နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, February 9, 2009

သုံညဘဝ သာသနာ

ရေးသူ- ဂါမဏိ
(ကောက်နှုတ်ချက်ဖြစ်ပါသည်။)

၁၉၇၅ ခု ဧပြီလတွင် ခမာနီတို့က ကမ္ဘောဒီးယားခေါ် ကမ်ပူချားနိုင်ငံကို သိမ်းပိုက်လိုက်သည်။ “သုညသက္ကရာဇ်” ဟု ခမာနီတို့က ကင်ပွန်းတပ်ခဲ့သည့် ထိုအချိန်မှစ၍ နိုင်ငံ့လူဦးရေ၏ (၉ဝ) ရာခိုင်နှုန်း ကိုးကွယ်သော ထေရဝါဒ ဗုဒ္ဓသာသနာကို ပိတ်ပင်ခဲ့သည်။ သံဃာများကို အဓမ္မလူဝတ် လဲပစ်ခဲ့သည်။ လူဝတ်လဲရန်ငြင်းသည့် သံဃာများကို သတ်ပစ်ခဲ့သည်။ သံဃာအချို့သာ ထိုင်း
နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။

ထိုစဉ်က မြန်မာနိုင်ငံသို့ပင် ကမ္ဘောဒီးယား ဆရာတော်ကြီးတပါး ထွက်ပြေးရောက်ရှိလာခဲ့သည်။ အသတ်မခံရသည့် သံဃာအချို့က လူဝတ်ဖြင့် လူများအကြား ရောနှောနေထိုင်ပြီး ဘာသာရေး ဓလေ့ထုံးတမ်းများကို လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။ လျှို့ဝှက်စွာတရား အားထုတ်ခဲ့ကြသည်။

ခမာနီများထံ သတင်းပေါက်ကြားသွား၍ အသတ်ခံရသည့် လူဝတ်လဲသံဃာများလည်း မနည်းလှ။ ဘုရားရှိခိုးနေသည်ကို ခမာနီတို့ တွေ့သွားသဖြင့်လည်းကောင်း၊ ထောက်လှမ်းရေးသတင်းပေး
များက ခမာနီတို့ထံ သတင်းပေးသဖြင့်လည်းကောင်း အသတ်ခံရသည့် သာမန်အရပ်သား ပြည်သူ များမှာလည်း အများအပြားဖြစ်သည်။

အရေအတွက် (၂,၈ဝဝ) ရှိသော ဘုရားကျောင်းကန်များ အားလုံးကို ဖျက်ဆီးပစ်၊ သို့မဟုတ် ရိက္ခာစတိုများ၊ ဂိုဒေါင်များ၊ နွားခြံ ဝက်ခြံများ၊ စည်းဝေးခန်းမများ၊ အချုပ်ခန်းများအဖြစ် ပြောင်း
လဲပစ်ခဲ့သည်။ ဆင်းတုတော်များကို ရိုက်ချိုးပြီး မြစ်ချောင်း အင်းအိုင်များထဲ ပစ်ချခဲ့သည်။
သို့မဟုတ် ထင်းအဖြစ် မီးဆိုက်ခဲ့သည်။ ဌာပနာများ၊ လှူဒါန်းထားသည့် ရွှေငွေရတနာများ
ကိုလည်း ခမာနီတို့က နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခဲ့ သည်။

ခမာနီတို့ အာဏာမရမီက ကမ္ဘောဒီးယားတွင် သံဃာဦးရေ (၈ဝ,ဝဝဝ) ခန့် ရှိခဲ့သည်။ ၁၉၇၅-၇၉ ကာလတွင် သံဃာများ လုံးဝပျောက်ကွယ်သွားခဲ့ရာ ထိုင်း၊ အမေရိကန် စသည့် နိုင်ငံခြား တိုင်း ပြည်များတွင် ခိုလှုံနေသော သံဃာ (၂,ဝဝဝ) ခန့်သာ ကျန်ရှိတော့သည်။ ဤကာလအတွင်း သေဆုံးသည့် ခမာပြည်သူများအတွက် သရဏဂုံတင်ပေးမည့်ရဟန်း မရှိတော့။ သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီးများလည်း ဤကာလအတွင်း ပျံလွန်တော်မူခဲ့ရာ ပြန်လည်အစားထိုး နိုင်ခြင်းမရှိခဲ့။ ကမ္ဘောဒီးယား သံဃာ့ဂိုဏ်းများအနက် သံမယုတ်ဂိုဏ်းမှာ ထိုင်းဘုရင်နှင့် ဆက် စပ်မှုရှိသဖြင့် ခမာနီတို့က ပို၍ပြင်းထန်စွာ နှိပ်ကွပ်ခြင်းကို ခံရသည်။

