Khing Minn Nyo
သို့ 
မြန်မာဘာသာ အသံလွှင့်ဌာနများ ( BBC- VOA -RFA- DVB )
ဂျာနယ်သတင်းဌာနများ ( ဧရာဝတီသတင်းဌာနနှင့်ဂျာနယ်၊ မိဇျိမ္မသတင်းဌာနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဌာနနှင့်ဂျာနယ် )
ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဌာနများ
လေးစားစွာဖြင့် ။
သက်ဆိုင်ရာမြန်မာနိုင်ငံ အစိုးရ၏ ပေါ်လီစီများကို အတည်ပြုချက် မယူဘဲ မခိုင်လုံသည့် သတင်းများ၊ အင်တာဗျူးများ၊ အာဘော်များကို ထုတ်လွှင့်ခြင်း နှင့် ရေးသားခြင်းများ မပြုလုပ်ကြပါရန်ယနေ့  အောက်တိုဘာလ-၂၄-ရက် - ၂၀၁၁- နေ့ တွင် ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်မှ ညနေ - ၈ နာရီ-၁၅- မိနစ်၌ ထုတ်လွှင့်ခဲ့ သော သတင်းများ၌ သတင်းများကို ကြားကြရပါပြီ ။ ယင်းသတင်းမှာ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို မေးမြန်းရာ၌ ရိုဟင်ဂျာဆိုသော လူမျိုးများ မရှိကြောင်း အတိအလင်း အတည်ပြု ပြောဆိုသွားပါသည်။
ဦးမောင်မောင်သန်းမှာ လူဝင်မှုကြီးကြပ်ရေးမှုး ညွှန်ကြားရေးမှုးချုပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် မည်သည့်တိုင်းရင်းသား လူမျိုးများနှင့် လူမျိုးစုနွယ်များက မည်မျှ ရှိသည်ကို သိရှိထားသော တာဝန်ရှိအစိုးရအဆင့်မြင့် အရာရှိဖြစ်ပါသည်။
သို့ အတူ ဗိုလ်ချုပ်ခင်ရီမှလည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိကြောင်း ကြေညာထားခဲ့ ပြီး ဖြစ်ပါသည် ။ မျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးကလည်း ယင်းသို့  ပြောဆိုခဲ့ ပြီးဖြစ်ပါသည်။ အသက်(၈၅ ) နှစ်အရွယ် ရှိပြီဖြစ်သော ဦးတင်ဦးမှာ ယင်းသို့ ပြောဆိုခဲ့ ၍ ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရပါသေးသည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အစိုးရများမှ ယခုကဲ့ သို့  မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အကြောင်းကို တိတိကျကျ ဖေါ်ပြရှင်းလင်းထားပြီးဖြစ်ခြင်းကိုလည်း မီဒီယာများမှ သိရှိပြီး ဖြစ်ကြပါသည် ။
/BBC၏ လုပ်ကြံမြေပုံ/
သို့ သော် ၈၈-အရေးအခင်းဖြစ်လာပြီးနောက် စစ်အစိုးရ၏ လမ်းဘေးမြောင်းပုပ်မှ အနံ့  ဆိုး နံခြင်းလည်း ဗိုလ်ချုပ်ကြီးတွေ မကောင်းလို့  လူ့ခွင့်အရေးချိုး ဖေါက်ခြင်းခံရခြင်းဆိုပြီး မီဒီယာတွေက လုပ်လာသောအခါ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရပါသည်ဟု ဆိုသောသတင်းများမှာ ခေတ်စားလာပါတော့သည်။ ယင်းသို့ ခေတ်စားလာရာမှာ ယခုလို သမိုင်းလိမ်သော ပြသနာက ထိပ်ဆုံးမှသိမသာနှင့် နေရာဝင်ယူလာခဲ့ ခြင်းဖြစ်ပါသည် ။
မည်သို့ ပင်ဆိုစေကာမူ အသံလွှင့်သတင်းဌာနများနှင့် ဂျာနယ်မီဒီယာများအနေဖြင့် ယခုအချိန်တွင် တင်းထုတ်ပြန်ရေးသား လွှင့်ထုတ်ဖြန့် ချီကြလျှင် အထူးသတိပြုစရာ အချက်တခုကို တိကျကျ ဆောင်၇ွက်ကြရန်လိုပါသည်။ ယခင်က လွှင့်ထုတ်ခဲ့ သော သမိုင်းလိမ်လူမျိုးများ၏ အင်တာဗျူးများ ၊ သတင်းများ၊ အာဘော်များကို ဆက်လက် မလွှင့်ထုတ်ရန်နှင့် ရေးသားခြင်းမပြုကြရန် အသိပေးအပ်ပါသည် ။
/ဘင်္ဂါလီလား မြန်မာတိုင်းရင်းသားလား (အငြင်းပွါးစရာမရှိ)/
ယနေ့  ကြားလိုက်ရသော ဘီဘီစီမြန်မာပိုင်း သတင်းဌာနမှ သတင်းသည် သက်ဆိုင်ရာမြန်မာနိုင်ငံအစိုးရ၏ တာဝန်ရှိအဆင့်မြင့် အရာရှိမှ အစိုးရ၏ ပေါ်လစီသတင်းကို ကြေညာခြင်း ဖြစ်ရာ ယင်းသတင်းကို အတည်ပြုထုတ်လွှင့်ခြင်းပင် ဖြစ်ပါသည် ။
သတင်းဌာနများနှင့် ဂျာနယ်မီဒီယာများသည် ယခုကဲ့ သို့  သတင်းအရင်းအမြစ်များကို အတည်ပြုချက်ရယူပြီးမှ ရေးသားထုတ်လွှင့်ရန် သာ လိုအပ်ပါသည် ။ သို့ ဖြစ်ပါ၍ ခိုင်လုံသော သတင်းအရင်းအမြစ် မရှိသည်များကို အတည်ပြုချက်များ မပြုလုပ်ဘဲ နောက်နောက် ထုတ်လွှင့်ခြင်း ၊ ရေးသားနေကြခြင်းများအား မပြုလုပ်မိကြစေရန် မိမိတို့  ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ ဆောင်၇ွက်ကြပါရန်နှင့် ဘီဘီစီဌာနကဲ့ သို့  အတည်ပြုချက်ရယူပြီးမှ အခြားသော အသံလွှင့်ဌာနများက ထုတ်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်သာနီ
Sources:
- (ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာမရှိ) : http://kiwi6.com/file/4lhheh2gq2?autostart
နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့
အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။
ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။
သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)
မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။
No comments:
Post a Comment
သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-