နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, June 25, 2012

ဘင်္ဂလီများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော် ဂွမြို့တွင် ဖမ်းဆီးမိ ၊ ထိုင်းတောင်ပိုင်း ဘင်္ဂါလီများ ခိုးဝင်လာလျင် ပင်လယ်ထဲ ပြန်ပို့ရန် ထိုင်းအစိုးရက တပ်လှန့်ထား

ဇွန် ၂၆ ၊ မက္ကာမြို့တော်
ဘင်္ဂလီ လူမျိုးများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် ဂွမြို့မှ (၇) မိုင်ခန့်ဝေးသော ဂွကျွန်းတွင် ဖမ်းဆီးမိကြောင်းနှင့် ၊ သူတို့မှာ မည်သို့ မည်ပုံ ဂွကျွန်းသို့ ရောက်ရှိလာသည်ကို အာဏာပိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီးလည်း လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ တာဝန်ရှိ အာဏာပိုင်တွေက အခုလို ဖမ်းမိတယ်ဆိုတာ အခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး။ ဒါကြောင့် လူတွေက စိုးရိမ်နေကြတယ်။ ခုလို အခြေအနေမျိုးမှာ သူတို့ ဘာကြောင့် ဒီကျွန်းကို လာကြသလဲဆိုတာ သိချင်နေကြတယ်။ ဒါကြောင့် ဒီကိစ္စ အမြန်ဆုံး လူသိရှင်ကြား ဖေါ်ထုတ်ပေးဖို့ ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို စာရေး တောင်းဆိုထားပါတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် အနှံ့တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ပြီးနောက် ဂွမြို့နယ်တွင် တစ်စုံတစ်ရာ ပြဿနာများ မပေါ်ပေါက်ရအောင် မြို့ပေါ်နေ ပြည်သူများ၊ အစိုးရ ၀န်ထမ်းများဖြင့် ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို လူပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သို့အတွက် ဒေသခံ ဂွမြို့နယ်တွင် နေထိုင်သူများက ဂွကျွန်းပေါ်တွင် ရောက်ရှိလာသူ ဘင်္ဂလီများ အကြောင်းကို မြို့နယ် လူထု သိရှိအောင် သတင်း ထုတ်ပြန်ပေးရန် ဇွန်လ ၂၄ ရက်နေ့က စာရေး တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“ သူတို့အထဲက ၄ ယောက်ပါ အုပ်စု တစ်စုဟာ ဂွကျွန်းအနီးက ရွှေယချိုင်ကျေးရွာကို ဇွန်လ ၂၂ ရက်နေ့က ၀င်လာတယ်။ ၂၃ ရက်နေ့မှာ ၅ ယောက်ပါ အုပ်စု တစ်စု နောက်ထပ် ၀င်လာတယ်။ အားလုံးကို ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေလည်း အသုတ်လိုက်ခွဲပြီး ၀င်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မြို့နယ် အတွင်းက လူတွေ စိုးရိမ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ဘင်္ဂလီများ ဂွမြို့နယ်တွင် ဖမ်းဆီးမိသည်ဆိုသော သတင်း အပေါ် အတည်ပြုနိုင်ရန် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။
“ သူတို့ လူပေါင်း ၁၃၀ ပါတယ်လို့ ပြောတယ်။ ဒီလ ၂၀ နေ့က ကျွန်းပေါ်ကို ရောက်လာတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ မလေးရှားကို သွားတာ လှေပျက်ပြီး ဂွကျွန်းကို ရောက်လာတယ်လို့ ဒီလိုဘဲ ကြားပါတယ်။ အခုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ လူများတော့ ဂွမြို့ပေါ်ကို မခေါ်လာနိုင်သေးဘဲ အဲဒီ ကျွန်းပေါ်မှာဘဲ ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။
တခြားရဲစခန်းမှူး တစ်ဦးကလည်း အဆိုပါ သတင်းကို သူကြားသိရကြောင်း သို့သော်လည်း တစ်ခြားနေရာ တစ်ခုသို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိနေ၍ အသေးစိတ် မသိရှိရသေးကြောင်း ပြောကြားသည်။
နိရဉ္စရာမှ တယ်လီဖုံးမှ တဆင့် ဂွမြို့နယ် ထွေအုပ်ရုံးကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို သူတို့ မရရှိသေးကြောင်း တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။

မြန်မာပြည် အနောက်ခြမ်းဒေသဘက်မှ ၊ အကြမ်းဖက် ဘင်္ဂါလီ ရိုဟင်ဂျာ များ ထိုင်းနိုင်ငံ အတွင်း သို့ လှေဖြင့် ခိုးဝင်ရန်လာနေကြောင်း သတင်းများအရ ၊ Trangခရိုင် အတွင်း လုံခြုံရေး အရေးပေါ် အခြေအနေ တပ်လှန့်ထား ကြောင်းသိရပါသည်။
ထိုင်းနိုင်ငံအတွင်းသို့ ဘင်္ဂါလီရိုဟင်ဂျာများ လှေဖြင့် အက်ဒမန်ပင်လယ်ကို ဖြတ်ကျော်ပြီး ခိုးဝင်လာမှုများရှိနေသောကြောင့် ပင်လယ်ပြင်နှင့် ကျွန်းစုများတဝိုက်တွင် လုံခြုံရေးများတိုးမြင့်ချထားရပြီး လှုံခြုံရေး မော်တော်ဘုတ်များနှင့် အဆက်မပြတ် ကင်းလှည့်စောင့်ကြပ်နေရကြောင်း Kantangမြို့တွင် Trang ခရိုင်အရာရှိတဦးက ထုတ်ဖေါ်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပွားမှုအပြီး ဘင်္ဂါလီရိုဟင်ဂျာ ၅၀၀ကျော် ထိုင်းနိုင်ငံအတွင်းသို့ လှေများဖြင့်ခိုးဝင်လာမှုများရှိခဲ့ကြောင်း သတင်းများဖြစ်ပေါ်နေသော်လည်း ယခုအချိန်ထိမူ ခိုးဝင်လှေ တစ်စင်းမျှ မတွေ့ရှိရသေးကြောင်း ပြောဆိုခဲ့သည်။
လှေများဖြင့်ခိုးဝင်လာမည့်ရိုဟင်ဂျာများကို ထိုင်းနိုင်ငံအတွင်းဝင်ခွင့်မပေးဘဲ ပင်လယ်ပြင်သို့ပြန်လည်နှင်ထုတ်မည်ဖြစ်ကြောင်း Bernamaသတင်းဝက်ဆိုဒ်တွင်ရေးသားထားသည်။


- နိရဉ္စရာ ။ - http://www.bernama.com.my/bernama/v6/newsindex.php?id=675459

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-