နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Sunday, December 19, 2010

ခွေးတစ်ယောက်နှင့် လူနှစ်ကောင်

ဟာဂျီဝက်စ်လီ စုစည်းတင်ပြသည် ။
- တစ် -
နယူးယောက်သူတစ်ဦး ခွေးကိုစာဖတ်တတ်စေရန် လေ့ကျင့်သင်ကြား
နယူးယောက် ၊ ဇူလိုင် ၁၈
တိရစ္ဆာန်များကို ယဉ်ပါးအောင်လေ့ကျင့်ပေးနေသူ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နေထိုင်သော (လိုင်ဇာရိုဇန်ဘတ်) Lyssa Rosenberg အမည်ရှိ အမျိုးသမီးသည် ၄င်းပိုင် တာရီယာ (terrier) ခွေးပုတစ်ကောင်ကို စာဖတ်တတ်စေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း The New York Post သတင်းဖော်ပြချက်အရ သိရသည်။ (Ms Rosenberg) မှာ စာရွက်များပေါ်တွင် နေ့စဉ်အသုံးချဝေါဟာရ စကားလုံးများ ရေးသားကာ ၄င်း၏ခွေးကို စာဖတ်သင်ပေးနေခြင်းဖြစ်သည်။ မိမိ၏ခွေးမှာ စကားလုံး ၂၅ဝခန့်ကို ဖတ်ရှုနားလည်နေပြီဖြစ်ကြောင်း၊ စာကြိုးစားသင်ယူလျှင် မက္ကဆီကိုနိုင်ငံသို့ အလည်ပို့မည်ဟု ခွေးကို မိမိကတိပေးထားကြောင်း၊ ခွေး၏စာဖတ်နိုင်မှုစွမ်းရည်ကို တိုးတက်သည်ထက် တိုးတက်လာစေရန် အချိန်ယူ လေ့ကျင့်ပေးလျက်ရှိကြောင်း Ms Rosenberg ကပြောကြားသည် ။ Ms Rosenberg မှာ ၄င်းထံလာရောက်အပ်နှံခံရသည့် ခွေးများစွာကို လိမ္မာယဉ်ကျေးပြီး ရုပ်သံကြေညာချက်များ ကြည့်ရှုနားလည်လာသည့် အနေအထားအထိ ရောက်အောင် လေ့ကျင့်ပို့ချပေးနိုင်ခဲ့သူဖြစ်သည်။ Ms Rosenberg အနေနှင့် ၄င်း၏ခွေးကို လွန်ခဲ့သော ၄၅ ရက်မှစ၍ စာဖတ်သင်နေခြင်းဖြစ်သည်။ Willow ဟုအမည်ပေးထားသော သူမ၏ခွေးမှာနိုင်ငံကူးလက်မှတ် ရရှိထားသော ခွေးတစ်ကောင်ဖြစ်သည်။ Ms Rosenberg ၏ခင်ပွန်း Gareth Howells (ဂါရက်သ်ဟောင်ဝဲလ်) ကမူ မိမိ၏ဇနီးမှာ မိမိအပေါ်တွင်မူ စိတ်ရှည်သည်းခံမှု နည်းပါးကြောင်း ဖွင့်ဟပြောကြားသည်။ Ms Rosenberg မှာ ၄င်းသွားလေရာသို့Willow နှင့်အတူ ယုန်တစ်ကောင်နှင့် ဝက်ပုတစ်ကောင်ကိုပါ ခေါ်ဆောင်သွားလေ့ရှိသည်။

ကျနော် ဒီသတင်းကိုဖတ်မိပြီး စိုင်းထီးဆိုင်ရဲ့ ခွေးတစ်ယောက်နှင့် လူနှစ်ကောင်သီချင်း ကို လွမ်းလွမ်းဆွတ်ဆွတ် သတိရနေမိတယ်ဗျာ ။ သီချင်းမှာ အတော်ကြာနှစ်မြောနေမိခဲ့ပြီး ၊ အတွေးတွေလည်း ကမ္ဘာပတ်နေမိပါတော့တယ် ။
**********
- နှစ် -
ပညာသင်တယ်ဆိုတာ

