နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Sunday, June 10, 2012

အလယ်သံကျော်ကျေးရွာ ရဲစခန်းကို အကြမ်းဖက်ဘင်္ဂါလီ(ရိုဟင်ဂျာ)လူစုလူဝေးက သိမ်းပိုက်

ဇွန်လ (၁၀)

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယမန်နေ့နံနက်ပိုင်းမှ စ၍ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမှ ကြေညာခဲ့သော်လည်း အလယ်သံကျော်ကျေးရွာ ရဲစခန်းကို အကြမ်းဖက်ဘင်္ဂါလီ(ရိုဟင်ဂျာ)လူစုလူဝေးက သိမ်းပိုက်ထားလိုက်သည့် သတင်းများ မောင်တောမြို့သို့ ၀င်ရောက်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရဟတ်ယာဉ်ဖြင့် သွားရောက်နေသည်ဟု မောင်တောမြို့ခံက YPI သို့ပြောသည်။

မောင်တောနှင့် အလယ်သံကျော်ကျေးရွာအကြား တံတားကိုလည်း ယခုရက်ပိုင်း အကြမ်းဖက်မှုများပေါ်ပေါက်ပြီးနောက် အကြမ်းဖက်ဘင်္ဂါလီခေါ် ရိုဟင်ဂျာများက ဖျက်ဆီးထားကြသည်ဟု မောင်တောမြို့ခံက ပြောသည်။

ယင်းရဲစခန်းအတွင်း ခိုလှုံနေသည့် နတလ ကျေးရွာများနေ ဗမာလူမျိုးများနှင့် ရခိုင်လူမျိုးများ ခိုလှုံနေသဖြင့် ၎င်းတို့၏ အခြေအနေကိုလည်း စိုးရိမ်လျှက်ရှိကြသည်။

နတလ ကျေးရွာများဆိုသည်မှာ ဦးခင်ညွှန့်လက်ထက်တွင် ရန်ကုန်နှင့် အခြားမြို့များမှ ဘင်္ဂါလားဒေ့ရှ် နယ်စပ်တွင် သွားရောက် အခြေစိုက်စေခဲ့သည့် ဗမာကျေးရွာများဖြစ်သည်။

အလယ်သံကျော်ကျေးရွာမှာ မောင်တောမြို့မှ ဆိုင်ကယ်ဖြင့် ၁ နာရီသာသာမောင်းနှင်ရသည့် အကွာအဝေးတွင်ရှိကာ ၁၉၅၁ ခုနှစ် ရိုဟင်ဂျာ ဘင်္ဂါလီများ၏ အလယ်သံကျော်ညီလာခံကြောင့် ထင်ရှားသည့် ကျေးရွာလည်း ဖြစ်သည်။ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးများက ထိုညီလာခံမှဆုံးဖြတ် တောင်းဆိုရာတွင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တို့ကို ၎င်းတို့အား အုပ်ချုပ်ခွင့်ပေးရန်နှင့် စစ်တွေမြို့ကို ရခိုင်နှင့် တလှည့်စီအုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Sources:
by Yangon Press International
http://feeds.feedburner.com/thithtoolwin/yIWV

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-