နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Friday, February 27, 2009

နအဖ ၊ ကလေးစစ်သား ၊ ကလေးသူခိုးနှင့် ကလေးအတွေး ။

နအဖ ၊ ကလေးစစ်သား ၊ ကလေးသူခိုးနှင့် ကလေးအတွေး ။
Senior Allah ရေးသားတင်ပြသည် ။

မြန်မာစစ်အစိုးရဟာ ကလေးစစ်သားအသုံးပြုမှုနှင့်ပတ်သက်ပြီး ၊ ကမ္ဘာတစ်လွှားမှာ ထင်ရှား ကျော်ကြားနေတဲ့အစိုးရဖြစ်ပါတယ် ။ (သည်အဆိုကို ကန့်ကွက်မည့်သူများ ကန့်ကွက်နိုင်ပါတယ် ။) ဘာကြောင့်ကလေးစစ်သားအသုံးပြုခြင်းကို ကမ္ဘာတစ်လွှားက ကန့်ကွက်နေရပါလဲ ၊ ဘာကြောင့် ကလေးအလုပ်သမားရှိတဲ့နိုင်ငံတွေကို ၊ ကမ္ဘာတစ်လွှားလူ့အခွင့်အရေးသမားများက ကြွက်ကြွက်ညံ ကန့်ကွက်နေကြပါသလဲ ။
ရှင်းပါတယ် ။ ကလေးများကို စစ်သားအဖြစ် ၊ အလုပ်သမားများအဖြစ် အသုံးမပြုသင့်၊ မခိုင်းသင့်လို့ ကန့်ကွက်နေကြခြင်းပါ ။ ဒါ လူသားဆန်တဲ့အယူအဆ ၊ လူပီသတဲ့ဝါဒ ၊ လူပီသတဲ့အတွေးအခေါ်ဆိုလျင် လူကြီးမင်းတို့ ငြင်းမလား ။ ( ငြင်းမယ်ဆို ဒီစာကို ဆက်မဖတ်ပါနှင့်တော့ ။ ကျော်လိုက်ပါ ။ အခြား စိတ်ဝင်စားဖွယ်ရာများ ရှာဖတ်ပါ ။)
- ကလေးတွေဗျာ ၊ အတွေးအခေါ်မရင့်ကျက်သေးဘူး ။
- ကလေးတွေဗျာ ၊ အတွေ့အကြုံနုနယ်သေးတယ် ။
- ကလေးတွေဗျာ ၊ ပညာသင်ရမယ့်အရွယ် ။
- ကလေးတွေဗျာ ၊ အတတ်ပညာဆည်းပူးရမယ့်အရွယ် ။
- ကလေးတွေဗျာ ၊ လူ့လောကမှာ လူတစ်လုံး သူတစ်လုံးအဖြစ်နှင့် သင့်တင့်မျှတစွာ ၊ အသက်မွေးဝမ်းကျောင်းနိုင်ဖို့ ၊ ပြုစုပျိုးထောင်ပေးရမယ့်အရွယ် ။
ကျနော်တို့လူကြီးများက ၊ မိဘများက ၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရများက ၊ သည်ကလေးတွေ ပညာသင်ဖို့အခွင့်အရေးတွေဖန်တီးပေးဖို့ ၊ ပညာဝန်းကျင်ကို ဖန်တီးပေးဖို့ ၊ ပြုစုစောင့်ရှောက်ဖို့ တာဝန်ရှိတယ် ဆိုလျင် ၊စာရှုသူ လူကြီးမင်းငြင်းလိမ့်မထင်ပါ ။
ဒီအယူအဆကို လူလိုအသိဥာဏ်ရှိသော ၊ လူပီသသော လူသားများက ခြွင်းချက်မရှိ လက်ခံ ကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ။
ဒါကြောင့်လည်း ၊ အခြေခံပညာကို ကလေးတိုင်း သင်ကြားနိုင်ရေးဆိုပြီး ၊ ခေတ်မီသော အစိုးရများ ၊ ပညာဥာဏ်အမြော်အမြင်ရှိသော အစိုးရများက ၊ဥပဒေပြဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြတာပါ ။
နောက် ကလေးများဆိုတော့ ၊ လူကြီးများနှင့်တန်းတူ တွေးခေါ်ဆင်ခြင်နိုင်စွမ်းမရှိသေးတာကြောင့် ၊ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ၊ ဆန္ဒမဲပေးခွင့်ကို မလုပ်စေသင့်ဘူးဆိုပြီး ၊ မဲပေးခွင့်ကိုတော့ ကန့်သတ်ပေး ထားရတာ ။
နောက် ၊ ရာဇဝတ်မှုနှင့်ပတ်သက်ပြီးတော့လည်းပဲ ၊ ကလေးများသည် ဆင်ခြင်နိုင်စွမ်း မရှိသေးတဲ့အတွက် ၊ ကလေးသူငယ်၏ ဆောင်ရွက်ချက်သည်ပြစ်မှုမမြောက်ဆိုပြီး ကင်းလွတ်ခွင့်ပေးထားရတာ ။
သည် ယဉ်ကျေးမှု ၊ သည်လူနေမှုစနစ် ၊ သည်အယူအဆကို ကမ္ဘာ့ပြည်သူကြီးတရပ်လုံးနီးပါးက လက်ခံထားကြပါပြီ ။
သို့ပေမယ့်ဗျာ ၊ နအဖ ကတော့ ဗူးလုံးနားမပါ ဆိုသလိုပါပဲ ။ ပြောတဲ့သူတွေသာမောရော့မယ် ၊ ကလေးစစ်သားအရေး အေးဆေးပါပဲ လားဗျာ ။
အခု အဲသည် နအဖထက် ဆိုးတဲ့လူ ၊ နအဖကတောင်ဆရာတင်ထားရမည့်သူ ပေါ်နေပါပြီဗျာ ။
ဟိုလူကြီး ၊ အဲလေဟုတ်ပေါင် ၊ ဟိုဟာကြီးရဲ့ အမိန့်တော်အရဆိုပြီး ၊ လုပ်ရတာပါတဲ့ ။
- အဲသလိုမျိုးအမိန့်တော်ချပေးတဲ့ သူကြီးဟာ ၊ ဘာကောင်လဲ ၊
- အဲသည်ဟာကြီး ခိုင်းတာလိုက်လုပ်နေတဲ့သူတွေရော ဘယ်သူတွေလဲ ၊
- အဲသည်သူကြီးဟာကမ္ဘာ့လူသားများ ကြည်ညိုထိုက် ၊ ယုံကြည်ထိုက်တဲ့သူဟုတ်မဟုတ် ၊
- လူသားများအပေါ် အကြင်နာတရားရှိတဲ့သူဟုတ်မဟုတ် ၊
- လူသားများကို မေတ္တာရှိတဲ့သူ ဟုတ်မဟုတ် ၊
လူကြီးမင်းများ ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်တော်မူကြပါ ။
ကလေးလေးတစ်ယောက်ရဲ့အတွေးပါဗျာ ။
ကျေးဇူးတင်ပါတယ် ။

ကဲ ၊ ဘယ်သူဘာဖြစ်တာတဲ့လဲ ။
ဟောဒီမှာ(နှိပ်လိုက်)

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-