နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Tuesday, January 26, 2010

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးက အလ္လာဟ်ရှင်ကို အရေးယူမည်

ဟာဂျီဝက်စ်လီ တင်ပြသည် ။


နယ်သာလန်နိုင်ငံ (Netherlands) ဟိတ်မြို့ (Hague) တွင် ရုံးစိုက်ထားသည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး(International Criminal Court:ICC) က ရောမဥပဒေ(the Rome Statute)အရ ၊ အလ္လာဟ်ရှင်ကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည် ။ ရောမဥပဒေပြဌာန်းချက်ပါ အောက်ပါပုဒ်မများ အရအရေးယူမည်ဟုဆိုသည်-

- ပုဒ်မ ၆(အေ) ၊ လူမျိုးတုန်းအောင်သတ်ဖြတ်မှု

- ပုဒ်မ ၆(ဘီ) ၊ အပြင်းအထန်ဒဏ်ရာရစေခြင်း သို့မဟုတ် စိတ်နာကြည်းစေခြင်းဖြင့် မျိုးတုန်းသုတ်သင်မှု

- ပုဒ်မ၇(၁)(အိပ်ခ်ျ) ၊ လူသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှု

[Article 6 (a) Genocide by killing, Article 6 (b) Genocide by causing serious bodily or mental harm, Article 7 (1) (h) Crime against humanity of persecution]

ဗွီအိုအေ သတင်းလွှာ(၂၀၁၀ပြည့်နှစ်ဇန်နဝါရီ၁၃) ဟေတီငလျင်သတင်းတွင် သဘောထားမှတ်ချက်များ ရေးသားကြရာမှ အလ္လာဟ်ရှင်ကို အရေးယူနိုင်ရန် ၊ မမျှော်လင့်ဘဲ သဲလွန်စရရှိခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှ အမှုစွဲတင်ရေးအရာရှိ မစ္စတာလူးဝစ်စ်မိုရီနိုအော်ကင်ပို (the Prosecutor, Luis Moreno Ocampo) ကပြောသည် ။ အဆိုပါ သဘောထားမှတ်ချက်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က လှုပ်သွားခဲ့သည့် ပြင်းအားအဆင့် ၇ (7.0 magnitude) ရှိ ဟေတီငလျင် သတင်းတွင် မူဆလင်ဟူယူဆရသူ တစ်ဦးက ငလျင်ကို အလ္လာဟ်ရှင်က ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြလိုက်သည်ဟုဆိုပါသည် ။ မူရင်းဖော်ပြချက်မှာ-

Kawser Mohi-ud-din (Jammu & Kashmir)

Dear all mankind, Pls realize that its all done by ALMIGHTY ALLAH, the Supreme Powerful, Creator and Sustainer.U r alive,who knows tomorrow u will b or not! Just Keep urself update on ISLAAM as a true MUSLIM. It is only ALMIGHTY ALLAH who has power to give and lift hazards like earthquakes etc. etc... No god other than ALMIGHTY ALLAH can do anything,they themselves r the creatures of ALMIGHTY ALLAH..


ထိုသဲလွန်စကို အကြောင်းပြု၍ ၊ အမှုစွဲတင်ရေးအရာရှိ(Luis Moreno Ocampo)သည် မူဆလင် အများအပြားတို့ထံ ချဉ်းကပ်ပြီး ၊ အလ္လာဟ်ရှင် အမှုကျူးလွန်ခဲ့သည့် အကြောင်းကို တိတ်တဆိတ် မေးမြန်းထောက်လှမ်းခဲ့သည်ဟုဆိုပါသည် ။ ယခုအခါ အလ္လာဟ်ရှင်အား အမှုစွဲတင်နိုင်ရန် သက်သေခံချက်လုံလောက်စွာရရှိထားပြီဟုဆိုပါသည် ။ မျက်မြင်သက်သေ အများစုမှာ မူဆလင်များဖြစ်သည်ဟုဆိုပါသည် ။

