နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, February 14, 2009

ပိန္နဲပင်ဆွဲမထည့်ကြပါနဲ့

ပိန္နဲပင်ဆွဲမထည့်ကြပါနဲ့
ကိုမြန်မာ
၂ဝဝ၉ခုနှစ် ဖေဖေါ်ဝါရီ ၁၆-၂၂ ။
The Voice Weekly (Policy Article)

အခုတလော နိုင်ငံခြားက မီဒီယာတွေမှာ ထိုင်းနိုင်ငံထဲကို ''ရိုဟင်ဂျာ'' လူမျိုးတချို့ ပင်လယ်ရေကြောင်း
ကနေ တရားမဝင်ခိုးဝင်ဖို့ကြိုးစားတာကို ထိုင်းရေတပ်က ဖမ်းဆီးမိပြီး ပြန်နှင်ထုတ်ခဲ့ရာက စခဲ့တဲ့သတင်းတွေ
အတော်ကလေး ကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။

အဲဒီရိုဟင်ဂျာတွေထဲက တချို့ဟာ မြန်မာနိုင်ငံက ထွက်လာတာဖြစ်တယ်လို့လည်း ရေးသားထုတ်လွှင့်
နေကြတာ တွေ့နေရပါတယ်။ တချို့ကလည်း အဲဒီရိုဟင်ဂျာတွေဟာ မြန်မာအာဏာပိုင်တွေက လူ့အခွင့်အရေး
ချိုးဖောက်ပြီး ခွဲခြားနှိပ်စက်မှုတွေမခံနိုင်လို့ ထွက်ပြေးကြရတာ ဘာညာစသည်ဖြင့် ဇာတ်နာအောင် ပို့ပေးကြ
တာရှိပါသေးတယ်။

ဒါပေမဲ့ တကယ်တမ်း ဆန်းစစ်ကြည့်ရင် ဒီပြသနာက မြန်မာနိုင်ငံမဆိုင်သလို လူ့အခွင့်အရေးပြသနာ
လည်းမဟုတ်ပါဘူး။ ဒီဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ကြုံတွေ့နေရတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ တရားမဝင်
နိုင်ငံဖြတ်ကျော်သွားရောက်အလုပ်လုပ်ကိုင်မှုနဲ့ ဒီကနေ့ကြုံတွေ့နေကြရတဲ့ ကမဃာ့စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု
ပြသနာပေါင်းစပ်ပြီးဖြစ်ပေါ်လာခဲ့ရတဲ့ကိစသတစ်ခုလို့ပဲယူဆမိပါတယ်။

တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူဦးရေ သန်း ၁၅ဝ ကျော်ရှိပြီး ကမဃာပေါ်မှာ လူဦးရေအသိပ်သည်း
ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ နိုင်ငံကလည်း ဧရိယာသေးငယ်သလို နွေမှာရေရှား၊ မိုးမှာ ရေလျှံတတ်တာမို့
ရိက္ခာဖူလုံအောင်တောင်မှ မနည်းကြိုးစားနေရတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေနည်းပါးပြီး အလုပ်အကိုင်
အခွင့်အလမ်းနည်းပါးတဲ့ ဘင်္ဂလားဒေ့ရှ်အောက်ခြေလူထုဟာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ကြပြီး ဝင်ငွေ
ရှာကြပါတယ်။ ပြည်ပမှာသွားပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ၄ ဒသမ ၅
သန်းလောက်ရှိတယ်လို့မှန်းဆရပြီး သူတို့ပြန်ပို့တဲ့ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၈ ဘီလီယံလောက်အထိ
ရှိတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အလွန်အရေးပါတဲ့ဝင်ငွေရလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုပြည်ပထွက်
ပြီး လုပ်ကိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေမှာ တရားဝင်သွားတာရှိသလို တရားမဝင်သွားကြတာတွေလည်း
ရှိပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွေမှာ သွားရောက်လုပ်ကိုင်ကြတာရှိသလို အရှေ့တောင်အာရှဒေသကို
ထွက်ကြတာတွေလည်းရှိပါတယ်။

အရှေ့တောင်အာရှဒေသမှာ ပြည်ပအလုပ်သမားတွေ အများဆုံးစိတ်ဝင်စားတဲ့ နိုင်ငံကတော့ မလေးရှား
နိုင်ငံဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ လူဦးရေ ၂၅ သန်းကျော်လောက်သာရှိပြီးတော့ တစ်နှစ် တစ်ဦးကျ
ဝင်ငွေဒေါ်လာ ၁၅၇ဝဝ ရှိတဲ့အတွက် ဒေသတွင်းမှာ အတော်လေး စီးပွားရေးတောင့်တင်းလာသလို ဆီအုန်း
စိုက်ပျိုးထုတ်လုပ်ရေးအပြင် ဂျပန်နဲ့ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စက်မှုကဏ္ဍလည်းထွန်းကားတဲ့
နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဈေးချိုတဲ့အလုပ်သမားတွေရဖို့အတွက် မလေးရှားစီးပွားရေးလုပ်ငန်းတွေက
အမြဲလိုအပ်နေတာပါ။

