နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Sunday, October 30, 2011

ဘာကြောင့် ရိုဟင်ဂျာ ကိုမြန်မာတိုင်းရင်း သားအဖြစ် လက်မခံ နိုင်တာလဲ

ကျွန်တော် ဘာကြောင့် ရိုဟင်ဂျာ ကိုမြန်မာတိုင်းရင်း သားအဖြစ် လက်မခံ နိုင်တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်လို့ အခု လိုရေးသားရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Muslim ဘာသာဝင် လူမျိုးပေါင်းစုံ ရှိပါတယ်။ ဗမာတွေကိုယ်တိုင် Muslim နဲ့ အိမ်ထောင်ပြုပြီးတော့ ဘာသာပြောင်းသွားတဲ့လူ လည်းရှိပါတယ်။
ကြုံတုန်း ပြောပါရစေ မလေးရှားနိုင်ငံမှာ အလုပ်လုပ်တုန်းက အတွေ့အကြုံက မလေးရှား နိုင်ငံသား ဘာသာခြား မည်သည့် လူမျိုးမဆို မလေးလူမျိုးနှင့် အိမ်ထောင်ပြုလျှင် Muslim ဘာသာကို ပြောင်း ရပါသည်။ အဲဒါ မလေးရှား နိုင်ငံရဲ့ ဥပဒေ ပါ။
နောက်ပြီးတော့ ကျွန်းပေါ်မှာ နေတဲ့ ဆာဘား၊ ဆာယာဝပ် လူမျိုးတွေ မလေးပြည်မကြီးပေါ် တက်ပြီးတော့ အခြေချမယ် ဆိုရင် Muslim ဘာသာကို ပြောင်းမှ ရှောရှော ရှုရှု နဲ့ မှတ်ပုံတင် ထုတ်ပေးပါတယ်။ ဘာသာရေးနဲ့ ပက်သက်လို့ သင်တန်းများကိုပါ တက်ရောက် စေပါတယ် ။ ကျွန်တော်တို့ တိုင်းပြည်မှာ ဘာသာခြားကို အဲဒီလိုမျိုး နှိပ်ကွပ်တဲ့ဥပဒေ၊ လုပ်ရပ် မရှိပါဘူး။ အစိုးရ ရုံးအသီးသီး နဲ့ ၀န်ထမ်း အဖွဲ့အစည်းတွေ အတွင်းမှာလည်း ဘာသာခြားတွေ အများကြီး ရှိပါတယ်။ ဗိုလ်မှုးချုပ် အေဘယ်(လ်) ဆိုရင်လည်း ဘာသာခြား ပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေး နဲ့သက်ဆိုင်တဲ့ ရာထူး တစ်နေရာကို တိုင်းသိ ပြည်သိ နိုင်ငံတကာသိ ရခဲ့ဖူးပါတယ်။

ယခုအချိန်ထိလည်း တိုင်ပြည်ရဲ့ Think Tank အဖွဲ့အတွင်းမှာ ရှိနေပါသေးတယ်။ ဘာသာခြားတွေကို အစိုးရက နှိပ်ကွပ်ရင်တောင် ကျွန်တော်တို့ မြန်မာပြည်သူတွေက လက်မခံ ကြပါဘူး။
ယခု ရိုဟင်ဂျာ ပြသနာက တိုင်းရင်းသား လူမျိုးစု တစ်ခု အနေနဲ့ သတ်မှတ် ပေးရမယ် လို့တောင်းဆို လာတဲ့အတွက် လုံးဝ (လုံးဝ) မဖြစ်နိုင်တဲ့ အတွက် ကန့်ကွက် ရတာပါ။

BBC ရဲ့လုပ်ရပ် ကို ကြည့်ပါ …. Egypt မှာရှိတဲ့ Christian တွေနဲ့ ပက်သက်လို့ သူတို့ ဒီလိုမျိုး ရေးရဲပါ့မလား … ဒီလိုပါပဲ ရိုဟင်ဂျာကိုတိုင်းရင်းသား အဖြစ် အသိအမှတ် ပြုမယ် ဆိုရင် အခြား Muslim ဘာသာဝင် လူမျိုးခြား တွေကိုလည်း ကျွန်တော်တို့က တိုင်းရင်းသား (Ethnics) အဖြစ် အသိအမှတ် ပြုရတော့မှာလား…