ဟေတီငလျင်အမှုနှင့်အတူ ၊ နာဂစ်တိုင်ဖွန်းမုန်တိုင်းအမှု ၊ စူနာမီရေ အောက်ငလျင်အမှုများ နှင့် ကမ္ဘာတစ်ဝှမ်းရှိ အသေခံ အကြမ်းဖက် ဗုံးခွဲမှုတို့ကိုပါ တစ်ပေါင်းတည်း စစ်ဆေး အရေးယူသွားမည်ဟု မကြာမှီကမှ အပြည်ပြည်ဆိုင်ရာ တရားရုံးတရား သူကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ဂျပန်နိုင်ငံမှ တရားသူကြီး မစ္စက်စ် ကုနီကို အိုဇာကီ (Ms Kuniko Ozaki) က ထုတ်ဖော်ပြောကြားလိုက်ပါသည် ။

အလ္လာဟ်ရှင်မှာ ၊ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ချစေလိုပါက ၊ တရားရုံးတွင်စစ်မေးသည့်အခါ သက်သေခံကြရမည့် မူဆလင်များအနေဖြင့် ၊ အလ္လာဟ်ရှင်သည် ငလျင်ကို ဖန်တီးသူမဟုတ် ၊ မုန်တိုင်းများကို ဖြစ်စေသူ မဟုတ် ၊ မြေပြိုခြင်းကို ဖန်တီးသူမဟုတ်ဟု သက်သေခံကြဖို့လိုအပ်မှာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အစ္စလမ်အဖွဲ့ချုပ်က ကမ္ဘာပေါ်ရှိ ဗလီများအားလုံးသို့ လျှို့ဝှက်ညွှန်ကြားထားကြောင်း အစ္စလာမ်သတင်းရပ်ကွက်မှ စုံစမ်းသိရသည် ။

မည်သို့ဆိုစေကာမူ အလ္လာဟ်ရှင်သည် ၊ လျှပ်စစ်မီးမပေါ်မှီကာလက ညအချိန် လူသားများ အလင်းရောင် ရရှိစေရန် နိုင်ငံတကာသုံး မီးရှူးတိုင်ကြီး (မီးရှူးတိုင်ကြီးမှန်း မသိကြသည့် မြန်မာများကမူ ဓူဝံကြယ်ဟု ခေါ်ကြောင်းသိရ) ကို ဖန်တီးပေးခဲ့ခြင်း ၊ ကျွန်ုပ်တို့ကမ္ဘာပြားကြီး လေထဲသို့ မြှောက်တက် မသွားရန်နှင့် ဟိုဟိုဒီဒီ ရွှေ့မသွားနိုင်ရန် ကမ္ဘာမြေကြီးကို အလွန်ခိုင်ခန့်သည့် ငုတ်တိုင်ကြီးများ (ငုတ်တိုင်ကြီးမှန်း မသိကြသည့် မြန်မာများကမူ တောင်များဟုခေါ်ကြောင်းသိရ) ဖြင့် ရိုက်နှက် ထားရှိပေး တော်မူခဲ့ခြင်းစသည့် လူသားအကျိုးပြုလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် သက်ညှာစွာ စဉ်းစားဆုံးဖြတ်ဖွယ်ရှိကြောင်း ၊ နေပြည်တော် ပညာရှိတရားသူကြီးမင်းရပ်ကွက်က ဝေဖန် သုံးသပ် ခန့်မှန်း ပြောဆိုနေကြသည်များလည်း ရှိသည်ဟုဆိုပါသည် ။

နိုင်ငံပေါင်း ၁၂၀ တို့က ၁၉၉၈ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ တွင် အမြဲတမ်းအပြည်ပြည်ဆိုင်ရာတရားရုံး(the permanent International Criminal Court) ထူထောင်ရန် အခြေခံဥပဒေ အဖြစ် ၊ ရောမဥပဒေ (the Rome Statute) ကို သဘောတူ ပြဌာန်းခဲ့ကြပြီး ၊ ၄င်းတို့အနက် နိုင်ငံပေါင်း ၆၀ တို့က အတည်ပြုလက်ခံခဲ့သည့် ၂၀၀၂ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ အတည်ဖြစ်ခဲ့ပါသည် ။ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးသည် ၊ လွတ်လပ်သည့် အမြဲတမ်းတရားရုံးဖြစ်ပြီး ၊ လူမျိုးတုန်းသုတ်သင်မှု ၊ လူသားများအပေါ် လူမဆန်စွာ ကျူးလွန်သည့် အမှုများနှင့် ကမ္ဘာစစ်မက်ဖြစ်ပွါးစေမှုတို့ကဲ့သို့သော အပြည်ပြည်ဆိုင်ရာရာဇဝတ်မှု ကျူးလွန်သူများကို အရေးယူ စစ်ဆေးအပြစ်ပေးနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း ၊ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ကျော်တို့က သဘောတူ လက်မှတ် ရေးထိုး ထားကြပြီးပြီဟုဆိုသည် ။

