နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, February 9, 2009

မဟာဗျူဟာမြောက် အမျိုးဘာသာ သာသနာ ထိန်းသိမ်းရေးစီမံချက်

ရေးသားသူ — (My Thought ဘလော့က အရှင်ကုမာရ )

ရိုဟင်ဂျာ ကို တိုင်းရင်းသားအဖြစ် နိုင်ငံရေးသမားအချို့ကပုံဖေါ်ရေးသားလာကြပါတယ်။ထားလိုက်ပါ .ဒါက နိုင်ငံရေးကိစ္စ…..ဒီနေရာမှာ ဘာသာရေး ကို ဇောင်းပေးဆွေးနွေးလိုပါတယ်။ ဘယ်လူမျိုး.ဘယ်ဘာသာဖြစ်ပါစေ.. မြန်မာ နိုင်ငံမှာအခြေချ နေထိုင်ခွင့်ရှိပါတယ်။ နိုင်ငံသား ခံယူခွင့်လည်း ရှိပါတယ်။ သို့သော်လည်း..တစ်ခုတော့ ဖြစ်စေချင်ပါတယ်။ အဲဒါက ယနေ့ မလေးရှားလုပ်ထားတဲ့ ဥပဒေမျိုးပါ။

၁- ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌါန်းသတ်မှတ်မယ်. (မြန်မာနိုင်ငံမှလွဲပြီးကျန်ထေရ၀ါဒနိုင်ငံများ အတည်ပြုပြဋ္ဌါန်းပြီးဖြစ်သည်)။ကြိုက်သူများလည်း ရှိမှာ ဖြစ်သလို မကြိုက်သူများလည်း ရှိပါလိမ့်မယ်။ ကိစ္စမရှိပါ…ဆန္ဒခံယူပွဲလုပ်။ ၅၀.၀၁% နှင့်အထက်ရ ရင် အနိုင် အဖြစ်သတ်မှတ်မယ်။ (မကြိုက်တဲ့သူ ကန့်ကွက်ကြပါစေပေါ့) များရာနိုင် အဖြစ် သတ်မှတ်မယ်..ကျေနပ်မလား…ဒီမိုကရေစီနည်းနော်..အဲဒါ.။

၂- အများဆန္ဒ အရ နိုင်ငံတော်ဘာသာ ဖြစ်ပီဆိုရင်..အမျိုးဘာသာ ကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ တစ်ခု ပြဋ္ဌါန်း မယ်..(ယနေ့မလေးရှားမှာလုပ်ထားသလိုမျိုးပေါ့)။ အဲဒီဥပဒေ အရ မြန်မာ ဗုဒ္ဓဘာသာ ဟာ ဘယ်သူနဲ့ပဲ ယူယူ မွေးလာတဲ့ကလေးမှန်သမျှ ဗုဒ္ဓဘာသာ ပဲဖြစ်စေ ရမယ်။ (မလေးမှာ လုပ်ထားနိုင်သေးရင် တို့နိုင်ငံမှာလည်း မလုပ်နိုင်စရာ အကြောင်းမရှိဘူး)။

၃- ဒီရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် လက်ခံမယ်ဗျာ။ (တိုင်းရင်းသားလူမျိုးဟုတ်မဟုတ် ဆိုတာက နိုင်ငံရေးသမားတွေဆွေးနွေးဆုံးဖြတ်ကြ) လောလောဆယ်.တရားဝင်မှတ်ပုံတင်ပါထုတ်ပေးမယ်..။ အဲ..ကိုးကွယ်ရာဘာသာနေရာမှာ ဗုဒ္ဓဘာသာ လို့ ထည့်မယ်။ ပြန်ပြောင်းလဲခွင့်မရှိစေရ။(မလေးရှားက မူဆလင်တွေ ဘာသာပြောင်းလို့ မရသလိုပေါ့ )။

၎- In God We Trust လို့ ဒေါ်လာငွေစက္ကူပေါ် ရိုက်နှိပ်ထုတ်ဝေတဲ့ ဒီမိုကရေစီ အမေရိကန်ရဲ့ လုပ်ရပ်ကို လေးစားအားကျသောအားဖြင့်...”နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ” လို့ နောင် ထုတ်ဝေမဲ့ မြန်မာငွေစက္ကူ အသစ်ပေါ် ရိုက်နှိပ် ထုတ်ဝေမယ်. (ဒီနေရာမှာ..အမေရိကန် လုပ်သလို လိုက်လုပ်ခြင်းဖြင့် ဒီမိုကရေ စီရဲ့ အနှစ်သာရ ကို ပိုမိုပီပြင်စွာဖေါ်ဆောင်နိုင်မယ် လို့ယုံကြည်ပါတယ်)

၅- လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဓိက ပါဝင်လှုပ်ရှားနေတဲ့ Red Cross .ကြက်ခြေနီ နေရာမှာ.. Red Bodhi Leaf အဖြစ် အစားထိုးအသုံးပြုမယ်။ (Cross ဆိုတာ Christian Religious Symbol ပါ။ အဲဒါကို မူဆလင် အာရပ်နိုင်ငံများက Cross နေရာမှာ Crescent အဖြစ်အစားထိုး ခွင့်ရသေးတယ်ဆိုရင်… ဗုဒ္ဓဘာသာ တို့နိုင်ငံမှာ.လည်း Bodhi Leaf အဖြစ်အစားထိုးခွင့် ရှိရမယ်)။ဒါလောက်ပါဘဲ။တို့ပြည်ရွာ တို့သာသနာ အတွက် သားစဉ်မြေးဆက် အမျိုးမပျောက်ပျက်ရလေအောင် ပညာသားပါပါ အလုပ်လုပ်စွမ်းနိုင်မဲ့ ဥာဏ်အမျှော်အမြင်ရှိ ပထမတန်းစား ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာကြပါစေသတည်း။

Ashin KumaraSj- Malaysiaashinkumara@gmail.comThis is my personal opinion piece. All logical responds are welcomed.

မှတ်ချက် ။ http://burmainfokorea.blogspot.com/ မှကူးယူဖော်ပြပါသည် ။

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-