မြန်မာပြည်မှာ Muslim ဘာသာဝင် လူမျိုး ပေါင်းစုံ ရှိပါတယ်။ အဲဒီ လူတွေကရော ရိုဟင်ဂျာ တွေတောင်းဆို သလိုမျိုး တောင်းဆိုလာခဲ့ရင် ဘယ်လို လုပ်ကြမလဲ… သူတို့ မတောင်းဆိုပါဘူးလို့ မည်သူက အာမခံချက် ရဲရဲကြီး ပေးရဲမှာလဲ …
အခု ရိုဟင်ဂျာ ပြသနာ နဲ့ပက်သက်ပြီး Facebook မှာ နာမည်ကြီး တော်တော်များများက လက်ရှောင် နေကြပါတယ်။ အမုန်းခံ ရမှာ ဆိုးလို့ တစ်ခြား Account တွေနဲ့ပဲ ကန့်ကွက် နေကြသလား ဆိုတာကတော့ ကာယကံ ရှင်တွေပဲ သိမှာပါ။ ယခင်က Facebook တွင် တိုင်းပြည်ကို သူတို့လောက်တောင် ဘယ်သူမှ မချစ်ဘူးလို့ ထင်အောင် ရေးတတ် ပြောတတ် တဲ့ Account ပိုင်ရှင်တွေ နှာစေး နေကြပါတယ်။ (တိုက်ခိုက်တာ မဟုတ်ပါ မြင်တဲ့ အတိုင်း ပြောခြင်း ဖြစ်ပါတယ်)။

ဒါကတော့ လူဆိုတာ ကိုယ့်သဘော ကိုယ်ဆောင်တာပဲလို့ ပြောလို့ရပါတယ်။ အများပြောကြတဲ့ လူ့အခွင့်အရေး ဆိုတာပါပဲ။ လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ ရဲ့အခြေခံသဘောတရား စသည်ဖြင့် ကျွန်တော်တို့ ကြီးကြီး ပြောနိုင်သလောက် ကြီးပါတယ်။ လူမျိုးရေး ခွဲခြားတာနှင့် ဘာသာခြားကို နှိပ်ကွပ် တာ မတူပါဘူး။
India မှာဆိုရင် ဇာတ်နိမ့်၊ ဇာတ်မြင့် ယခုထက်တိုင် ရှိနေပါတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ တစ်ခါ Japan မှာဆိုလည်း လူမျိုးရေး ခွဲခြား ခံရတဲ့ Japan နှင့် အခြားသော လူမျိုးများ မှ ပေါက်ဖွားလာတဲ့ အရပ်က Japan တွေဟာ သာမာန် Japan တွေရဲ့ နှိမ့်ချ ဆက်ဆံ ခြင်းကို ခံရပါတယ်။ လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ဗိုလ်ချုပ်တို့ အင်္ဂလန် သွားပြီး အရေးမဆိုခင် India Congress Party ရဲ့ အခြမ်း (၂) ခြမ်းဖြစ်တဲ့ Hindu နဲ့ Muslim နှစ်ခြမ်း စလုံးကို ၀င်ရောက် တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီမှာ နေရူး နဲ့ တွေးပြီးနောက် ယခု Pakistan ဖြစ်နေတဲ့ နေရာမှာ Muslim ခေါင်းဆောင်ကြီးကိုတောင် ၀င်ရောက် တွေ့ဆုံ ခဲ့ပါသေးတယ်။ အဲဒီ အချိန်တုန်းကတည်းက Muslim ခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို သတိပေး ပြောကြားခဲ့တာကတော့ မြန်မာပြည် လွတ်လပ်ရေး ရပြီးရင် ရခိုင်ပြည်နယ်ဘက်က ခွဲထွက်လိုတဲ့ လူမျိုးစုတစ်ချို့ဟာ မြန်မာပြည်ထဲမှာ မနေပဲ Pakistan ထဲမှာ ပူးပေါင်းချင်လို့ လာရောက် အရေးဆို ထားတယ် ဆိုတဲ့ ပြသနာကို သတိပေး ပြောကြား ခဲ့ပါတယ်။ သို့ပေမယ့် အဲဒီလို ဖြစ်ရပ်မျိုး ဘယ်တော့မှ ဖြစ်မလာစေရဘူး လို့ Muslim ခေါင်းဆောင်များဘက်က ဗိုလ်ချုပ်အောင်ဆန်းကို ရဲရဲကြီး အာမခံ ထားခဲ့ပါတယ်။ (အသေးစိတ်ကို သေချာ သိချင်လျှင် သတင်းစာဆရာ ဦးပုကလေး (ငါတို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ) စာအုပ်မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်)။