အခုလို ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှုကာလမှာ မလေးရှားနိုင်ငံက စက်မှုလုပ်ငန်းတွေဟာ အခြေအနေ
အရ ထုတ်လုပ်မှုစရိတ်တွေ မဖြစ်မနေလျှော့ချရတဲ့အနေအထားရှိပါတယ်။ အဲဒီအခါမှာ လက်ရှိပြည်ပအလုပ်
သမားတွေကို လူလျှော့မလား၊ လုပ်ခလျှော့မလားဆိုတဲ့ပြသနာ ပေါ်လာပါတယ်။ အလုပ်အကိုင်လျှော့ချလို့
ပြန်ကြရတဲ့သူတွေရှိသလို လျော့သွားတဲ့လုပ်ခနဲ့ ဆက်ပြီး မရပ်တည်နိုင်လို့ ပြန်ကြတဲ့သူတွေလည်းရှိလာပါတယ်။
အဲဒီလို လျော့သွားတဲ့လုပ်အားခကို အစားထိုးဖို့ ပိုပြီးချိုသာတဲ့လုပ်ခနဲ့လုပ်နိုင်မယ့်သူတွေကို ရှာလာပါတယ်။
ဒီအခြေအနေဟာ လုပ်ခနည်းနည်းနဲ့ ဘယ်အလုပ်မဆိုလုပ်မယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အလုပ်သမားတွေအတွက်
ဆွဲဆောင်နိုင်တဲ့မက်လုံးတစ်ခုဖြစ်ပါတယ်။

လူဝင်မှုစည်းကမ်းတင်းကျပ်လှတဲ့ မလေးရှားနိုင်ငံကိုဝင်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ထိုင်းနိုင်ငံ၊
ရနောင်းဘက်ကို ရေကြောင်းကခိုးဝင်ပြီး ကုန်းလမ်းခရီးကနေ ထိုင်းတောင်ပိုင်းကိုဖြတ်လို့ မလေးရှားဘက်ကို
ခိုးဝင်တဲ့နည်းပါ။ ဒီနည်းလမ်းအတွက် လုပ်ပေးမယ့် ပွဲစားတွေကလည်း အဆင်သင့်ရှိပြီးဖြစ်ပါတယ်။
ရလဒ်ကတော့ အခုလိုလှိုင်းလေငြိမ်တဲ့ဆောင်းတွင်းကာလမှာ ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားဘက်ကို
ကပ္ပလီပင်လယ်ဖြတ်ပြီး ခိုးလှေတွေနဲ့ ထိုင်းနိုင်ငံကတစ်ဆင့်ဝင်လာတဲ့သူတွေများလာတာပါပဲ။ ၂၉-၁-၂ဝဝ၉
ရက်နေ့ထုတ် သည်အီကိုနိုးမစ်ဂျာနယ်ရဲ့အဆိုအရ လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာ ထိုင်းနိုင်ငံကနေ ထိန်းသိမ်းခဲ့ရတဲ့
ဘင်္ဂါလီလူမျိုးပေါင်း ၅ဝဝဝ လောက်ရှိတယ်လို့ဆိုပါတယ်။ ဒါက ဖမ်းမိတဲ့သူတွေပဲရှိပါသေးတယ်။ ဖမ်းမမိ
လိုက်ဘဲ လွတ်သွားတဲ့ ခိုးဝင်လာသူတွေလည်း အများကြီးရှိမှာပါ။

ပြသနာတစ်ခုက ထိုင်းတောင်ပိုင်းမှာ မွတ်စလင်လွတ်မြောက် အကြမ်းဖက်ဆူပူမှုတွေကလည်း ဖြစ်နေတဲ့
အခါကျတော့ ထိုင်းအာဏာပိုင်တွေက ဘာတရားဝင်စာရွက်စာတမ်းမှမရှိတဲ့ ခိုးဝင်သူတွေဟာ ထိုင်းတောင်ပိုင်း
ကိုဖြတ်ရင်း ဘာသာတူတဲ့ အဲဒီအကြမ်းဖက်အုပ်စုတွေနဲ့ ပေါင်းသွားမယ့်အရေးကို အတော်ကလေးစိုးရိမ်ခဲ့ကြ
တယ်လို့ သည်အီကိုနိုးမစ်ဂျာနယ်မှာ ရေးထားပါတယ်။

ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ခိုးဝင်လာသူတွေကို လက်မခံဘဲ နောက်ကိုဝင်
မလာရဲအောင် တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ ခိုးဝင်လာတဲ့
လှေတွေကို ထိုင်းရေတပ်ကဖမ်းဆီးပြီး ခိုးဝင်လာတဲ့ ၁ဝဝဝ နီးပါးကို ရနောင်းကမ်းလွန်က ကျွန်းကလေးတစ်
ကျွန်းပေါ်မှာ ထိန်းသိမ်းထားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီကနေ နိုင်ငံခြားမီဒီယာတွေအရဆိုရင် လှေတွေက အင်ဂျင်စက်တွေကိုဖြုတ်ပြီး ဆန်အိတ်တချို့နဲ့
သောက်ရေတိုင်ကီတချို့တင်ပေးလိုက်ပြီး ပင်လယ်ထဲမျှောလွှတ်လိုက်တယ်လို့ဆိုပါတယ်။ အဲဒီထဲက တချို့က
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကျွန်းဘက်ကို မျောသွားပြီး အင်ဒိုနီးရှားက ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။
တချို့ကတော့ ဇန်နဝါရီလဆန်းပိုင်းမှာ အိန္ဒိယပိုင် အင်ဒမန်ကျွန်း (ကပ္ပလီကျွန်း)နားကိုရောက်သွားပြီး
အိန္ဒိယရေတပ်က ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ အဲဒီအုပ်စုထဲက တချို့ကတော့ ကမ်းခြေကို
လှမ်းမြင်ရတာနဲ့ ရောက်လိုဇောနဲ့ ရေထဲကိုခုန်ချပြီး ကူးခတ်ကြရာက သေဆုံးကုန်ကြတယ်လို့ဆိုပါတယ်။
ဒီသတင်းက နိုင်ငံတကာမီဒီယာတွေထဲကိုရောက်သွားရာမှစပြီး လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တာပါ။
ထိုင်းနိုင်ငံရေးဝန်ကြီးဌာနကလည်း ဒီခိုးဝင်လာတဲ့သူတွေဟာ စီးပွားရေးအကြောင်းရင်းကြောင့် ဝင်ရောက်
လာတာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ထိုင်းတရားရုံးချုပ်ကလည်း ဒီလိုပါပဲ။ စီးပွားရေး
ကြောင့် တရားမဝင်ခိုးပြီးဝင်လာကြသူတွေဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှ ပြန်ထွက်သွားရမယ်ဆိုပြီးအမိန့်ချထား
ပါတယ်။

တကယ့်ပြသနာရဲ့အရင်းအမြစ်အခြေခံကတော့ စီးပွားရေးပါပဲ။ ဒါပေမဲ့ ဒီကြားထဲမှာ မြန်မာနိုင်ငံ
အပေါ် နိုင်ငံရေးအရ ပြသနာရှာချင်တဲ့သူတွေက ရိုဟင်ဂျာဆိုတာကို ရှေ့တန်းတင်လာပါတယ်။ ထို့အတူ
နိုင်ငံရေးအရ ဒုက္ခသည်အဖြစ် ခံယူချင်တဲ့သူတွေ၊ ဒုက္ခသည်အခွင့်အရေးကို ခံစားချင်တဲ့ခိုးဝင်သူတွေကလည်း
ရိုဟင်ဂျာမျက်နှာဖုံးကိုစွပ်ပြီး မြန်မာအာဏာပိုင်တွေကပဲ နှိပ်စက်လို့ မြန်မာနိုင်ငံထဲမှ ပြေးလာရသလိုလို
နိုင်ငံတကာရဲ့ ကရုဏာသက်မှုကိုရယူဖို့ ပြောဆိုကြိုးစားလာကြတာဖြစ်ပါတယ်။

