နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Tuesday, June 11, 2013

ရုရှားနိုင်ငံတွင် မူဆလင်သုံးရာခန့်အား ၀တ်ပြုနေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်း

တရားဥပဒေချိုးဖောက်သည့်မူဆလင်များအား ပြင်းထန်စွာအရေးယူနေသည့် ရုရှားနိုင်ငံ၏စီမံချက်အရ မော်စကိုရဲတပ်ဖွဲ့ က ရုရှားနိုင်ငံမြို့တော် မော်စကိုတွင် ၀တ်ပြုခန်းအတွင်း ၀တ်ပြုနေစဉ်အတွင်း ၀ိုင်းရံပိတ်ဆို့၍ ၀တ်ပြုသူ အယောက်၃၀၀ ကျော်ခန့်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ကော့ကေးဆပ်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ အထူးတင်းကြပ်သည့် ထိန်းချုပ်ဆောင်ရွက်မှုများပြုလုပ်သွားမည်ကို ရုရှားသမ္မတ ဗလက်ဒီမာပူတင်က သူ၏လုံခြုံရေးတပ်ဖွဲ့အရာရှိများနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားသွားသည်ဟု ရိုက်တာသတင်းဌာနမှ ဇွန် ၇ရက်၊ သောကြာနေ့တွင် သတင်းဖော်ပြ ခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုတွေ၊ ရာဇ၀တ်မှုတွေနဲ့ ပုန်ကန်ထကြွမှုတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်နဲ့ ဥပဒေအတိုင်း မူဝါဒ ချမှတ် နှိမ်နှင်းသွားမှာပါဟု ရုရှားသမ္မတက ဖြည့်စွက်ပြောကြားသွားခဲ့သည်။
သောကြာနေ့ ဗလီဝတ်ပြုပွဲအား စီးနင်းတိုက်ခိုက်ရာတွင် ရဲတပ်ဖွဲ့များက နိုင်ငံခြားသား ၁၇၀အပါအ၀င် မူဆလင်စုစုပေါင်း သုံးရာကျော်ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မည်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ကို ဖော်ပြခြင်းမရှိသေးကြောင်းသိရှိ ရသည်။ ရုရှားလုံခြုံရေးဌာန(FSB) အဖွဲ့မှဦးဆောင်သည့် အထူးရဲတပ်ဖွဲ့ဝင်များက ဗလီဝတ်ကျောင်းအတွင်းရှိ အာရေးဗီး ယန်းဘာသာဖြင့်ရေးသားထားသည့် စာရွက်စာတမ်းများအားလည်း စစ်ဆေးဖော်ထုတ်ရန် သိမ်းဆည်းသွားကြောင်း သိရ သည်။
သောကြာနေ့စီးနင်းတိုက်ခိုက်မှုမှာ မော်စကိုမြို့ (သို့) စိန့်ပီတာစဘတ်မြို့တို့အတွင်းရှိ မူဆလင်တို့ဗလီကျောင်းများအား ယခုနှစ်အတွင်း ပစ်မှတ်ထား စီးနင်းမှုများအနက် တတိယအကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရှိရသည်။ ရုရှားနိုင်ငံ အနေဖြင့် လာမည့်နှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ပင်လယ်နက်၏ အပန်းဖြေမြို့တော်ဖြစ်သည့် ဆိုချီမြို့တွင် ကျင်းပ ရန်အတွက် ကြိုတင်စီစဉ်မှုအဖြစ် လုပ်ဆောင်ပုံရကြောင်းလည်းသိရှိရသည်။