၁၉၇၆ ဒီမိုကရက်တစ် ကမ်ပူးချား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၂ဝ) ၌ ဘာသာရေး လွတ်လပ်ခွင့်ရှိသည်ဟု ဆိုထားသည်။ သို့သော် တဆက်တည်းတွင် “ဒီမိုကရက်တစ်ကမ်ပူး
ချားနှင့် ကမ်ပူးချားပြည်သူများကို အကျိုးမဖြစ်စေသော ဖောက်ပြန်သည့်ဘာသာရေးအားလုံးကို တင်းကြပ်စွာတားမြစ်သည်” ဟု ကြေညာထားသည်။

ခမာနီအစိုးရက ဗုဒ္ဓရဟန်းများကို ကပ်ပါးများအဖြစ် သဘောထားပြီး အဓမ္မလူဝတ်လဲပစ်ကာ “ပြန်လည်ပညာပေးစခန်းများ” သို့ပို့၍ လုပ်အားပေး တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းပစ်ခဲ့သည်။ ဆည် မြောင်းများတူးဖော်ခြင်း၊ လယ်ယာများ ထွန်ယက်ခြင်း လုပ်ခိုင်းသည်။ သံဃာ (၅ဝ,ဝဝဝ) ခန့် အသတ်ခံရ သို့မဟုတ် ပင်ပန်းဆင်းရဲမှုဒဏ် ငတ်မွတ်ခြင်းဒဏ် ရောဂါဘယဒဏ်တို့ဖြင့် အသက် ဆုံးခဲ့သည်။ တချိန်က ရဟန်းဝတ်ခဲ့ဖူးသည့် ခမာနီခေါင်းဆောင် ပိုးလ်ပေါ့က သံဃာများသည် အသုံးမကျသည့် ခွေးလေခွေးလွင့်များဖြစ်သည်။ ခေတ်ဟောင်း ပဒေသရာဇ်အာဏာ၏ အစိတ် အပိုင်းများဖြစ်သည်ဟု ဆဲရေးရှုတ်ချခဲ့သည်။

ခမာနီတို့က ကမ္ဘောဒီးယားမွတ်ဆလင် ချမ်တိုင်းရင်းသားလူမျိုးစုများကို သေနတ်နှင့်ချိန်၍ ဇွတ် အတင်း ဝက်သားစားခိုင်းသကဲ့သို့ အဓမ္မ လူဝတ်လဲပေးထားသည့် သံဃာများကိုလည်း ခမာနီ တပ်များအတွက် ကြက်သတ် ဝက်သတ်ခိုင်းခြင်းသာမက 'သူလျှိုများ' 'ဖောက်ပြန်ရေးသမား
များ' ဟု ၎င်းတို့ စွပ်စွဲထားသူများကိုပါ ကွပ်မျက် သတ်ဖြတ်ခိုင်းသည်။ ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလများ၊ ဝိနည်းဓိုရ်များကို စနစ်တကျ ဖောက်ဖျက်ခိုင်းသည်။

