နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Friday, March 6, 2009

သကျယဉ်ကျေးမှု နှင့် ငြိမ်းချမ်းရေးဝါဒီများ၏ မြတ်သောကောင်းမှု

သကျယဉ်ကျေးမှု နှင့် ငြိမ်းချမ်းရေးဝါဒီများ၏ မြတ်သောကောင်းမှု
Senior Allah တင်ပြသည် ။

ကျနော်တို့ အစ္စလာမ်ဘာသာအကြောင်း အနည်းအကျဉ်းလောက်သာ သိကြရစဉ်က တော်တော်လေး အထင်သေးခဲ့မိ ပါတယ် ။ တကယ်လေ့လာကြည့်တော့ ၊ အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ် ဖြစ်ကြောင်း သိလာရပါတယ်။ အော် ငါတို့တော့ အစ္စလာမ်ဆန့်ကျင်ရေးကြွေးကြော်မိတာ မှားနေပြီလို့သိခဲ့ရပါတယ် ။ ငြိမ်းချမ်းရေးဝါဒ ဆိုတော့ ၊ ဟိုအရင် ကျနော်တို့ ဒီကမ္ဘာကြီးမှာ ထွန်းကားခဲ့ဖူးတဲ့ သကျယဉ်ကျေးမှုဆိုတာကို ပြန်လည် သတိရမိပါတယ် ။ သကျယဉ်ကျေးမှုနှင့် အစ္စလာမ်ဘာသာမှာ တူညီတာလေးတွေ ရှာဖွေလျင်တွေ့ရှိနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ် ။ သကျယဉ်ကျေးမှု နှင့် ငြိမ်းချမ်းရေးဆိုတဲ့ အစ္စလာမ်ယဉ်ကျေးမှု ကို လက်လှမ်းမှီသလောက် နှိုင်းယှဉ်လေ့လာ တင်ပြအပ်ပါတယ် ။
*****
သကျယဉ်ကျေးမှုမှာ ကောင်းမှု ၊ မကောင်းမှုသတ်မှတ်ချက်ရှိတယ် ။ ဘယ်ဟာကကောင်းမှုလဲ ၊ ဘယ်ဟာက မကောင်းမှုလဲဆိုတာကို တစ်ဦးတစ်ယောက်က အမိန့်ပေးသတ်မှတ်ထားတာမျိုးမဟုတ်ဘဲ ၊ သာမန်လူအသိရှိတဲ့ သာမန်လူတစ်ယောက်အနေနဲ့ ၊ ကိုယ့်ဟာကိုယ် တွေးတော ဝေဖန်ပိုင်းခြားလို့ သိနိုင်တဲ့သဘောရှိနေတယ် ။ လောကကြီး ငြိမ်းချမ်းသာယာရေးကို ထိပါးနှောင့်ယှက်မှုမရှိလျင် ကောင်းမှု ၊ လောကငြိမ်းချမ်းရေးကို ထိပါးလျင် မကောင်းမှုဆိုတဲ့သဘောပါပဲ ။ လောကကိုစောင့်ရှောက်သောတရားလို့လည်းဆိုကြလေရဲ့ဗျာ ။

သကျတွေရဲ့အပြောအရ ၊ ကောင်းတယ်လို့ သူတို့ ယုံကြည်တဲ့ အလုပ် ၃ ခုရှိတယ်လို့ဆိုပါတယ် ။ အဲတာတွေကတော့-
- ပထမအချက် ။ ပေးကမ်း ထောက်ပံ့ခြင်း ၊ ယိုင်းပင်းကူညီခြင်းကို ကောင်းတဲ့အလုပ်လို့ဆိုတယ် ။ ငွေအား ၊ လူအား ၊ ပစ္စည်းအား အကြံဥာဏ်အားစသည်တို့ဖြင့် ပေးကမ်း ကူညီနိုင်ကြတယ်လို့ဆိုတယ် ။ ခြွင်းချက်အနေဖြင့် အခြား သူတစ်ပါးအား ထိပါးနှောက်ယှက်မှုဖြစ်စေနိုင်တဲ့ ပေးကမ်းထောက်ပံ့ခြင်းကိုတော့ မကောင်းဘူးလို့ဆိုပြန်ပါတယ် ။ ဥပမာအားဖြင့် အဆိပ် ၊ လက်နက် ၊ လက်ထိပ် အစရှိတာတွေ မထောက်ပံ့ကောင်းဘူးတဲ့ ။
- နောက် ၊ ဒုတိယအချက် ။ သူတစ်ပါးရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့အပြုအမူများက ရှောင်ကျဉ်တာကိုလည်း ကောင်းတဲ့အလုပ်လို့ဆိုပြန်ပါတယ် ။ သူတစ်ပါးစိတ်ထိခိုက်စေနိုင်တဲ့အတွေးမျိုးတောင် မတွေးရဘူးတဲ့ဗျ ။ တိုက်ရိုက် မဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် ထိခိုက်စေနိုင်တဲ့ အကြောင်း တရားတွေကိုပါ ရှောင်ကျဉ်ရ မယ်လို့ဆိုတယ် ။
- နောက် ၊ တတိယအချက်ကတော့ လောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရှိပါစေကြောင်း ၊ ကြံစည်ခြင်း ၊ ဆုတောင်းခြင်း ၊ မိမိကိုယ်တိုင်ကလည်း ငြိမ်းချမ်းစွာ နေထိုင်ရေးကိုသာ အာရုံထားရမယ်လို့ဆိုတယ် ။ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အာရုံပြုနည်းတွေကတော့ အမျိုးမျိုးရှိတာကို တွေ့ရတယ် ။ ဥပမာအားဖြင့် ၊ လွန်လေပြီး၍ ပြန်လည်မရရှိနိုင်တော့သော အတိတ်ကိစ္စတွေကို မေ့ထားလိုက်ရခြင်း ၊ မရောက်သေး၍ မသေခြာမရေရာသော အနာဂါတ်ကာလကို တွေးတောမနေခြင်း ၊ လက်ရှိ လျပ်တပြက် မိမိစိတ်အစဉ်မှာ သို့မဟုတ်ကိုယ်မှာ ဖြစ်-ပျက် နေတာကို ဆင်ခြင်မှတ်သားနေခြင်းမျိုးပေါ့ခင်ဗျာ ။

