နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Friday, March 15, 2013

ဘင်္ဂါလီတွေ တစ်ပြည်လုံးအနှံ့ မျိုးဆက် ပြန့်ပွားရေး လုပ်နေတဲ့ကိစ္စကို တရားဥပဒေကြောင်းနဲ့ ကာကွယ်ပေးဖို့ လို

ရခိုင်ပြည်နယ်မှာရှိသည့် အနောက်ဘက်တံခါးသာ ကျိုးပေါက် သွားမည်ဆိုလျှင် ရွှေတိဂုံဘုရားသည် ပြတိုက်ဖြစ်သွားနိုင်သည်ဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရန်ကုန်မြို့ MICT Park တွင် ကျင်းပပြုလုပ်သော Seminer တွင် ပြောကြားသည်။

“လူဦးရေ အရမ်းများနေတဲ့ နိုင်ငံတွေကြားမှာ အနောက်ဖက်တံခါးကို နိုင်ငံကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကာကွယ်ခဲ့တာ။ အရင်တုန်းက ကိုလိုနီတွေကသေနတ်ကိုင်ပြီး နယ်ချဲ့တာ။ အခု ၂၁ ရာစု နယ်ချဲ့နည်းက သိပ်ကြောက်စရာကောင်းတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီလူမျိုးသာ ရှိပြီး ရိုဟင်ဂျာလူမျိုးဟူ၍ မရှိကြောင်း၊ ရခိုင်တွင် မကြာသေးမှီကာလက ဖြစ်သွားခဲ့သော ရုပ်ပုံလွှာများ သည် ရုပ်ပုံမှားများဖြစ်သည်ကို ကမ္ဘာကသိအောင် ရှင်းပြရန် လိုအပ်ကြောင်း၊ မြန်မာပြည်သည် နယ်ချဲ့လိုသူတို့၏ ဝင်ပေါက်တစ်ခုဖြစ်နေပြီး လူမှုရေးဖြင့် လွှမ်းမိုးခြင်းခံနေရကြောင်းဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မဟီဒေါတက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေး သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောကြားသည်။

“ရခိုင်တွေ ဘင်္ဂါလားဘက်ကို မြန်မာဘက်ကနေ ပြေးတဲ့အခါ ဒီလူတွေ ဘယ်ကလူတွေလဲလို့ မေးတဲ့အခါ စကားမပီဘဲ ရရွှန်း၊ ရဟွန်းဟု ခေါ်လေ့ရှိတယ်။ ဒါဟာ ရခိုင်ပြည်မှ ပြေးလာတဲ့ ရခိုင်တွေလို့ ပြောတာဖြစ်ပြီး ဂျာဆိုတာက သူတို့ဆီမှာ မြို့တော်ကိုပြောတာဖြစ်တယ်။ နောက်ပိုင်း ရဟွန်းဂျာဟု ပြောရာကနေ ရိုဟင်ဂျာဖြစ်လာတာ။ အရင်တုန်းက ဘင်္ဂလားမှာ ရခိုင်တွေကိုခေါ်ခဲ့တဲ့ ရဟွန်းဂျာဆိုတဲ့ အမည်ကို ပြန်လုဖို့ ကြိုးစားနေတာ။ သူတို့ပြောနေတဲ့ ရိုဟင်ဂျာဆိုတာ မလိမ့်တပတ် လုပ်ထားခြင်း သာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

အမေရိကန်တောင်ပိုင်းရှိ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ တက္ကဆက်၊ နယူးမက္ကဆီကို၊ ဖလော်ရီဒါ စသည့်ပြည်နယ်များတွင် မက္ကဆီကန် လူမျိုးများ ခိုဝင်နေထိုင်ကြသော်လည်း အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ချမှတ်ထားသည့် ဥပဒေ၊ နိုင်ငံသားဖြစ်ခွင့် စသည်တို့နှင့် အကျုံးမဝင်သည့်အတွက် ယနေ့အချိန်ထိ နိုင်ငံသားဖြစ်ခွင့်မရကြကြောင်း၊ ရုစဗက်ရေးသား သည့် လူ့အခွင့်အရေး ကြေညာစာတမ်းသည် အမေရိကန်နိုင်ငံ ကဲ့သို့ နိုင်ငံများမှာတောင် အကောင်အထည်မဖော်နိုင်ဘဲ ကျွန်တော်တို့နိုင်ငံကို လက်ညှိုးထိုး အပြစ်ပြောနေသည်မှာ အဓိပ္ပါယ်မရှိကြောင်း ဒေါက်တာအေးချမ်းက ပြောကြားသည်။

“ဘင်္ဂါလီတွေက ရခိုင်မှာတင် မဟုတ်ဘူး။ တစ်နေ့ တစ်နေ့ ရန်ကုန်ကို ၀င်နေတာမှ အများကြီးပဲ။ ဒီဘင်္ဂါလီတွေ တစ်ပြည်လုံးအနှံ့ မျိုးဆက် ပြန့်ပွားရေး လုပ်နေတဲ့ကိစ္စကို တရားဥပဒေကြောင်းနဲ့ ကာကွယ်ပေးဖို့ လိုပါတယ်။ ဒါတွေ မလုပ်နိုင်ဘူးဆိုရင် မြန်မာပြည်ရဲ့ အခြေအနေဟာ စိုးရိမ်စရာရှိပါတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီး မျိုးဆက်ပြန့်ပွားရေး၊ ထိန်းသိမ်းရေးဟာ အမျိုးသမီးတွေပေါ်မှာ အများကြီး တာဝန်ရှိတယ်” ဟု ပွဲတက်ရောက်သူ ရခိုင်တစ်ဦးက ပြောကြားသည်။

“အရှေ့အလယ်ပိုင်း၊ ဒူဘိုင်းနဲ့ ဆော်ဒီအာရေးဗီးယားမှာ ဖြန့်တဲ့ လက်ကမ်းစာစောင်တွေမှာ ရခိုင်ပြည်က ဘာသာရေးစစ်ပွဲအတွက် ပိုက်ဆံတွေ လှူကြပါ။ အဲ့ဒီမှာ ဘဏ်အကောင့် နံပါတ်တွေလဲ ပေးထားတယ်။ ဒီလိုအကြံရှိတဲ့သူတွေက ရခိုင်တွေနဲ့ ငြိမ်းချမ်းစွာနေလိုပါတယ်ဆို ဘယ်ရခိုင်က ယုံမှာလဲ” ဟု နိုင်ငံတကာလေ့လာရေးသမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောကြားသည်။


ရည်မွန်
မြန်မာခေတ်

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-