နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Tuesday, December 18, 2012

မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံဖြစ်ကြောင်း လဝကဝန်ကြီး ဦးခင်ရီပြော


ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှုမဖြစ်မှုကို ဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ဆုံးဖြတ်ခြင်း၊ အချိန်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ခြင်း နှုင့်သွေးပေါ်တွင် မူတည်ဆုံးဖြတ်ခြင်း စသည့်အချက် သုံးချက်ရှိသည့်အနက် မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှုကို သွေးဖြင့်ဆုံးဖြတ်သော နိုင်ငံဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံခြားရေးရာဝန်ကြီးဌာနရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

''ကျွန်တော်တို့နိုင်ငံက သွေး နဲ့ဆုံးဖြတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလို နိုင်ငံမျိုးတွေ က ကမ္ဘာပေါ်မှာ အများ ကြီးရှိပါတယ်'' ဟု ဝန်ကြီးဦးခင်ရီ က ပြောသည်။
နိုင်ငံတစ်နိုင်ငံ အချိန်ကြာမြင့် စွာနေထိုင်ပါက အလိုအလျောက် နိုင်ငံ သားအဖြစ် ဆုံးဖြတ်သောနိုင်ငံ များရှိသော်လည်း မြန်မာနိုင်ငံတွင်မူ အဆိုပါစနစ်ကို မကျင့်သုံးကြောင်း ၄င်းက ဆက်ပြောသည်။
''သွေးပေါ်မူတည်ပြီးတော့ ဆုံးဖြတ်တယ်ဆိုတာက ဒီနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံသားရဲ့သွေး၊ နိုင်ငံသား ဖြစ်နိုင်တဲ့သွေးနဲ့ရောတဲ့ သွေးပါမှလို့ ပြောတာပါ။

ဝန်ကြီးဦးခင်ရီပြော တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ အင်မတန်မှ ကိုက်ညီ တဲ့ အဖြေဖြစ်ပါတယ်''ဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများသည် တိုင်းတစ်ပါး၏ မြေကို ကျူးကျော်နေထိုင်ခြင်းမျိုး မရှိသည့်အတွက် မြေပေါ်တွင် မူ တည်၍ နိုင်ငံသားအဖြစ် ဆုံးဖြတ်မှု ဖြင့် လည်းကောင်း၊ အချိန်ပေါ်တွင် မူတည်၍ လည်းကောင်း နိုင်ငံသား ဖြစ်မှုအတွက် ဆုံးဖြတ်ရန်မဖြစ်နိုင်ဘဲ သွေးဖြင့်သာ ဆုံးဖြတ်သည့် နိုင်ငံ ဖြစ်ကြောင်း ပြောဆိုခဲ့မှုကို ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီးတစ်ယောက် အနေဖြင့် အပြည့် အဝထောက်ခံ ကြောင်းလည်း ၄င်းက ပြောသည်။
''သွေးနဲ့ဆိုတာက ကျွန်တော် တို့က Mixed ဖြစ်နေတာမျိုးပေါ့။ ဘိုး ဘွား အဖေအမေက ဒီမှာနေခဲ့တယ်၊ နှစ်ပေါင်းငါးဆယ်ကျော်ခြောက်ဆယ် နေထိုင်ခဲ့ကြပြီးပြီ၊ မြန်မာပြည်ရဲ့ ကောင်းမွေဆိုးမွေကိုလည်း မျှဝေခံ စားခဲ့ကြပြီးပြီ၊ နိုင်ငံခြားသွားဖို့လည်း ရည်ရွယ်ချက်မရှိတော့ဘူး။ အဲလိုလူ မျိုးတွေကို ဧည့်သည်အမျိုးအစားအ ဖြစ်လက်ခံတာ၊ သူတို့ရဲ့တတိယ Generation ရောက်တော့မှပေးတယ်ဆိုတာ ဟာအင်မတန် Fair ဖြစ်တဲ့ ဥပဒေ ပါ' ဟု ဝန်ကြီးဦးခင်ရီက ဆိုသည်။

နိုင်ငံသားဆိုရာတွင်မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ ပြုလုပ်ထား သောနိုင်ငံသားဟူ၍ နှစ်မျိုးရှိကြောင်း ၁၈၂၃ ခုနှစ်က မြန်မာနိုင်ငံ၏ ပြည် နယ်အချို့ဗြိတိသျှလက်အောက် မကျ ရောက်မီကတည်းကမှီတင်း နေထိုင်ခဲ့ကြသည့် လူမျိုးစုကြီးရှစ်စုနှင့် ၄င်း တို့နှင့် ဆက်နွှယ်သည့် လူမျိုး ၁ဝ၁ ပါးမှာ မွေးရာပါ နိုင်ငံသားများဖြစ် ကြပြီး ဥပဒေအရ ပြုလုပ်ထားသော နိုင်ငံသားများမှာ ဥပဒေကြောင်းအရအဆင့်ဆင့်လျှောက် ထားပြီးမှ ဖြစ်လာ သူများဖြစ်ကြောင်းအဆိုပါ ဥပဒေ အကြောင်းအရ ပြန်လည်လက်ခံသည့် နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများဟု ပြော၍မရဘဲ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ခွင့်အတွက် မှတ်ပုံတင်ထား သူများသာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီ က ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ထုတ်ပေးသော Registeration Card ဟု ခေါ်သည့် သုံးခေါက်ချိုးကတ်များမှာ “ ဤနေရာ တွင် သည်လူရောက်ရှိနေထိုင်သည် ” ဟူသောအချက်ကို စာအုပ်တွင် ရေး သား၍ မှတ်ပုံတင် ထားခြင်းသာဖြစ် ကြောင်း၊ အဆိုပါကတ်တွင်လည်း၊ “ဤကတ်ပြားထုတ်ပေးခြင်းခံရသူသည် ဤနိုင်ငံသားအဖြစ် အလျဉ်းသက် သေခံခြင်းမဖြစ်စေရ” ဟူ၍ ရေးထိုးထား ကြောင်း ဝန်ကြီးဦးခင်ရီက ဆက် လက်ပြောဆိုသည်။
Ref:
Messenger News Journal
http://shwemyanmarmediagroup.blogspot.kr/2012/12/blog-post_2055.html

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-