နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Wednesday, May 25, 2011

ကောင်းကင်ဘုံနဲ့ နောင်ဘ၀ဆိုတာ မရှိဟု စတင်ဖင် ဟော့ကင်း ပြော

ဗြိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က ‘ကောင်းကင်ဘုံ ဟူသော အယူအဆနဲ့သေပြီး နောက်ဘ၀ ဆိုတာတွေဟာ ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ’ ဟု မကြာခင်ကထပ်မံပြောခဲ့တဲ့အတွက် ဘာသာရေး ခရေဇီများအကြား ပွက်လောညံကုန်သည်။
“ဦးနှောက်ဟာ ကွန်ပျူတာလိုပဲ ကျနော် ယူဆတယ်။ ပါဝင်တဲ့ အစိတ်ပိုင်းတွေပျက်စီးသွားရင် ရပ်သွားတာပါပဲ။ ပျက်စီးကျိုးပဲ့သွားတဲ့ ကွန်ပျုတာတွေအတွက်ကောင်းကင်ဘုံတို့ နောင်ဘ၀တို့ မရှိနိုင်ဘူး။ လူတွေအတွက်လည်း ဒီလိုပါပဲ။အသိဥာဏ် အမှောင်ထဲက ကြောက်ရွံ့မှုတွေ အတွက် ကောင်းကင်ဘုံနဲ့ နောင်ဘ၀ကိုနတ်သမီးပုံပြင်လို ဖန်တီးထားကြတာ” ဂါဒီယန် သတင်းစာကြီးကို ပြောခဲ့သည်။

ဗြိတိသျှ ရူပဗေဒပညာရှင် ဟော့ကင်းမှာ အသက် ၂၁ အရွယ်တွင် amyotrophiclateral sclerosis ရောဂါ ရရှိပြီး၊ ခန္ဓာကိုယ် မလှုပ်ရှားနိုင် စကားမပြောနိုင် ဖြစ်ခဲ့သည်။ A.L.S ရောဂါ ရရှိသူ အများစုမှာ ငါးနှစ်အတွင်းသေဆုံးကြသည်။ ယခု ဟော့ကင်းက ၄င်းရောဂါ ဝေဒနာသည်များ အထဲတွင်ထူးထူးဆန်းဆန်း အသက်အရှည်ဆုံးလူ ဖြစ်နေသည်။ သူ့ရောဂါနှင့် ပတ်သက်ပြီး ဂါဒီယန်ကို ပြောရာတွင် “လွန်ခဲ့တဲ့ ၄၉ နှစ်ကတည်းက မကြာခင် သေတော့မယ်ဆိုတဲ့ အမြင်နဲ့ ကျနော် အသက်ရှင်နေခဲ့ပါတယ် ။သေခြင်းကို ကျနော်မကြောက်ဘူး။ ဒါပေမဲ့ အခုမြန်မြန်သေမယ်လို့လည်းမထင်သေးဘူး။ ကျနော့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်” ဟု အသက် ၆၉နှစ်ရှိ ဟော့ကင်းက ပြောသည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် ဟော့ကင်းက စကြာဝဠာရှိ တွင်းမည်းကြီးများရဲ့ဂုဏ်သတ္တိအကြောင်း သင်္ချာဖြင့် ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းခဲ့သည်။ ၁၉၇၃ခုနှစ်တွင် အိုင်းစတိုင်းရဲ့ general theory of relativity နဲ့အိုင်းစတိုင်း လက်မခံခဲ့လို့ အငြင်းပွားနေ ရတဲ့ quantum mechanics နိယာမတွေကို ဆက်စပ်ဖြေရှင်းပေးခဲ့သည်။

၁၉၈၈ တွင် စကြာဝဠာရဲ့ နယ်နမိတ်တွေကို ရှင်းပြတဲ့ သူ့ရဲ့ ‘အချိန်ရဲ့သမိုင်းအကျဉ်း’ စာအုပ်မှာ အုတ်ရေ ၁၀ သန်းကျော် ရောင်းရပြီးနှစ်နှစ်ဆက်တိုက် ဘတ်ဆဲလာ ဖြစ်ခဲ့သည်။ မနှစ်က ထုတ်ခဲ့တဲ့ ‘The Grand Design’ စာအုပ်တွင်လည်း ဂေါ့ဒ်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်းတင်ပြထားပြီး၊ ရူပဗေဒဖြင့် ဖန်ဆင်းရှင်ကို ဖယ်ရှားပစ်ခဲ့သည်။
သူ့စာအုပ်သစ် အဖွင့်တွင် “စကြာဝဠာဟာ ဘာမှမရှိတာတွေကနေ သူ့ဘာသာဖန်ဆင်းလာတာပဲ။ ဘာမှ မရှိတာကနေ တစုံတရာ ဘာကြောင့် ဖြစ်လာတာလဲ၊ စကြာဝဠာဘာကြောင့် တည်ရှိတာလဲ၊ ကျနော်တို့ ဘာကြောင့် ရှိတာလဲ ဆိုတာတွေကို
အလိုအလျောက် ကောက်ခါငင်ကာ ဖြစ်ပေါ်လာမှု (spontaneous creation) ကသာအကြောင်းခံပဲ” ဟု ရေးသားခဲ့သည်။