သကျတွေက ၊ အဲဒီလို ကောင်းတယ်လို့သူတို့ယုံကြည်တဲ့ အလုပ် ၃မျိုးထဲက ၊ တစ်ခုခု သို့မဟုတ်အားလုံး ပြုပြီးတိုင်း ၊
ကောင်းပေစွ ၊ ကောင်းပေစွ ၊ ကောင်းပေစွ ဆိုပြီး ၊ ဝမ်းမြောက်ဝမ်းသာစွာ ကြွေးကြော်လေ့ရှိကြတယ် ။ အဲဒါ သကျ ယဉ်ကျေးမှု ။ အာရဗီစကားလိုတော့ ကျနော်မသိပေမယ့် အင်္ဂလိပ်လိုတော့ ဂွတ်(ထ) ၊ ဂွတ်(ထ) ၊ ဂွတ်(ထ)လို့ ဘာသာပြန်လျင်ရလိမ့်မယ်ထင်ပါတယ် ။
ကဲ - ကျနော်တို့ သကျယဉ်ကျေးမှုဆိုတာကို သာမန် လူတစ်ယောက် အတွေးနှင့် တွေးတော သုံးသပ်ကြရအောင် ။ လောကငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ၊ အချက် တစ်ခုတစ်လေမျှ မတွေ့ရဘူးလို့ ဆိုရမှာဖြစ်တယ် ။ ဆိုတော့ အစ္စလာမ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေတာကိုတွေ့ရပါလိမ့်မယ် ။ ကောက်ချက်ဆွဲရလျင် သကျယဉ်ကျေးမှုနှင့် အစ္စလာမ်ယဉ်ကျေးမှုဟာ စကားအလိုအားဖြင့် အဓိပ္ပါယ်ခြင်းတူညီနေတာကိုတွေ့ရသဗျ ။

အဲဒီလို ငြိမ်းချမ်းရေးကို အကျိုးပြုတဲ့ သကျယဉ်ကျေးမှုရဲ့ ကောင်းတဲ့လုပ်ရပ်များကို ၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်ဖြစ် ၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ဖြစ် ၊ ဟိန္ဒူဘာသာဝင်ဖြစ်ဖြစ် ၊ အစ္စလာမ်ဘာသာဝင်ဖြစ်ဖြစ် ၊ ဘာသာမရှိသူဖြစ်ဖြစ် ၊ ဘယ်ဘာသာဖြစ်ဖြစ်ဗျာ ၊ လူလိုသိပြီး ၊ လူလိုတွေးတတ်တဲ့သူတိုင်း သဘောတူနိုင်ကြလိမ့်မယ်ထင်ပါတယ် ။ ကျနော့်သဘောအရတော့ သကျယဉ်ကျေးမှုဟာ လူသားပီသတဲ့ယဉ်ကျေးမှု ၊ အဆင့်မြင့်ယဉ်ကျေးမှုလို့ ဆိုလိုက်ချင်သဗျ ။

ကဲ ၊ ကျနော့်မိတ်ဆွေ ၊ စာရှုသူများ ၊ သကျတို့နှင့်အတူ ၊ ကောင်းပေစွ ၊ ကောင်းပေစွ ၊ ကောင်းပေစွ လို့ ကြွေးကြော်ရဲတဲ့ သတ္တိရှိပါရဲ့လား ။

