နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, March 9, 2013

မလေးရှားအစိုးရက ဘော်နီယိုမွတ်ဆလင်ဘုရင် တစ်ပါးအား ရွှေလက်ဖြင့်မခေါ် ဘူးလ်လက်ဖြင့် ဆော် သော်လည်း လူ့အခွင့်အရေးသမားများ အသံမထွက်

ဗွီအိုအေ (မြန်မာဌာန)
09.03.2013


မလေးရှားအာဏာပိုင်တွေက ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ ဆာဘားပြည်နယ်အတွင်း လူပေါင်း ၈၀ နီးပါးကို ဖမ်းဆီး လိုက်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း သယံဇာတပေါကြွယ်ဝတဲ့ ကျေးရွာ တရွာကို ဖိလစ်ပိုင် မူစလင် မျိုးနွယ်သူပုန်တွေက သိမ်းပိုက်ခဲ့တာကို ပြန်လည်ရှင်းလင်းခြေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း အခုလိုကြေညာလိုက်တာပါ။

စစ်သွေးကြွတယောက်ကို စနေနေ့မှာ ပစ်သတ်လိုက်တဲ့အကြောင်းလည်း ပြည်ထောင်စုရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ အစ္စမေးလ် အိုမာ ကပြောပါတယ်။ ဒါကြောင့် ကျူးကျော်သူတွေ ကို ချေမှုန်းနေတဲ့၊ ပြုလုပ်နေဆဲ စစ်ဆင်ရေးအတွင်း သေဆုံးသူ ဦးရေ ၆၀ ကျော်သွားပြီဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်ခိုက်မှုတွေကို ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်း နှိုးဆော်တဲ့ကြေညာချက် ထုတ်ပြန်လိုက်ပြီးတဲ့နောက် သူ့ကိုယ်သူ ဒီဒေသရဲ့ ဘုရင်ဖြစ်တယ်လို့ ပြောဆိုတဲ့ မူစလင်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျမာလူး ကီရမ်က အပစ်အခတ်ရပ်စဲဖို့ ကြာသပတေးနေ့မှာ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ မလေးရှားအာဏာပိုင်တွေကတော့ အခုလို အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး လုံးဝ လက်နက်ချတာကိုပဲ လက်ခံမယ်လို့ ပြောပါတယ်။

မြန်မာပြည်လူ့အခွင့်အရေး တကြော်ကြော် အော်ခဲ့ကြသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားသူများ ဘာလုပ်နေကြပါသလဲ ဟု ဟာဂျီဝက်စလီက မေးခွန်းထုတ်လိုက်ပါကြောင်း။


Ref:
http://burmese.voanews.com/content/malaysia-rebel-03-09-13/1618481.html

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-