- ကျနော်တို့ စဉ်းစားကြည့်တဲ့အခါ ၊ ပညာသင်တယ်ဆိုတာ တကယ်တော့ အတွေ့အကြုံတွေကို လက်ဆင့်ကမ်းတာပဲဗျ ။ အတွေ့အကြုံလက်ဆင့်ကမ်းတယ်ဆိုတာ ဥပမာဆိုကြပါစို့ ။ အောက်ဆီဂျင်(Oxygen) ဆိုတာကို လဗွိုင်းဆီးယား(Antoine-Laurent de Lavoisier 26 August 1743 – 8 May 1794) ဆိုတဲ့ ပုဂ္ဂိုလ်ကတွေ့တယ် ။ အဲဒီအောက်ဆီဂျင်ဆိုတာကို ဘယ်လိုဖော်ထုတ်တယ်ဆိုတာ သူကိုယ်တိုင်တွေ့တယ် ။ တွေ့တော့ အဲဒီ တွေ့တဲ့ဥစ္စာကို လက်ဆင့်ကမ်းလိုက်တဲ့အတွက်မို့လို့ သူ့လောက်မပင်ပမ်းဘဲနဲ့ ကျနော်တို့ကလေးတွေ စာသင်ခမ်းထဲက နားလည်သွားပြီ ။ အဲဒီလိုပဲ ကျန်တဲ့ပညာရပ်တွေ အကုန်လုံးမှာ အတွေ့အကြုံ လက်ဆင့်ကမ်းသွားတဲ့အတွက် ကြောင့်မို့လို့ လူ့လောကကြီးဒီလောက်မြင့်လာတာ ။ အဲဒီတော့ကာ အဲဒီစာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်လက်ဆင့်ကမ်းလိုက်တဲ့အခါကျတော့ ဟိုးသမိုင်းကလူတွေရဲ့အတွေ့အကြုံကို ကျနော်တို့ရတယ် ။
- အသိဥာဏ်မဖွံ့ဖြိုးဘဲနှင့် ဘယ့်နှယ်လုပ် တိုးတက်တဲ့နေရာဖြစ်မလဲ ။ အဲသည်တော့ အသိဥာဏ် အလိမ္မာ တိုးလာလေလေ ၊ တိုးလာလေလေ မြို့ပြမှာ ငြိမ်းချမ်းရေး သာယာရေးအတွက်ကို ကူညီတဲ့ဟာတွေ တိုးလာလေလေဖြစ်တော့မပေါ့ ။
- ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုလူပီသလာအောင် ၊ ကိုယ့်သား ကိုယ့်သမီးလေးတွေကို လူပီသလာအောင် ၊ သားကောင်းသမီးမြတ်တွေဖြစ်အောင် ၊ လောကတစ်ခွင်ကို စောင့်ရှောက်ချင်တဲ့စိတ်မျိုးဖြစ်ပေါ်လာအောင် ၊ ဖန်တီးပေးမယ်ဆိုရင် ၊ ထုလုပ်ပေးမယ်ဆိုရင် ပိုပြီးတော့မကောင်းပေဘူးလား ။ ဒါဟာ တကယ့်အနုပညာ မဟုတ်ပေဘူးလား ။
- သိပ္ပံပညာက လူ့ဘဝတိုးပွါးစည်ကားမှုကို အထောက်အပံ့ပြုသည် ။ ကိုယ်ကျင့်တရားက လူ့ဘဝသာယာချမ်းမြေ့မှုကို အထောက်အပံ့ပြုသည် ။ လူ့ဘဝတိုးတက်ကြီးပွါးရေးနှင့် လူ့ဘဝချမ်းမြေ့သာယာရေး ကိစ္စနှစ်ရပ်လုံးသည် ဘဝအဓိပ္ပါယ်ဖွင့်ဆိုချက် ၏ အဓိပ္ပါယ်များပင်တည်း ။
********
- သုံး -
အာဖဂန်နစ္စတန် ကလေးငယ်များ ပညာရေးနှင့် လူမှုဘဝ
အလ္လာဟ်ရှင်၏ ကေဒါများဟု ဆိုရမည်ဖြစ်သည့် တာလီဘန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံကို ၁၉၉၆ မှ ၂၀၀၁ နိုဝင်္ဘာထိ ၊ အစ္စလာမ်၏ပင်မကိုယ်ထည်ဥပဒေ (the body of Islamic law) ဟု အဓိပ္ပါယ်ရသော ရှာရီးယားဥပဒေ (Sharia law) ဖြင့် အုပ်ချုပ်ခဲ့ပါသည် ။ ၂၀၀၁ နိုဝင်္ဘာတွင် ၊ နေတိုးဦးဆောင်သည့် ယူအင်ကတာဝန်ယူခဲ့သည် ။ အာဖဂန်နိုင်ငံ ခေတ်မီဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် ၊ ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုက အာဖဂန်နစ္စတန်ကလေးများ အခြေခံပညာရေးကို အဓိကထားပြီး ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။ သတင်းလေးများ ဖတ်ကြည့်ကြဦးစို့ -
KANDAHAR, Afghanistan — One morning two months ago, Shamsia Husseini and her sister were walking through the muddy streets to the local girls school when a man pulled alongside them on a motorcycle and posed what seemed like an ordinary question.
Are you going to school?”
