နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, March 2, 2009

ပိုင်းခြားစိတ်ဖြာသုံးသပ်ခြင်း (Critical Thinking)

တင်ပြသူ - မောင်သစ်ဆင်း (RFA)
မှတ်စုတို - Senior Allah
(ကျနော်တို့တတွေ တစ်ခုခုစဉ်းစားဖို့ ရှိလာတဲ့အခါ ၊ ဘာသာရေး အယူအဆနှင့် ပတ်သက်လာလျင် ၊ တစ်ဆုံးတွေးဖို့ မဝံ့တတ်ကြဘူး ။ ခြွင်းချက်နှင့် တွေးတတ်ကြလေ့ ရှိတယ် ။ စနစ်တကျ နှင့် သဘာဝကျကျ စဉ်းစားတတ်ကြရအောင်လို့ ၊ Senior Allah အနေဖြင့် နှစ်ခြိုက်မိတဲ့ သည်ဆောင်းပါးလေးကို ရွေးနှုတ် တင်ပြလိုက်ပါတယ် ။)

“ မြန်မာလူငယ်များ ၊ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ၊ စိတ်ကိုဖွင့်ပြီး စဉ်းစားနိုင်တဲ့ အခြေအနေမျိုးရောက်အောင် မျှော်လင့်နိုင်ရေး ”
- အားလုံးမှာ အလေ့အကျင့်ရှိမယ့်ဟာကို စာသင်ကျောင်းကနေစပြီး ၊ ပြောင်းဖို့လိုမယ် ။
- မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကလည်း ၊ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ် ။
- ကျောင်းသားတွေမှာ ဝေဖန်ဆန်းစစ်ဖို့ အချိန်မရဘူး။
- မြန်မာမိဘတွေက အဲသလိုပြန်မေးတာကို မခံနိုင်ကြပါဘူး။ စိတ်ဆိုး ၀မ်းနည်း ဖြစ်တတ်ကြပါတယ် ။
- ကြီးတဲ့လူရဲ့စကားကို ငယ်တဲ့လူကလိုက်နာစေချင်တာကိုး။
- ကြီးတဲ့သူကပြောရင်လည်း ၊ သူပြောတဲ့ဟာ ခိုင်လုံရဲ့လား ၊ အထောက်အထားပြည့်စုံရဲ့လား ။
- ငယ်တဲ့သူက အကျိုးအကြောင်း အထောက်အထားနဲ့ပြောလာရင် လက်ခံသင့်တယ် ။
- သူဘာကြောင့် ဒီလိုပြောတယ်ဆိုတာကိုပါ နားလည်နိုင်စွမ်းရှိလာ ၊
- ပြဿနာကိုရှာဖွေခြင်းဆိုတာ မိမိရဲ့အကန့်အသတ်ကို သိခြင်းပေါ့ ။
- ဘ၀ဆိုတာ မိမိတစ်ဦးတစ်ယောက်တည်း ပါတာမဟုတ် ။
- သူတို့အစွဲတွေကိုပါ ကိုယ်က ထည့်သွင်းစဉ်းစားလာရတယ် ။
- အဲဒီ အကွာအဟတွေ ထဲကမှ ၊ ကြား ဖြစ်နိုင်ခြေ ၊
- သူလည်းလှုပ်သာ ၊ ကိုယ်လည်း လှုပ်သာ ဆိုတဲ့အခြေအနေကို ဦးတည်သွား ။
- Critical Thinking အားနည်းနေရင် ၊ သူလည်းလှုပ်သာ ကိုယ်လည်းလှုပ်သာဆိုတဲ့ အခြေအနေကို မမြင်ရပြန်ဘူး ။
- သူ့ရဲ့ အစွဲအလန်းကြောင့် ပြောတာလား ၊ သူ့ရဲ့တန်ဖိုးကြောင့် ပြောတာလား ဆိုတာ ကျနော်တို့ ထည့်သွင်း စဉ်းစားရဖို့လို ၊
- ဘယ်သူမဆို ၊ ကိုယ့်အလေ့အထ ၊ ကိုယ့်အယူအဆ ၊ ကိုယ့်တန်ဖိုးထားတာအပေါ်မှာ ရပ်တည်တာပဲ ။ Critical Thinking မှာ အဲဒီအပိုင်းကို ထည့်သွင်းစဉ်းစားတယ် ။
- အဖြူနှင့်မတူတာဘာအရောင်ဆိုရင် ၊ …… တခြားအရောင်တွေ ရှိနေသေးတယ်ဆိုတာ မေ့လျော့နေတတ်တယ် ။
- အမှန်အမှားအပြင် အခြား အခြေအနေတွေကိုပါ သိမြင်ဖို့လိုပါတယ် ။

ရုပ်သံဖိုင် ကြည့်ရှုရန် (ဒီမှာနှိပ်ပါ)
http://www.youtube.com/watch?v=Wf28NZAclI4

ပို့စ်တင်သူ၏မှတ်ချက် ။
- ရေဒီယိုဖရီးအေရှား(RFA)က “BUR-2008-1212-0830.MP3” ဖြင့် ထုတ်လွင့်ချက်မှ ၊ ထုတ်နှုတ်တင်ပြလိုက်ခြင်း ဖြစ်ပါသည် ။

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-