အဲဒီ ကတည်းက ရခိုင်တိုင်း ဆိုတာကို မြန်မာပြည်ထဲကနေပြီးတော့ ရရင် ရသလို ဖဲ့ ထုတ် ခွဲ ခြမ်း ဖို့ ကြိုးစားနေတဲ့ လူတွေ ရှိတယ် ဆိုတာ အတိအလင်း သမိုင်းက သက်သေ ခံပါတယ်။ ပြသနာက အဲဒီကတည်းက စနေပါပြီ။

ရခိုင် လူမျိုးတွေရဲ့ ရှေ့မှောက်မှာ သူတို့ကို ရခိုင် ကုလား လို့ ပြောရင် အရမ်းကို ဒေါသထွက်ကြပါတယ်။ ရခိုင် က ရခိုင် ..ကုလား က ကုလား ..ဘာမှ မဆိုင်ဘူးလို့ ဒေါသတကြီး တုန့်ပြန် တတ်ကြပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရခိုင် လူမျိုးတွေက အဲဒီ ခွဲထွက် ချင်တဲ့ လူမျိုးတွေရဲ့ ရန် ကို မျိုျးချစ် စိတ်ဓာတ် အပြည့်နဲ့ ရှေးယခင် ကတည်းက ထိမ်းသိမ်း စောင့်ရှောက်လာခဲ့ တယ်ဆိုတာ သိသာထင်ရှား လှပါတယ်။

မလေးရှား မှာ မြန်မာ နိုင်ငံ သံရုံးကို မီးရှို့ ခဲ့တာလည်း ရိုဟင်ဂျာ တွေပဲ ဆိုတာ သိတဲ့ လူတွေ သိမှာပါ။ အခု လိုမျိုး မီဒီယာ ကနေ (ဥပမာ BBC, Facebook) ဆူညံအောင် လုပ်တဲ့ ရိုဟင်ဂျာ တွေကြောင့် ဒီပြသနာဟာ ပိုကြီးမား လာတာပါ။ ရိုဟင်ဂျာ နဲ့ပက်သက်ရင် မြန်မာပြည်သူလူထု ကြီးဟာ လူသားခြင်း စာနာထောက်ထား သောအားဖြင့် သဘောထား ကြီးကြီး မသိကျိုးကျွံ ပြုထားသည် ကို အခွင့်ကောင်းယူပြီး ရိုဟင်ဂျာ ကို မီဒီယာ ကနေ Promote လွန်ကျူးစွာ ပြုလုပ်လာခြင်း အတွက် ကျွန်တော်တို့က ၀ိုင်းဝန်း ဆန့်ကျင် ရခြင်း ဖြစ်ပါတယ်။