Then the man pulled Shamsia’s burqa from her head and sprayed her face with burning acid. Scars, jagged and discolored, now spread across Shamsia’s eyelids and most of her left cheek. These days, her vision goes blurry, making it hard for her to read.
တစ်နေ့သော နံနက်ခင်းမှာ ရှမ်ရှီးယားဟူစီနီနှင့် သူမရဲ့ညီမတို့ဟာ ၊ ဒေသတွင်းရှိ အမျိုးသမီးစာသင်ကျောင်းသို့ ဦးတည်ကာ ရွှံ့လမ်းအတိုင်းသွားနေကြပါသည် ။ ထိုစဉ် သူမတို့ဘေးတွင် မော်တော်ဆိုင်ကယ် တစ်စီးလိုက်ပါလာပြီး သာမန် အလ္လာပသလ္လာပစကားပြောဟန်ဖြင့် မင်းတို့ ကျောင်းသွားကြမှာလား ဟု မေးမြန်းနေပါသည် ။
အဲသည်နောက် ဆိုင်ကယ်သမားက ရှမ်ရှီးယားရဲ့ ခေါင်းမြီးခြုံမျက်နှာဖုံး (burqa) ကိုဆွဲလှန်လိုက်ပြီး ၊ သူမရဲ့မျက်နှာကို အက်ဆစ်နှင့် ပက်ဖျမ်းလိုက်ပါသည် ။ ယခုအခါ ရှမ်ရှီးယားရဲ့ မျက်ခွံနှင့် ဝဲဖက်ပါးပြင်တစ်ခုလုံး မှာ အမာရွတ်များ ၊ အတွန့်အလိမ်များ ၊ ပျောက်တိပျောက်ကျားအကွက်များ နေရာယူနေကြပါပြီ ။ အဲသည်တုန်းကတော့ သူမရဲ့ မျက်စိမှုန်ဝါးနေပြီး ၊ စာပင်မဖတ်နိုင်ခဲ့ပါ ။
******
(Taliban) တာလီဘန်တို့သည် မီးရ်ဝေ့စ်ဒေသ(Mirwais)နှင့် ကန်ဒဟာပြည်နယ် (Kandahar)သို့ ရောက်ရှိလာကြပြီး ၊ ဒေသတွင်း ဗလီများတွင် (“Don’t Let Your Daughters Go to School,”) သင်တို့သမီးများကို ကျောင်းသို့ မလွတ်ပါနှင့် ဟူသော ပိုစတာများကို ကပ်ထားကြသည် ။
Banning girls from school was one of the most notorious symbols of the Taliban’s rule before they were ousted from power in November 2001.
တာလီဘန်တို့က အာဖဂန်နစ္စတန်တွင် အာဏာလက်လွတ်ခဲ့ရသည့် ၂၀၀၁ခုနှစ်နိုဝင်္ဘာလ မတိုင်မီ တွင် ၊ အမျိုးသမီးများ စာသင်ကျောင်းမတက်ရန်တားမြစ်ခြင်းသည် ၊ အထူးသိသာထင်ရှားသော စည်းမျဉ်း တစ်ခုဖြစ်ခဲ့သည် ။
******
And so it was especially chilling on Nov. 12, when three pairs of men on motorcycles began circling the school. One of the teams used a spray bottle, another a squirt gun, another a jar. They hit 11 girls and 4 teachers in all; 6 went to the hospital. Shamsia fared the worst.
အလွန်ချမ်းအေးသော နိုဝင်္ဘာလ ၁၂ ရက်နေ့ကဖြစ်ပါသည် ။ မော်တော်ဆိုင်ကယ်စီးအမျိုးသား ၃ တွဲတို့က ကျောင်းကို စတင် ဝိုင်းလိုက်ကြသည် ။ တစ်ဖွဲ့က ရေဖျန်းသည့် ဘူးများကို ကိုင်ထားကြပြီး ၊ အခြားတစ်ဖွဲ့က ရေပြွတ်သေနတ် ကိုင်ဆောင်ကာ အခြားတစ်ဖွဲ့ကမူ ရေကယားကို ကိုင်ဆောင်ထားကြပါသည် ။ အားလုံးပေါင်း ကျောင်းသူ ၁၁ ဦးနှင့် ဆရာမ ၄ ဦးတို့ အက်ဆစ်ပက်ခံလိုက်ကြရပါသည် ။ ၆ ဦးကို ဆေးရုံတင်ပို့လိုက်ရသည် ။ ရှမ်ရှီးယားကတော့ အဆိုးဆုံးခံရသူ ဖြစ်သည် ။
********
အာဖဂန်နစ္စတန်က ကလေးများရဲ့ ရင်ဖွင့်သံကိုလည်း ကနော်တို့ နားဆင်ကြည့်ကြဦးစို့ ။
- မူဆလင်တွေအားလုံး ပညာရရှိဖို့ ကတိကဝတ်တွေရှိပါတယ် ။ ဒါပေမယ့် ကျမတို့ရဲ့ ခေါင်းဆောင်တွေက ကျမတို့ကို ကျောင်းသွားခွင့်မပြုပါဘူး ။
အာဖဂန်နစ္စတန်မှ သမီးငယ်များ။
'It is binding for every Muslim to get educated but our leaders do not allow us to go to school.'
Girl in Afghanistan