အလ္လာဟ်ရှင်ကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးတွင် ရုံးတင် အမှုဖွင့် အရေးယူစေရန် သဘောမတူသူများရှိပါက အောက်ပါလိပ်စာသို့ဆက်သွယ်ပြီး ကန့်ကွက်နိုင်ကြကြောင်းသိရသည် -

Postal Address:

International Criminal Court

Po Box 19519

2500 CM, The Hague

The Netherlands

By phone: +31-(0)705158787

ထို့ပြင် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ဥက္ကဌ (President of the International Criminal Court) မစ္စတာဆောင်းဆန်ဟွန်း(Sang-Hyun Song) ၏ ပြောကြားချက်အရ သိရသည်မှာ ကျွန်ုပ်တို့ကမ္ဘာကြီးအား ဖန်ဆင်းခြင်းနှင့်ပတ်သက်၍ အလ္လာဟ်ရှင် ၊ ထာဝရဘုရားသခင်နှင့် ဗြဟ္မာမင်းကြီးတို့က သူဖန်ဆင်းသည် ငါဖန်ဆင်းသည်ဟု အငြင်းပွါးလျက်ရှိကြရာ ၄င်းကိစ္စကိုလည်း များမကြာမှီ အပြည်ပြည်ဆိုင်ရာ တရားမနှင့် မူပိုင်ခွင့်တရားရုံးကို တိုးချဲ့ဖွဲ့စည်းပြီး ၊ ကမ္ဘာကြီးအားဖန်ဆင်းရှင်အစစ်မည်သူဖြစ်သည်ဆိုသည်ကို စစ်ဆေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည် ။ သင့်တော်ပါပေစွ ။

ရည်ညွှန်းချက်များ-

- http://www1.voanews.com/english/news/Thousands-Feared-Dead-After-Haitian-Earthquake-81311282.html

- http://www.icc-cpi.int/Menus/ICC?lan=en-GB

1 comment:

  1. ကိုလျှောက်မဲ့ လမ်းကို ကိုမကြည့်ဘဲ သူများကိုငေးလို့ ခလုတ်တိုက်ရတဲ့ အဖြစ်မျိုးတော့ မဖြစ်စေနဲ့ ပေါ့။
    ဘယ်ဘာသာ ဘာမိဘ ဆိုတာကထက် စိတ်ဓါတ်မနိမ့်ကျ ဖို့ ကပိုအရေးကြီး ပါတယ်။ ကျွန်တော်ကတော့ ဘာသာရေးစော်ကားတဲ့ blog တော်တော်များများကို ဖတ်ဖူးပါတယ်။
    တော်တော်အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။
    မကိုးကွယ်ရင်နေ မစော်ကားနဲ့ ဆိုတဲ့စကားပြောရင် ဒီစကားကလေးက အစသိတယ်လို့ ပြောဦးမယ်။ သိဖို့ ထက်ကျင့်သုံးဖို့ ကပိုအရေးကြီးတယ်။ ကျွန်တော်ကတော့ အားမပေးပါဘူး။
    ကျေးဇူးတင်ဖို့ ဆိုရင်တော့ ဝေးသေး။
    အဓိပ္ပါယ်မှမရှိတာ။
    ဘယ်ဘာသာမှမစော်ကားနဲ့ ။
    အဲ့ဒီလမ်းက ငရဲကိုသွားရမဲ့လမ်း။
    နိဗ္ဗာန် နဲ့ တော့မမှားစေချင်ဘူး။

    ReplyDelete

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-