပါသည် ။ အလ္လာအရှင်မြတ်သည် ဒေါသဖြစ်လွယ်သော အရှင်ဖြစ်သည်မဟုတ်ပါလားအရှင် ။ ဒေါသမရှိသောသူကို တမန်တော်မြတ်စာရင်းတွင် ထည့်သွင်းထားခြင်းဖြင့် ဘယ်သူကကြောက်ရွံ့နာခံခြင်းရှိနိုင်ပါမည်လဲအရှင် ။
(နောက် အချက်အလက်ပေါင်း မြောက်များစွာကျန်ရှိပါသေးသည်အရှင်)
သို့ပါ၍ ၊ အစ္စလာမ်သာသနာတော်နှင့် လုံးဝသင့်တော်သူမဟုတ်သော ဂေါတမ ဆိုသူကို အလ္လာဟ်အရှင်မြတ်၏ လူယုံတော် ကိုယ်စားလှယ်အဖြစ် မွေးစားခန့်အပ်လိုက်ခြင်းမှာ လုံးဝ(လုံးဝ) မဖြစ်သင့် မဖြစ်ထိုက်သော ကိစ္စဖြစ်နေပါသဖြင့် ၊
မဟာသန္တိသုခ သာသနာတော်ဖြစ်တော်မူသည့် အစ္စလာမ်ဘာသာကြီး ပျက်စီးရာ ပျက်စီးကြောင်း မကောင်းသော ကြံရွယ်ချက်ဖြင့် ၊ လုပ်ကြံဖန်တီး ဘာသာပြန်ခဲ့သူ သီလကြောင် ဦးလှထွန်းဦးအား ထိရောက်စွာ အရေးယူအပြစ်ပေးပါရန် ရိုသေစွာ တိုင်ကြားအပ်ပါသည် ၊ အလ္လာဟ်အရှင် ။

အရေးယူအပြစ်ပေးရာတွင်လည်း ၊ အရှင်မြတ် ကုရ်အန်ကျမ်းတော်မြတ်တွင် အတိအကျ မှာကြားထားတော်မူသည့်အတိုင်း ကိုယ်တော်ကိုယ်ကျ စိတ်တိုင်းကျ အပြစ်ပေးတော်မူပါအရှင် ။ ကိုယ်စားလှယ်တော်ဖြင့် (လူမိုက်ငှား) အပြစ်ပေးခြင်းကို မပြုပါနှင့်အရှင် ၊ ယခုအခါသမယမှာ လူသားများမှာ ၊ အရှင်ထောက်ပံ့သော ထောက်ပံ့ရိက္ခာများလည်း မရရှိကြသည့်အပြင် ၊ ကမ္ဘာ့စီးပွါးရေးအခြအနေ မဟန်မှုကြောင့် စားဝတ်နေရေးလုံးပမ်းနေကြရသဖြင့် ၊ လူတိုင်းလူတိုင်းအလုပ်ရှုပ်နေကြပါသည်အရှင် ။

ယခုအကြောင်းအရာများကို ၊ ကျနော်မျိုးမရေးသားမှီကပင် အရှင်မြတ်သည် ကြိုတင် သိရှိနေသည်မဟုတ်လား အရှင် ။ ထို့ပြင် ၊ အစ္စလာမ်သာသနာတော်အတွက် အရေးကြီးသည့် ကိစ္စတစ်ခုကို ထိုသို့ရေးသားရမည်ဟု အရှင်မြတ်ခိုင်းစေ ခွင့်ပြုခဲ့သည်မဟုတ်ပါလားအရှင် ။

ထို့ပြင် စိတ်တိုလွယ်သော အရှင်မြတ်သည် ၊ စိတ်တိုသည့်အားလျော်စွာ ၊ အထက်ပါ ဘာသာပြန်သူ ၂ ဦးတို့ကို စံနမူနာပြအနေဖြင့် တိတိကျကျ အပြစ်ပေးတော်မူပါရန် သာသနာတော်အကျိုး ရည်မျှော်ကိုးလျက် ရိုသေစွာ တိုင်ကြားအပ်ပါသည် အရှင် ။

အထူးသဖြင့် ပန်ကြားလိုသည်မှာ ၊ အထက်ပါ ၂ ဦးတို့ကို ၊ နောက်ဆုံး တရားစီရင်မည့် ကိယာမ နေ့အထိ စောင့်ဆိုင်းခြင်းမပြုဘဲ ၊ အထူးကိစ္စရပ်အဖြစ် ချက်ချင်း ကြွရောက်တော်မူလျက် ကြားဖြတ် စီရင်တော်မူပါရန် ရိုသေစွာတိုင်ကြားအပ်သည် အရှင် ။


အလ္လာအရှင်မြတ်ကိုယ်တော်တိုင် ဖန်ဆင်းတည်ဆောက်နေသည့် ဂျဟန္နမ် ခေါ် ငရဲဘုံ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးလောက်ပြီဟု ယူဆပါသဖြင့် ထိုသို့အရေးဆိုရခြင်းဖြစ်သည်ကိုလည်း အရှင်မြတ် ကြိုတင် သိမြင်တော်မူသည် မဟုတ်ပါလားအရှင် ။

ဤစာကို ဖတ်ရှုသူများ လိုက်နာရန်စည်းကမ်းချက် ။
၁- မသက်ဆိုင်သူများ မသိရှိစေရန် ဤစာကို ဖတ်ပြီးလျင်ပြီးချင်း မီးရှို့ဖျက်ဆီးပစ်ရမည် ။
၂- စာပါအကြောင်းအရာများကို သေခြာစေ့ငုစွာ မှတ်သားပြီးကြောင်းနှင့် ၊ မီးရှို့ဖျက်ဆီးပြီးကြောင်း အလ္လာဟ်အရှင်မြတ်ထံ ချက်ချင်း တိုက်ရိုက်အစီရင်ခံရမည် ။
၃-ရယ်သောသူသည် အသက်ရှည်၏ဟု ဆိုရိုးရှိသည့် အားလျော်စွာ စာဖတ်ပြီးလျင်ပြီးချင်း နည်းနည်းဖြစ်ဖြစ်ရယ်ရမည် ။



လေးစားမှုဖြင့်-
ဟာဂျီဝက်စ်လီ

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-