- ကျုပ်တို့ပညာလိုချင်ပါတယ် ။ ဒါပေမယ့် ကျုပ်တို့အတွက် အခြေအနေက မပေးဘူး ။ ကျုပ်တို့ ဗလီကိုသာ သွားရပြီး ၊ မူဆလင်ဆရာတွေဆီမှာပဲ သင်ရတယ် ။ ကျုပ်တို့ကျောင်းကိုသွားရတယ် ။ ဒါပေမယ့် မူဆလင် ဘာသာရေး အကြောင်းတွေပဲ သင်ရတာမို့ မကောင်းပါဘူး ။
ဟယ်ရတ်မှ သမီးငယ်နှင့် လိုဂါမှ သားငယ် ။

We want to be educated but the situation
is not good for us, we can only go to the
mosque and learn from the mullah.
We go to school but it is not good because
we only study religious subjects.
Girl in Herat, Afghanistan
Boy in Logar, Afghanistan
************
ကျမအဖေက ကလေးမလေးတစ်ယောက်ကို လက်ထပ်လိုက်တယ် ။ ပြီးတော့ကျမကလည်းပဲ အပြန်အလှန်အဖြစ် အခြားအဖိုးကြီး တစ်ယောက်ကို လက်ထပ်လိုက်ရတယ် ။ ကျမ သူငယ်ချင်းတွေနှင့် ပျော်ခဲ့ပါတယ် ။ အခုတော့ ကျမ လင်တော်မောင်အိမ်မှာ အလုပ်တွေနှင့် နပမ်းလုံးနေရပါပြီ ။ ကျမလက်မထပ်ချင်ပါဘူး ။ ကျမကားတစ်စီးပေါ် ထိုးတင်ခံလိုက်ရပြီး လင်တော်မောင်အိမ်နောက် လိုက်ခဲ့ရတာပါ ။ အခု ကျမ အမြဲလိုလိုဖျားနေပါတယ် ။ ကျမ နတ်တွေ တစ္ဆေတွေ မြင်နေရပါတယ် ။ ကျမ ဆံပင်ကို ကျမဆွဲဖြစ်ပါတယ် ။ ကျမတောင်တွေတောတွေဆီကိုပြေးသွားချင်နေပါတယ် ။ ဒါပေမယ့် လူတွေက ကျမကိုခွင့်မပြုပါဘူး။ ကျမ ဒီနေရာကနေ ထွက်သွားချင်ပါပြီ ။ ကျမသူငယ်ချင်းတွေကို လင်မပေးစားကြပါနှင့်ရှင့် ။
ကူတွပ်ခယ် ဒုက္ခသည်စခန်းမှ ၁၂နှစ်အရွယ် ကလေးမ တစ်ဦး
My father married a girl and I was married in exchange. I had been
happy with my friends. Now I have a lot of work to do at my husband's
house. I did not want to marry. I was put in a car and driven to my
husband's home. Now I am always sick. I feel the presence of spirits
and ghosts. I pull my hair. I want to run to the hills but the people
don't allow me to. I want to leave this place. Don't take my friends to
their husband's houses.
12 year old refugee girl in Qutub Khal camp,
Peshawar- Pakistan


ရည်ညွှန်းချက်များ-
၁ ။ http://oddbrowser.blogspot.com/2009/07/willow-dog-that-can-read.html
၂ ။ လက်ခံလိုက်စမ်းပါ တကယ့်အနုပညာ (အောင်သင်း)
၃ ။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း(ဆန်းလွင်)
၎ ။ http://www.nytimes.com/2009/01/14/world/asia/14kandahar.html

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-