နောက် ၊ သကျများဟာ ၊ မိမိတို့ပြုခဲ့သမျှသော ကောင်းမှုတို့ကို ၊ မိမိတို့ကဲ့သို့ တစ်ပါးသူတို့လည်း ထပ်ဆင့် ကြားသိကြပြီး ၊ ဝမ်းမြောက်ဝမ်းသာစွာ ရှိကြစေရန်အတွက် ၊ သင့်တော်ရာ မီဒီယာများကတစ်ဆင့် ကြေညာ လေ့ရှိကြသေးသတဲ့ ။ ဒါကတော့ ကြွားတယ်လို့ ဆိုချင်လည်း ဆိုနိုင်သပေါ့ခင်ဗျာ ။ ဥပမာအားဖြင့် မှတ်တမ်း ကမ္ပည်းရေးထိုးခြင်း ၊ စည်တီးခြင်း ၊ ကြေးစည်တီးခြင်း စသောနည်းများဖြင့် ပေါ့ခင်ဗျာ ။ ထပ်ဆင့်ကြားသိရသော သကျများကလည်း ၊ မူလကောင်းမှုပြုသူအား ထောက်ခံသောအားဖြင့် ၊ ချီးမွမ်းသောအားဖြင့် ၊ ဂုဏ်ပြုသောအားဖြင့် ၊ ကောင်းပေစွ ၊ ကောင်းပေစွ ၊ ကောင်းပေစွ လို့ ထောပနာပြုကြလေ့ရှိသတဲ့ဗျ ။

ကျနော့်သဘောအရတော့ ၊ သကျယဉ်ကျေးမှုဟာ ငြိမ်းချမ်းရေး ယဉ်ကျေးမှု ၊ အဆင့်မြင့်ယဉ်ကျေးမှု ၊ ကမ္ဘာမှာ ပြန်လည်ထွန်းကားသင့်သော ယဉ်ကျေးမှုလို့ ထင်သဗျ ။ အာရဗီစကားနှင့်ဆို အစ္စလာမ်ပေါ့ဗျာ ။ ဒီတော့ သည် သကျယဉ်ကျေးမှု ကမ္ဘာကြီးမှာ ထွန်းကားပါစေ ။ သကျယဉ်ကျေးမှု အဓွန့်ရှည်ပါစေလို့ ဆုတောင်းလိုက်ကြရအောင် ။
အော် ၊ ဒါနှင့်ဗျာ ၊ သကျတို့ ကောင်းမှုပြုနေပုံကို လက်လှမ်းမှီသမျှ ကျနော်ရှာထားတာလေးရှိတယ် ။ သည်လိုမျိုးဗျ ။
သကျတို့ကောင်းမှုပြုနေပုံ (ကလစ်)

သကျယဉ်ကျေးမှုနှင့် အစ္စလာမ်ယဉ်ကျေးမှု မတူတာလေးတွေလည်းရှိသဗျ ။ အစ္စလာမ်ဘာသာဝင် မူဆလင်များ ကတော့ ၊ ကောင်းသောအမှု ၊ မြတ်သောအမှုအဖြစ်သတ်မှတ်တဲ့ စံနှုန်းတွေကိုတော့ ၊ အလ္လာဟ်အရှင်မြတ်က ကြိုတင် သတ်မှတ်ထားပြီးသား ။ အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်းလိုက်လုပ်လျင် မြတ်သောလူသားဖြစ်မယ် ။ ဂျန်နာသ်လို့ခေါ်တဲ့ သူခဘုံရောက်လျင် အလ္လာဟ်အရှင်မြတ်နှင့် အနီးဆုံးမှာနေရာရမယ် ။ အလ္လာဟ်အရှင်မြတ် အမိန့်အတိုင်းလိုက်မလုပ်လျင် အပြစ်ဒဏ်ခံရမယ် ။ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်ကိုတော့ ကိုရမ်ကျမ်း(Quran)မှာ ရေးထားတယ်လို့ဆိုပါတယ် ။

ကိုရမ်ကျမ်းတော်မြတ်အရ ၊ အစ္စလာမ်ဘာသာဝင်(မူဆလင်) များကလည်း မကြာမကြာကောင်းမှုပြုကြပါသတဲ့ ။ အလ္လာဟ်အရှင်မြတ်အမိန့်တော်အရ ၊ ကိုရမ်ကျမ်းမြတ်လာ ပြဋ္ဌာန်းချက်နှင့်အညီ ၊ အစ္စလာမ်ဘာသာဝင်များ ကောင်းမှု ပြုနေကြပုံကို စာရှုသူများ ဝမ်းသာကြည်နူးလိုက ဝမ်းသာနိုင်ကြစေရန် ၊ ကောင်းပေစွ ၊ ကောင်းပေစွ ၊ ကောင်းပေစွဟု ချီးမွမ်းထောပနာပြုလိုက ပြုနိုင်ကြစေရန် ၊ အစ္စလာမ်တို့၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို လေ့လာတင်ပြလိုက်ပါတယ် ။
ငြိမ်းချမ်းရေးဝါဒီအချင်းချင်းဖြစ်သမို့ ၊ သကျယဉ်ကျေးမှုနှင့် အစ္စလာမ်ယဉ်ကျေးမှုတို့ ဆန့်ကျင်ဖက်ဖြစ်လိမ့်မယ်လို့ မထင်ကြစေလိုပါ ။
အစ္စလာမ်တို့ပြုတဲ့အလှူ ဟောဒီမှာ (ကလစ်)

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-