တကယ်တော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတစ်စုအနေနဲ့ ဘယ်တုန်းကမှမရှိ
ခဲ့ဘူးဆိုတာ နေ့စဉ် သတင်းစာတွေထဲမှာလည်း ဖော်ပြထားခဲ့ပြီးပါပြီ။ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်
ဒေသမှာ လူဦးရေဖိအားရဲ့အန္တရာယ်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေရတာ ဘယ်အစိုးရမဆို လုပ်ကိုလုပ်ရမယ့်
တာဝန်တစ်ခုပါ။ အားနာနာနဲ့ မပြောမဖြစ်လို့ပြောရရင် အိန္ဒိယနိုင်ငံဆိုရင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်
မှာ လူခိုးမဝင်နိုင်အောင် ခြံစည်းရိုးခတ်ဖို့တောင်မှ လုပ်ခဲ့တာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် မြန်မာအစိုးရတွေအနေနဲ့လည်း တစ်ဖက်နိုင်ငံက တရားမဝင်ဝင်ရောက်လာမှုတွေကို
ကာကွယ်နိုင်ဖို့ ထိုက်သင့်တဲ့စစ်ဆေးကြပ်မတ်မှုတွေလုပ်ခဲ့ရတာပါ။ ၁၉၆ဝ ပြည့်လွန်နှစ်တွေကစပြီး နယ်စပ်
ဒေသလူဦးရေးကို ကောက်ယူကြည့်ရာမှာ လွတ်လပ်ရေးရကာစ အခြေအနေတွေထက် လူဦးရေတိုးနှုန်းက
သဘာဝမကျစွာတိုးတက်များပြားလွန်းတာကြောင့် စစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ အစစ်ဆေးမခံနိုင်သူတွေက တစ်
ဖက်မူရင်းနိုင်ငံထဲကို ပြန်ပြေးခဲ့ကြတာပါပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း မြန်မာအစိုးရက နိုင်ငံတကာနဲ့ရော၊
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ရော ဆွေးနွေးညှိနှိုင်းပြီးတော့ သတ်မှတ်မှုစည်းကမ်းများနဲ့အညီ စနစ်တကျပြန်လည်
လက်ခံခဲ့ပြီးဖြစ်ပါတယ်။ ဟိုဘက်ကမ်းမှာ ကျန်နေတာက သူတို့ဘာသူတို့ ပြန်မလာချင်လို့သာ ပြန်မလာကြတာ
ဖြစ်ပါတယ်။ ဒီဘက်က လက်မခံလို့မဟုတ်ပါဘူး။ ဒါကလည်း တရားဝင်စာရင်းဇယားအရ လူခြောက်ထောင်
လောက်ပဲ ကျန်တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ''မြင်မြင်သမျှ ယောက္ခမထန်းတော''ဆိုတာမျိုးနဲ့ ဘင်္ဂါလီမှန်သမျှ ''ရိုဟင်ဂျာ''တွေ၊
''နိုင်ငံမဲ့ဒုက္ခသည်''တွေလို့ ကင်ပွန်းတပ်ပြီး ဇာတ်နာအောင် နိုင်ငံရေးအရ ထိုးနှက်နိုင်အောင် လုပ်နေတာက
တော့ စိတ်ပျက်ဖို့ကောင်းပါတယ်။

သင်္ဂဇာဆရာတော်ကြီး မိန့်ကြားတော်မူဖူးတဲ့ ပုံပြင်ထဲကလို လင်ငယ်နေတဲ့အမျိုးသမီး၊ လင်ကြီးက လင်ငယ်ကို
တင်းပုတ်နဲ့ထုလိုက်လို့ သေသွားတဲ့အခါ ဘုန်းကြီးကျောင်းက ပိန္နဲပင်မှာ သွားထောင်ထားပြီးတော့ ဘုန်းတော်ကြီး
ကလည်း ကတုံးရိတ်ပြီး အာဂန္ဒုဘုန်းကြီး ပြန်လုပ်လိုက်တာမို့ ဟိုအမျိုးသမီးက ''အစကတော့ သျှောင်၊ ပိန္နဲပင်
ထောင်ကာမှ ခေါင်းပြောင် ရသလေး''လို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ငိုလိုက်ရာမှာ ဘုန်းတော်ကြီးက ''ဟဲ့... ငါ့ပိန္နဲပင်မပါစေနဲ့''လို့
ငေါက်လိုက်ရသလို ဒီပြသနာမှာလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ စီးပွားရေးပြသနာ၊ လူမှုရေးပြသနာ၊
လုံခြုံရေးပြသနာတွေများစွာနဲ့ အကြောင်းကြောင်းကြောင့် အကျိုးဆက်ဖြစ်လာတာကို ဘာမဆိုင်ညာမဆိုင်
ပြသနာမရှိပြဿနာရှာပြီး မြန်မာနိုင်ငံကို ''ပိန္နဲပင်ဆွဲမထည့်ပါနဲ့''လို့ ပြောလိုက်ချင်ပါတော့တယ်။

1 comment:

  1. ဆက်လုပ်ဆက်လုပ် ကုလားလေး စောလွင် ကြိတ်ထားကွ နောက်ထပ်သမီးတစ်ယောက်မပေးရအောင်

    ReplyDelete

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-