ရုရှားပြည်ထောင်စုအတွင်းရှိ တောင်ပိုင်းသမ္မတနိုင်ငံများဖြစ်သည့် ချေချင်ညာ၊ အင်ဂူရှီတီယာ၊ ဒါဂတ်စ်စတန်နှင့်ကော့ကေးဆပ်မြောက်ပိုင်းတို့တွင် မူဆလင်ဦးရေ ၂၃သန်းခန့် အခြေချနေထိုင်နေကြောင်းနှင့် အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံ၏ ဒုတိယ အကြီးဆုံးဘာသာဖြစ်ပြီး ရှေးရိုးစွဲ ခရစ်ယာန်ဘာသာဝင်များကြီးစိုးသည့် လူဦးရေစုစုပေါင်း ၁၄၅သန်း တွင် ၁၅ရာခိုင်နှုန်းခန့်ရှိကြောင်းလည်း သိရသည်။

ရုရှားနိုင်ငံမှာ အင်ဂူရှီတီယာအရှေ့ပိုင်း၊ အိုဆက်တီယာမြောက်ပိုင်းနှင့် ချေချင်ညာတို့ရှိ ခွဲထွက်ရေးသူပုန်များနှင့် နှစ်ကြိမ် တိတိတိုက်ခိုက်ခဲ့ရာမှ ကြွင်းကျန်သည့် ပြည်တွင်းလက်နက်ကိုင် ပုန်ကန်မှုများကို ဆက်လက်တိုက်ခိုက်နှိမ်နင်းနေရဆဲ ဖြစ်သည်။ အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရေးအတွက် တောင်တန်းများပေါ်တွင် အခြေပြုလှုပ်ရှားနေသည့် မူဆလင် စစ်သွေးကြွများက ရုရှားအစိုးရမှ ထောက်ခံအားပေးထားသည့် မူဆလင်ခေါင်းဆောင်ပိုင်းများအား အဓိကပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းဖြစ်သည်။

နှစ်ပေါင်းနှစ်ဆယ်ကြာမျှ နယ်မြေပိုင်စိုးရေးအညင်းပွားမှုများမှ ၁၉၉၂ခုနှစ်တွင် စစ်ပွဲဖြစ်ပေါ်လာခဲ့ပြီး အိုဆက်တီးယား မြောက်ပိုင်းရှိ ခရစ်ယာန်အများစုနှင့် အင်ဂူရှီးတီးယားရှိ မူဆလင်အများစုတို့အကြား ရေရှည်ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပွားလာခဲ့ပေသည်။


Russia Detains 300 Muslims During Prayer

MOSCOW – In a new crackdown on Russian Muslims, Moscow police have detained more than 300 worshippers after rounding them up during prayer at a Muslim prayer room in the Russian capital.
"The situation in the North Caucasus should be kept under particular control," President Vladimir Putin told a meeting of security force officers, Reuters reported on Friday, June 7. "The policy in the fight against corruption, crime and the insurgency has to be carried out harshly and consistently."
In a raid carried on Friday, the forces detained 300 Muslims, including 170 foreigners, without disclosing reasons behind their arrest.
The forces, led by Federal Security Service (FSB), also confiscated Islamic literature to check its content.
Friday's raid is the third targeting Muslim places of worship in Moscow or St Petersburg this year. It comes as Russia prepares for next year’s Winter Olympics in the Black Sea resort of Sochi. The Russian Federation is home to some 23 million Muslims in the north of the Caucasus and southern republics of Chechnya, Ingushetia and Dagestan.
Islam is Russia's second-largest religion representing roughly 15 percent of its 145 million predominantly Orthodox population.
Russia is struggling to extinguish an insurgency that stems from its two devastating wars against separatists in Chechnya, just east of Ingushetia and North Ossetia, and has been fuelled by chronic unemployment, police brutality and poverty.
Militants fighting for an Islamic state in the mountainous region have increasingly targeted Muslim leaders who are backed by the Russian authorities. Two decades after a territorial dispute erupted into a brief war in 1992, there is also lingering tension between mostly Christian North Ossetia and mostly Muslim Ingushetia, but there was no indication the shooting was linked to that conflict.

http://www.onislam.net/english/news/europe/463038-russia-detains-300-muslims-during-prayer.html

Credit to:
https://www.facebook.com/tinsoe.myat.9

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-