သူ့ရဲ့ ဖန်ဆင်းရှင် ငြင်းဆန်မှုအပေါ် ဂေါ့ဒ် ခရေဇီများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ ယခု မြန်မာ မိရိုးဖလာ ဗုဒ္ဓဝါဒီများကလည်း နောင်ဘ၀ မရှိဘူးပြောတဲ့အတွက် ဟော့ကင်းကို ဥစ္ဆေဒ ဒိဋ္ဌိကြီးဟု သတ်မှတ်လာကြသည်။

ဇာတ်လိုက်ကျော် စီနီယာအလ္လာဟ်ကြီးကမူ ဟော့ကင်း၏ အယူအဆသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့် နီးစပ်မှုရှိနေကြောင်း ဗုဒ္ဓသည် နောင်ဘဝရှိသည်ဟု မဟောခဲ့ကြောင်း ၊ ဟော့ကင်းပြောသည့် spontaneous creation သည် အကျိုးအကြောင်း ဆက်လက်ဖြစ်ပေါ်မှုဖြစ်စဉ်ပင်ဖြစ်ကြောင်း ၊ ၄င်းသဘောကို အသုံးချသင်္ချာဘာသာ(Applied Mathematics) ဖြစ်သည့် ခေးအော့စ်သီအိုရီ (Chaos Theory) က လက်ခံထားပြီးဖြစ်သလို ၊ ၄င်းသီအိုရီတင်ပြနိုင်ခြင်းအပေါ် နိုဗယ်လ်ဆုပင် ချီးမြှင့်ထားပြီးဖြစ်ကြောင်း မှတ်ချက်ပေးသည် ။

Reference:
- http://www.dailygalaxy.com/my_weblog/2010/09/the-universe-exists-because-of-spontaneous-creation-stephen-hawking.html
- http://atheism-analyzed.blogspot.com/2010/09/stephen-hawking-and-spontaneous.html
- http://blog.seattlepi.com/thebigblog/2011/05/16/why-stephen-hawking-thinks-heaven-is-a-fairy-story/
- http://en.wikipedia.org/wiki/Stephen_Hawking
- http://en.wikipedia.org/wiki/Chaos_theory
- http://www.imho.com/grae/chaos/chaos.html
- http://www.cbsnews.com/stories/2009/10/05/tech/main5365418.shtml

1 comment:

  1. ဘလော့ ပိုင်ရှင် မူဆလင် ဝါဒတိုက်ဖျက်ရေးအသင်းတော်
    အဖွဲ့ ဝင်အားလုံးခင်ဗျာ့ ...ဒီဘလော့ ၁ခုကိုပေးပို့ လိုက်ပါတယ်။ဒီဘလောက်ပိုင်ရှင်ဟာ..Buddhism တွေကို တကယ့်  ရည်ရွယ်ချက်ရှိရှိ နှင့် msg တွေလိုက်ပို့ နေတာ တွေ့  ရပါတယ်။ဒီပြသနာကိုငြိမ်းချမ်းသောနည်းဖြင့် ဘယ်လိုပြန်ပီး ဆွေးနွေးညှိနှိင်းပီးဖြေရှင်းလျှင် အကောင်းဆုံးဖြစ်မယ်ထင်ပါသလဲခင်ဗျာ့ ။သူ့ ရဲ့ ဘလော့ msg link ကတော့  http://messengerforbuddhist.blogspot.com/
    ဘဲဖြစ်ပါတယ်။ဒီရေးသားချက်တွေဟာတော်တော်လေးကိုကျနော်တို့ Buddha ဘာသာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သွားတာတွေ့ ရပါတယ်။နိုင်ငံရေးနဲ့ လဲရောမွှေထားတာ
    တွေလဲပါ ပါတယ်။ ဒီအသင်းတော်အနေနဲ့ ငြိမ်းချမ်းတဲ့  အသုံးနှုန်းနဲ့ ဘဲ သူတို့ တွေသဘောပေါက်လာအောင် တန်ပြန် ဘလော့ ၁ခုဖွင့် ပီး တုံ့ ပြန်ပေးစေလို ပါတယ်။ အထူးသဖြင့် သူတို့ ရဲ့ ဘာသာကိုလဲမထိခိုက်စေသော စကားလုံးများကိုသာ သုံးပီးဘလော့ ၁ခုဖွင့်ပီး ပြန်လည်တုံ့ ပြန်ပေးစေလို ပါတယ်။ ကျနော်တို့ ဗုဒ္ဒဘာသာတွေအနေဖြင့် ဒီ ဘလော့  ရဲ့ အရေးအသားတွေဟာဘယ်လို ကိုမှလက်မ ခံနိုင်တဲ့  အသုံးနှုးန် တွေပါဝင်နေတဲ့ အတွက်ကြောင့်  ဒီအသင်းတော်မှတဆင့် အကူအညီတောင်းခံလိုက်ရပါတယ်ခင်ဗျာ့ ။ကျေးဇူး..အထူးတင်လျှက်......(မှတ်ချက်။ ။ မည် သည့် ဘာသာတရားကိုမှထိခိုက်နစ်နာစေလိုသောရည်ရွယ်ချက်မရှိဘဲ ငြိမ်းချမ်းသောလမ်းစဉ်ကိုသာမြတ်နိုးပါကြောင်း..)

    ReplyDelete

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-