ထိုင်းနိုင်ငံ၌ တောရဆောက်တည် တရားကျင့်နေသော မဟာဂေါသနန္ဒ မထေရ်ကြီးသည် ထိုင်း နယ်စပ်သို့ စတင်ရောက်ရှိလာသော ကမ္ဘောဒီးယားဒုက္ခသည်များထံ ၁၉၇၈ ခုတွင် ကြွချီလာပြီး တရားဓမ္မများ ဟောကြား သာသနာပြုခဲ့သည်။ ဤသည်မှာ ကမ္ဘောဒီးယား လူမျိုးများအနေဖြင့် နှစ်ပေါင်းများစွာအတွင်း ဗုဒ္ဓရဟန်းတပါးကို ပထမဆုံး ဖူးတွေ့ရခြင်းဖြစ်၍ ဒုက္ခသည်အများအပြား
မှာ စိတ်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့ကြသည်။ ဆရာတော် မဟာဂေါသနန္ဒ၏ မိသားစုအားလုံးနှင့်တကွ မိတ်ဆွေများ ဒါယကာများမှာမူ သုညသက္ကရာဇ်များအတွင်း ခမာနီတို့၏သတ်ဖြတ်မှုကို ခံခဲ့ရသည်။

၁၉၇၉ ခုနှစ် ခမာနီတို့ ပြုတ်ကျချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ သံဃာတပါးမှမရှိတော့ဘဲ စေတီ
ပုထိုး ဘုန်းကြီးကျောင်းအများစုမှာ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်း ပျက်စီးပြိုကျနေကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ခမာနီခေါင်းဆောင်များမှာ လက်လွတ်ခွက်ချွတ် အသေဆိုးနှင့် သေခဲ့ကြရသည်။ မသေသေးသူများလည်း မည်သို့မှ ဘဝမကောင်းတော့။ ခမာနီတစုံတယောက်မှ ဘုရားရိုက်ခြင်းမှ ပြေးမလွတ်နိုင်ခဲ့။ သို့သော် ထေရဝါဒ ဗုဒ္ဓသာသနာမှာမူ ယနေ့ကမ္ဘောဒီးယားတွင် ပြန်လည်ပွင့်လန်းလျက် ရှိနေလေပြီ။ အလားတူပင် သက်တမ်းနှစ်ပေါင်း ၂,၅ဝဝ ကျော်ခဲ့ပြီဖြစ်
သည့် ဗုဒ္ဓသာသနာတော်ကို သက်တမ်းနှစ်ပေါင်း ၃-၄ဝ သာရှိသေးသည့် မြန်မာစစ်အာဏာရှင်
ဝါဒက ယှဉ်နိုင်မည်လော။

သို့သော်ငြားလည်း သံဃာတော်တို့အလုပ်မှာ မေတ္တာပို့ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟော ကြားပြသခြင်း၊ အားထုတ်ခြင်းသာဖြစ်သည်။ ဆွမ်းခံကြွလာသော ဘုန်းကြီးကို လိုက်ခတ်သည့် ကျွဲအား ခဲနှင့်ပေါက် ဒုတ်နှင့်ရိုက်၍ လက်ထိလက်ရောက် နှိမ်နင်းဖို့ရန်မှာ လူဝတ်ကြောင် ကပ္ပိ
ယများ၊ ဒါယကာများ၏ အလုပ်သာဖြစ်သည်ဟု ပီနန်ဆရာတော်ကြီးက ဆက်လက်ဟောကြား အလင်းပြပေးခဲ့သည်။ သို့ဖြစ်၍ ကျွဲဆိုးကို မည်သည့်နည်းလမ်းဖြင့် နှိမ်နင်းရမည်မှာ သာမန်
စဉ်းစား ဆင်ခြင်ဥာဏ်ရှိသူတို့အဖို့ ခက်ခဲစွာ စဉ်းစားရမည့်အရာ မဟုတ်။

အကောင်အထည် မမြင်ရသော နိဗ္ဗာန်ကိုပင် အစွမ်းကုန် စွန့်လွှတ်ကျင့်ကြံပါက မလွဲမသွေ ရရှိ
မည်ဟု လုံးဝယုံကြည်ကြသူများအတွက် ဒီမိုကရေစီမှာ နိဗ္ဗာန်လောက် မခက်၊ နိဗ္ဗာန်လောက်
မဝေးဟု သံဃာ့ဥသျှောင်အတွင်းရေးမှူး ဆရာတော်ဦးဥတ္တရက မဲဆောက်မြို့ သြဝါဒချီးမြှင့်ပွဲ၌ မြွက်ကြားခဲ့လေသည်။ ။

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-