နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, December 29, 2012

မူဆလင်များသောင်းကျန်းသည့် ထိုင်းတောင်ပိုင်း စာသင်ကျောင်းများတွင် စစ်တပ်အရာရှိများ စာဝင်သင်ရမည်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၆

ထိုင်းနိုင်ငံတောင်ပိုင်းတွင် မွတ်ဆလင်သူပုန်များက အစိုးရကျောင်းများရှိ ဗုဒ္ဓဘာသာ ဆရာ၊ ဆရာမများ ကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိသောကြောင့် ဆရာ၊ဆရာမအင်အား လိုအပ်လျက်ရှိရာ တပ်မတော်သားများ နှင့် နယ်စပ်ရဲများက စာသင်ကျောင်းများတွင် အလှည့်ကျစာဝင်သင်ရ မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီး ဆူကန်ပို ဆူဝါနာတက် (Defence Minister Air Chief Marshal Sukampol Suwan-nathat) ကပြော ကြားကြောင်း (The Nation) သတင်းတွင်ဖော်ပြထားသည်။

ထိုင်းတောင်ပိုင်းတွင် ဗုဒ္ဓဘာသာ ဆရာ၊ ဆရာမရှားပါးလာခြင်းကြောင့် စစ်တပ်နှင့် ရဲကို စာသင်ခိုင်းရခြင်း မှာ ယာယီသာဖြစ်ကြောင်း ထိုင်းတောင်ပိုင်း နရသီဝပ် (Narathiwat) သို့သွားရောက်ခဲ့သည့် ဝန်ကြီး မာရှယ်ဆူကန်ပို ဆူဝါနာတက် က ပြောကြာားသည်။ ထိုင်းတောင်ပိုင်း ပြည်နယ်သုံးခု ဖြစ်သော နရသီဝပ်၊ ယာလာနှင့်ပတ္တာနီ တို့တွင် အစ္စလာမ်မစ်သူပုန်များက ကုရ်အန်ကျမ်းပါ ဂျီဟတ်စစ်ဆင်ရေးများကြောင့် ၊ ထိုင်းဗုဒ္ဓဘာသာဆရာ၊ ဆရာမများကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုများစဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိရာ ဆရာ၊ ဆရာမအရေ အတွက်လျော့ကျသွားရပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသူများကလည်း ထိုဒေသမှ ပြောင်းခွင့်ရရန် ပညာရေး ဝန်ကြီးဌာနထံတွင် စာတင်ထားကြသည်။

အလှည့်ကျစာသင်ပေးရန် စစ်တပ်၊ ရဲတပ်ဖွဲ့များအား တာဝန်ချခြင်းကို ပြည်နယ်သုံးခုရှိ ဆရာ၊ ဆရာမများ အသင်း (the Federation of Teachers) ကလည်း သဘောတူသည်ဟု ထိုင်းစစ်တပ်အရာရှိကြီး ဆူကန်ပို က အတည်ပြုသည်။

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာ (Army chief General Prayuth Chan-ocha) သည် အထက်ပါကိစ္စ နှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်နှင့် တိုင်ပင်ခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရနှင့် ပညာရေးဝန်ကြီးဌာနက ခွင့်ပြုလျှင် လက်နက်ကိုင်များက သင်ကြားရေး တွင်ဝင်ရောက်ကူညီရန် အဆင်သင့်ရှိ ပါကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ကဆိုသည်။

စစ်တပ်အတွင်းမှ ပညာရေးနှင့် အကျွမ်းတဝင်ရှိသော တပ်ဖွဲ့ဝင်များ ထိုင်းတောင်ပိုင်းတွင် စာသင်သွားရန် အတွက် လျှောက်ထားနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးက သတင်း ထောက်များကို ပြောကြားသည်။

ထိုင်းတောင်ပိုင်းတွင် ဖြစ်နေသော သူပုန်ထကြွမှုများ ရပ်တန့်ရန်အတွက် စစ်တပ်ကို အစိုးရက ဘတ်ငွေ ခုနစ် ဘီလီယံ အသုံးပြုခွင့်ပေးခဲ့သည် ။



ရည်ညွှန်းသတင်းများ-
- Talks on plans for military teachers
- Militants target teachers in Southern Thailand
- http://www.thaivisa.com/forum/topic/607516-talks-on-plans-for-military-teachers-thai-south/

1 comment:

  1. Islam is for Human Being,but Islam need no Human Being.All constructive matters is Done by Allah but all destructive matters are done by Human Being ( eg.LIKE YOU BLOGGER,HOW OUR ENVIRONMENT GOING TOWARD CRITICAL CONDITION)

    ReplyDelete

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-