နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Thursday, March 5, 2009

ကိုရမ်ကျမ်းဖြစ်စဉ် (အတည်ပြုချက်-၁)

ကိုရမ် ကျမ်းသည် အလ္လာအရှင်မြတ်က တမန်တော် မိုဟာမက် ကို ပို့ချသော ကျမ်းစာအုပ်ဖြစ်၍ ကမ္ဘာပေါ်ရှိ (၂၂၅) သန်းမျှ အရေအတွက် ရှိသော မွတ်စလင်တို့ အတွက် တစ်ခုတည်းသော၊အထွတ်အမြတ်ထားရာ ကျမ်း ဖြစ်သည်။ ကိုရမ်ကျမ်းမှာ အာရဗီ ဘာသာဖြင့် ရေးသားထား၍ ခရစ်ယာန် ဓမ္မသစ်ကျမ်းခန့် ရှည်လျားသည်။ အခန်းပေါင်း (၁၁၄) ခန်း ရှိပြီးလျင် နိုင်ငံသမိုင်း ၊ အနာဂတ်ဟောပြောချက် ၊ ကိုယ်ကျင့်တရားနှင့် ဥပဒေများ ပါဝင်သည်။ ပါဝင်သည့် သမိုင်း အတ္ထုပတ္တိ တို့သည်ကား ဓမ္မဟောင်းကျမ်းမှ အတ္ထုပတ္တိများပင် ဖြစ်၍ သဘောတရားနှင့် ဥပဒေများသည်လည်း ခရစ်ယာန် အယူဝါဒ ၊ ရဟူဒီ အယူဝါဒတို့နှင့် ဆင်တူသည်။ ထိုကျမ်း၌ မိုးဇက် ၊ ယေရှုနှင့် မိုဟာမက်တို့အပြင် အလ္လာရှင်မြတ်၏ အခြား တမန်တော် ကြီးများကိုလည်း ကြည်ညိုလေးစားရမည်ဟု ဖော်ပြထားသည်။


ကိုရမ်ကျမ်း၌ ထာဝရဘုရား တစ်ဦးတည်းသာ ရှိကြောင်း ၊ အလ္လာရှင်မြတ်မှတစ်ပါး အခြား ထာဝရ ဘုရား မရှိဟူသော တရားတော်ကို အဓိက ဖော်ပြထားသည်။ ထို့ပြင် အလ္လာရှင်မြတ် နောက်ဆုံး တရားစီရင်ချိန်တွင် မည်သူမဆို မိမိပြုခဲ့သော ကောင်းမှု မကောင်းမှုတို့အလျောက် အကျိုး အပြစ် ခံစားရလိမ့်မည် ဟူ၍ လေးနက်စွာ ဖော်ပြထားသည်။

မူစလင်တို့၏ ရာဇသတ် ၊ ဓမ္မသတ် ကျမ်းတို့မှာ ကိုရမ်ကျမ်းကို အမှီပြုလျက် ပြဌာန်းထားခြင်း ဖြစ်သည်။ မွတ်စလင် ကျောင်းများ၌လည်း ကိုရမ်ကျမ်းမှာ အဓိက ကျောင်းသုံးစာအုပ် ဖြစ်သည်။ မွတ်စလင်များ ဘုရား ရှိခိုးရာတွင်လည်း ကိုရမ်ကျမ်းကိုပင် အမှီသဟဲ ပြုကြသည်။ ကိုရမ်ကျမ်းအရ မူစလင်များသည် တစ်နေ့လျှင် (၅) ကြိမ်ကျ မက္ကာမြို့ရှိ ကာဗား ကျောင်းတော်ရှိရာ ဘက်သို့ မျက်နှာမူ၍ ဘုရားအာရုံပြုရခြင်း ၊ အလှူဝတ်ကို ပြုရခြင်း ၊ ပစ္စည်း ဥစ္စာ တတ်နိုင်ပါက မိမိ၏ တစ်သက်တွင် အနည်းဆုံး တစ်ခေါက်မျှ မက္ကာမြို့သို့ ဘုရားဖူး သွားရခြင်း ၊ ရမ္မဇာန် လအတွင်း၌ ဥပုသ်စောင့်ခြင်း တို့ကို ပြုလုပ်ကြရလေသည်။

ကိုရမ်ကျမ်း၏ အစ
ကိုရမ်ကျမ်းမှာ ခရစ်ယာန်ဘာသာတွင် ယေရှုခရစ် ကားစင်တင်ခံရပြီးနောက် နှစ်ကာလအနည်းငယ်ကြာမှ စိန့်ပေါလ်(ရှင်ပေါလု)က ရေးသားသဖြင့် ဓမ္မကျမ်းသစ်ပေါ်ပေါက်လာရသည်မျိုး မဟုတ်ပဲ မိုဟာမက် သက်ရှိထင်ရှားရှိစဉ်ကပင် နှုတ်တိုက်ချပေးသည့် အဆုံးအမတို့ကို ရေးသားထားခြင်းဖြစ်သည်။ တမန်တော် မိုဟာမက် ရှိစဉ်က စာရေးတော်ကြီးများသည် သူ၏ နှုတ်မှ ထွက်သော စကားများကို သားရေဟြးပေါ်၌လည်းကောင်း ၊ သစ်ရွက်ခြောက် ပေါ်၌လည်းကောင်း ၊ သိုး၏ လက်ပြင်ရိုးပေါ်၌လည်းကောင်း အနီးတွင် ရရှိနိုင်သမျှ မည်သည့် ၀တ္ထု ပစ္စည်းပေါ်၌မဆို ရေးမှတ်ထားခဲ့ကြသည်။ မိုဟာမက် မကွယ်လွန်မီကပင် ထိုအပိုင်းအစများကို စုပေါင်းပြီး စာအုပ်တစ်အုပ် ဖြစ်အောင် စုပေါင်း၍ အဆင့်ဆင့် ကူးယူခဲ့ကြသည်။

ကိုးကားချက်
ဦးနု ရေးသားသည့် မြန်မာ့စွယ်စုံကျမ်း အပိုင်း (၁)

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-