ထပ်ပြီး ပြောချင်တာကတော့ ဘာသာရေး နှင့် ပက်သက်ပြီး နှိမ့်ချ ဆက်ဆံ လိုစိတ် လုံးဝ (လုံးဝ) မရှိပါ။ လူမျိုးရေး ခွဲခြား လိုစိတ်လည်း လုံးဝ (လုံးဝ) မရှိပါ။ သို့သော် ယခု လိုမျိုး ရိုဟင်ဂျာ ကို တိုင်းရင်းသား လူမျိုးစုတစ်ခု အဖြစ် သော်လည်းကောင်း၊ အစဉ်အလာ ကြီးမားသော လူမျိုးစုကြီး တစ်ခု အဖြစ်အသိအမှတ် ပြုရန်သော်လည်းကောင်း ရခိုင် ပြည်နယ်ကို ရိုဟင်ဂျာ ပြည်နယ် တစ်ခု အနေဖြင့် ရေးသားနေခြင်းများကို လည်းကောင်း ၊ ရိုဟင်ဂျာ များနှင့် ပူးပေါင်းလျှက် စားသောက် နေကြသော (တစ်နည်းအားဖြင့် ရိုဟင်ဂျာကို လက်ညိုးထိုးလျှက် စီးပွားရှာ နေကြသော၊ ရိုဟင်ဂျာကို အကြောင်းပြလျှက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြသနာများကို တိတ်တခိုး ဖန်တီးနေကြသော လူများ) နိုင်ငံကို လက်ညိုးထိုး ရောင်းစား နေကြသည့် မြန်မာပြည်သူလူထု၏ နောက်ကျောကို ဓားနှင့် ထိုးကြမည့် ကိုယ်ကျိုးရှာ လူယုတ်မာ များ၏ လုပ်ရပ်များ၊ သတင်းများ ကို နားနှင့် မဆံ့ အောင် ကြားသိနေရသဖြင့် လည်းကောင်း ရိုဟင်ဂျာ ပြသနာကို အလေးထား ကန့်ကွက် ရခြင်း ဖြစ်ပါတော့သည်။


by: Sai Zaw
https://www.facebook.com/profile.php?id=1359138765

1 comment:

  1. အစ္စလမ်ဘာသာကို လူတိုင်းယုံကြည်ကိုးကွယ်နိုင်တယ် သို့ သော မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာကို ကိုးကွယ်တဲ့ မွတ်စလင် လူမျိုး မရှိ အစ္စလမ်ကိုကိုးကွယ်တဲ့ ရိုဟင်ဂျာ မရှိ ကုလားက ကုလား ပါ ပြည်နယ်တောင်းဖို့ မလို နိုင်ငံရေးမှာ တန်းသူအခွင်ံအရေးကို ရနိုင်ပါတယ် ဦးရာဇာတ်က အစ္စလမ်ဘာသာကို ကိုးကွယ်ယုံကြည်သူပါ လက်ခံပါတယ် မွတ်စလင်လူမျိုးမဟုတ်ပါဘူး ရိုဟင်ဂျာနဲ့ မွတ်စလင်က china ကို တရုတ်လို့  ယဉ်ကျေးမှု့ပြု့ထားတဲ့ ဧည့် နိုင်ငံသားတွေမှ နိုင်ငံသားမဖြစ်သေးသာနဲ့ ဖြစ်ပြီးသားကိစ္စပါ ဠာနေ တိုင်ရင်းသားတွေလို ပြည်နယ်ပိုင် ပေးလို့ မရဘာဘူး ပေးလိုက်ရင် စောက်ပြဿနာ ကောင်းကောင်းရှာမဲ့ လူမျိုးတွေပါ နိုင်ငံတနိုင်ငံ နိုင်ငံသာဖြစ်ခွင်ရရှိချင်းသည်သာ သင်တို့အတွက် အကောင်းစုံးပါ စောက်ပြဿနာမရှာပါနဲ့ အိမရှင်ကို မစော်ခါးနဲ့ သင်တို့ ပြည်နယ်မရသာ သင်တို့ ဘိုးအေတွေ က မှူလဇာတိကို စောက်ကျင့် ယုတ်ပြီးဖြောက်ထားသာကို ရိုဟင်ဂျာအစက ဘင်္ဂလားလူမျိုး မွတ်စလင်အစက ယုတ်မာမှု့က တရုတ်အစက နယ်ကျွန်ပြီး စစ်ပြေးမှု့

    ReplyDelete

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-