2012-08-03
မြန်မာနိုင်ငံမှာ မွတ်စလင် ရိုဟင်ဂျာတွေကို ဆက်လက်ပြီး အန္တရာယ် ပြုနေမယ်ဆိုရင် မိမိတို့အနေနဲ့ တိုက်ခိုက်ရေးစစ်ပွဲ ဆင်နွှဲမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ အကျဉ်းထောင်ရှိ အစ္စလာမ်ဝါဒီ အစွန်းရောက် ခေါင်းဆောင် တစ်ဦးက ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။
အလာဟ်အရှင်ရဲ့ အခုလို တောင်းဆိုမှုကို လျစ်လျူရှု မျက်ကွယ်ပြုမယ်ဆိုရင် မိမိတို့ မူဂျာဟီဒင် တပ်သားတွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားကြတဲ့ နိုင်ငံတွေကို မျက်မြင်တွေ့ရှိရမှာ ဖြစ်ကြောင်း၊ ဘာသာရေး အစွန်းရောက် ခေါင်းဆောင် Abu Bashir က မြန်မာ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့တဲ့စာမှာ ရေးသားထားကြောင်း အေအက်ဖ်ပီ သတင်းတစ်ပုဒ်က ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
အသက် ၇၄ နှစ် အစွန်းရောက် ခေါင်းဆောင် Abu Bakar Bashir က ဇူလိုင်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ သမ္မတကြီး ဦးသိန်းစိန်ထံ လိပ်မူရေးသားတဲ့ စာကို voa-slam.com အင်တာနက် စာမျက်နှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
အဲဒီ ဘာသာရေး ခေါင်းဆောင် Abu Bashir ဟာ အင်ဒိုနီးရှားနိုင်ငံက အစွန်းရောက် အစ္စလာမ် ဘာသာဝင်တွေရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ခံထားရသူဖြစ်ပြီး အကြမ်းဖက် လှုပ်ရှားမှုတွေကို ငွေကြေး ထောက်ပံ့မှုနဲ့ အင်ဒိုနီးရှား အကျဉ်းထောင်ထဲမှာ လက်ရှိ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသူ ဖြစ်ပါတယ်။
ဒီစာနဲ့ ပတ်သက်ပြီး ဟုတ်မှန်ကြောင်း အဲဒီ ဘာသာရေး ခေါင်းဆောင် Bashir ငွေကြေး အထောက်အပံ့ ပေးထားတဲ့ JAT အဖွဲ့က အတည်ပြု ပြောတယ်လို့ ဆိုပါတယ်။ JAT အဖွဲ့ဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် အမေရိကန် အစိုးရက သတ်မှတ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
JAT အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Son Hadi ဆိုသူက ဒီစာကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပေးပို့ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုကြောင်း စသဖြင့်လည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
HKT၊ ၊အမေရိကန် တွင် နေထိုင်သည့် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာအူဒင် နှင့် အခြား နှစ်ဦး ကို မြန်မာ အစိုးရ က လိမ်ညာ ၀ါဒဖြန့် မှု ၊ သတင်းမှား ဖြန့်  ချိမှု၊ လူမျိုးရေးအဓိရုဏ်းဖြစ်စေသည့် ပြော ဆိုမှု များ ဖြင့် ၀ါရှင်တန်ဒီစီ ရှိ ရှေ့ နေ အချို့  နှင့် တိုင်ပင် ကာ တရားရုံး တစ်ခု တွင် တရား စွဲ ဆို သွားမည် ဟု FNG မှ သံတမန် သတင်း ရပ်ကွက်ကို ကိုးကား ပြီး စုံ စမ်း သိရှိရသည်။
နေပြည်တော် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည် မဖော် လို သည့် မြောက်အမေရိကရေးရာ ဌာန အကြီးတန်း အရာ ရှိ တစ်ဦး က ” ပြီးခဲ့ တဲ့ လတွေ က ရခိုင် ပြည်နယ် အရေးမှာ ဖြစ်ခဲ့ တာ တွေ ကို သူက မီဒီယာ တွေ ကို လိမ်ညာ ပြီး ပြောတယ် လေ ၊ သတင်းမှား တွေ သာမက ဓာတ်ပုံ တွေ ကို လည်း မရိုးမသား ထုတ် ပြန်တယ် ” ဟု FNGကို ပြောသည်။
ပါမောက္ခ ဒေါက်တာ ၀ါကာ အူဒင်သည် မြောက် အမေရိက တိုက် ရိုဟင်ဂျာ အစည်းအရုံး ခေါင်းဆောင် တစ်ဦး ဖြစ် ပြီး မြန်မာ နိုင်ငံတွင် ခိုးဝင် နေ ထိုင်သည့် ဘင်္ဂလားဒေရှ် ရိုဟင်ဂျာများ အရေး တွင် တက် ကြွစွာ ပါဝင် လှုပ်ရှား သည်။
နေပြည်တော် ကာ ကွယ် ရေး ၀န်ကြီးဌာန အကြီးတန်း အရာ ရှိ တစ်ဦး မှ လာသည့် သတင်းတစ်ရပ် တွင် မူ ဒေါက်တာ ၀ါကာ အူဒင် ကို အကြမ်းဖက် သမား အဖြစ် သော် လည်း ကောင်းအကြမ်းဖက်မှု များ ကို ထောက်ခံ အားပေး သူ အဖြစ် သော် လည်း ကောင်းကြေငြာ သွား ရန်အစီအစဉ် ရှိ သည် ဟု FNG မှ သိရသည်။
စက်တင်ဘာလ တွင် စတင် မည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် ဉ် ရိုဟင်ဂျာ အချို့  သည် ဆန္ဒပြ ရန် စီစဉ် ထား ကြောင်း ၊ ထိုဆန္ဒပြ မှု များ ကို နောက် ကွယ် မှာ ဒေါက်တာ ၀ါကာ အူဒင် က အားပေး အား မြှောက် ပြုထားကြောင်း မေရီလန်း ပြည်နယ် မှ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုး တစ်ဦး ဖြစ်သူ ဆူလေမန် ဖိုင်ဆယ်က FNG ကို ပြောသည်။
Sources:
http://www.rfa.org/burmese/news/muslim-threats-myanmar-08032012111500.html
နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့
အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။
ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။
သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)
မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။
No comments:
Post a Comment
သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-